အငှားအိမ်ရာလခ နောက်ကျရင် ၊ ဒဏ်ကြေးအပြည့်မပေးရင် အိမ်ခန်းပြန်သိမ်းမည်

အငှားအိမ်ရာလခ နောက်ကျရင် ၊ ဒဏ်ကြေးအပြည့်မပေးရင် အိမ်ခန်းပြန်သိမ်းမည် - Property News in Myanmar from iMyanmarHouse.com
22 Feb 2016 11:25 am တွင် တင်ခဲ့သည်
1491 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီဖြစ်ကမ်းဘေးမှာ တည်ဆောက်ထားပြီး ကိုယ်ပိုင်အိမ်ရာမရှိသူတွေကို ငှားရမ်းမယ့် အငှားအိမ်ရာတွေရဲ့ အိမ်လခပေးသွင်းရက်ကျော်လွန်ခဲ့မယ်ဆိုရင် ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပြီး ကျသင့်ဒဏ်ကြေးအပြည့်အဝပေးဆောင်ခြင်းမရှိခဲ့ဘူးဆိုရင် အိပ်ခန်းကို ပြန်လည်သိမ်းယူမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

အိမ်လခပေးသွင်းရက်ကို လဆန်းတစ်ရက်နေ့ကို သတ်မှတ်ထားပြီး သတ်မှတ်နေရာကို လာရောက်ပေးဆောင်ရမှာဖြစ်တယ်။ ပေးသွင်းရမယ့်ရက် ပျက်ကွက်ခဲ့မယ်ဆိုရင် ဒဏ်ကြေးအဖြစ် တစ်ရက်ကျပ် ၂၀၀၀ ပေးဆောင်ရမှာ ဖြစ်တယ် ။ ပျက်ကွက်ရက်ပေါင်း သုံးလထက် ကျော်လွန်ပြီး ဒဏ်ကြေးအပြည့်အဝပေးဆောင်မူ့မရှိဘူးဆိုရင် ပြန်လည်သိမ်းယူမယ်လို့ ဆိုပါတယ်။

‘အခု တင်လာတဲ့စာရင်းတွေကို စစ်ဆေးနေတယ် ၊ အခုစာချုပ်လုပ်နေတယ်၊ စည်းကမ်းချက်တွေလုပ်နေတယ်၊ ဒါပြီးရင်ပြီးပါပြီ ၊ နောက်ပြီး အိမ်ထောင်စုဇယားကိုလဲ မန္တလေးခရိုင်အတွင်းကအိမ်ထောင်စုဇယားမှမဟုတ်ဘူး ၊ ဘယ်ကအိမ်ထောင်စုဇယားဖြစ်ဖြစ် အိမ်ထောင်စုဇယားဆိုးတာနဲ့အကျုံးဝင်ပါတယ်’လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ကောမတီဝင် (၇) ဦးခင်မောင်တင့်က ပြောပါတယ် ။

အငှားအိမ်ရာငှားရမ်းခွင့်အတွက် အခမဲ့လျှောက်လွှာပေါင်း ၁၃၀၀ ကျော်ဖြန့်ဝေထားခဲ့ပြီး လျှောက်လွှာပေါင်း ၁၈၈၉ စောင်ပြန်လည်လက်ခံရရှိခဲ့ပါတယ်။ အငှားအိမ်ရာကို တစ်လကိုကျပ် ၃၀,၀၀၀ နဲ့ ငှားရမ်းမှာဖြစ်ပြီး ငှားရမ်းနိုင်မယ့် အခန်းအရေအတွက်က ၁၅၈၄ခန်းဖြစ်တဲ့အတွက် စိစစ်နေပြီး မဲစနစ်နဲ့ ငှားရမ်းမှာဖြစ်ပါတယ်။

ငှားရမ်းမယ့်ကာလကို တစ်နှစ်သတ်မှတ်ထားပြီး ထပ်မံငှားရမ်းမယ်ဆိုရင် စာချုပ်သက်တမ်းမပြည့်မီ နှစ်လကြိုတင်ပြီး အငှားအိမ်ရာစခန်း တာဝန်ခံကို အကြောင်းကြားရမှာပါ။

ကော်မတီက အိမ်ဥပစာကို စစ်ဆေးဖို့ခွင့်တောင်းမယ်ဆိုရင် နံနက် ၆း၀၀ နာရီကနေ ညနေ ၆း၀၀ နာရီအတွင်း ဝင်ရောက်စစ်ဆေးခွင့်ပြုရမှာဖြစ်ပြီး အငှားအိမ်ရာအငှားချထားခြင်းစာချုပ်မှာ အချက်၁၇ ချက်ပါဝင်မှာဖြစ်ကာ အိမ်ရာငှားရမ်းသူတွေလိုက်နာဖို့ ၁၆ ချက်ပါဝင်မယ်လို့ သိရပါတယ်။

မန္တလေးမြို့အောင်မြေသာစံမြို့နယ် မြို့ပတ်ကမ်းနားလမ်းရှိ စည်ပင်သာယာပိုင်မြေကွက်မှာ အကောင်အထည်ဖော်နေတဲ့ အငှားအိမ်ရာကို ကျပ်သန်းပေါင်း ၁၁၃၃၄.၃၁၁ ကုန်ကျခံတည်ဆောက်နေတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်။

‘အငှားချထားတဲ့စာချုပ်ပါ စည်းကမ်းချက်တွေနဲ့ စည်ပင်ကထုတ်ပြန်ထားတာတွေကို ဖောက်ဖျက်ခဲ့ရင် အိမ်ခန်းဖယ်ရှားတဲ့အထိအရေးယူမယ်’လို့ ဦးခင်မောင်တင့်က ပြောပါတယ်။

Credit: The Mordern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service