ခေတ်သစ် ကန်ထရိုက်တိုက်ခန်းများနှင့် ပြီးပြည့်စုံတဲ့စာချုပ်တစ် စောင်ရေးသားခြင်း

ခေတ်သစ် ကန်ထရိုက်တိုက်ခန်းများနှင့် ပြီးပြည့်စုံတဲ့စာချုပ်တစ် စောင်ရေးသားခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
17 Feb 2016 11:01 am တွင် တင်ခဲ့သည်
5641 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ယနေ့မှာ ရန်ကုန်မြို့ဆင်ခြေဖုံးမြို့နယ်၊ ရပ်ကွက်အတော်တော်များ များမှာ ခေတ်စားလာသလို၊ ကူးစက်မြန်အရာတစ်ခုလိုဖြစ်လာတဲ့ နေအိမ်ကန်ထရိုက် တိုက်ခန်းပေးဆောက်လုပ်လာကြတာပါပဲ။ ခေတ်ရဲ့
စီးပွားရေးရေစီးကြောင်းကို ချုပ်ကိုင်ထားသူတွေ အကြား မှာ စီးပွားရေးလည်လည် ဝယ်ဝယ် လုပ်ကိုင်တတ်တဲ့သူတွေရဲ့လိမ် လည်လှည့်ပတ်သမျှကို အိမ်ထဲမှာပဲနေထိုင် ရှေးရိုးဆွဲနားမလည်တဲ့ လူတွေက ဒုက္ခသောကပူဝေစွာ ခံစားကြရတာကို မြင်တွေ့နေရပါ တယ်။

ဒါ့ကြောင့်မို့လို့ခိုင်မာသေချာတဲ့ တည်ဆောက်မှုမျိုး၊ မြေပေး ဆောက်လုပ်မှုမျိုးကို လုပ်တော့မယ်ဆိုရင် မိမိဘက်ကလည်းတိကျ သေချာတဲ့ အချက်အလက်နဲ့ စာချုပ်စာတမ်းလွှဲပိုင်ခွင့်တွေလည်းရှိ ဖို့ လိုအပ်ပါတယ်။ စာချုပ်ချုပ်ဆိုလို့သာချုပ်လိုက်ရတာပဲ။ စာချုပ် ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောမျိုးပဲ လုပ်လိုက်ကြတာများပါတယ်။

ကန်ထရိုက်တာတစ်ဦးနဲ့ မြေရှင်တို့စာချုပ်ချုပ် ဆိုကြတယ်ဆိုပါစို့။ စာချုပ်ထဲမှာ ဘယ်နှစ်၊ ဘယ်လ ၊ ဘယ်နှစ် ရက်နေ့ အပြီးဆောက် လုပ်မယ်ဆို တာ တိတိကျကျ မပါလာဘူး၊ နောက်ဆောက်လုပ်မယ့် တိုက်ခန်းအတွက် ဘာပစ္စည်းတွေထည့်သုံးမယ်ဆိုတာ မပါလာတာ တို့ကြောင့် ဆောက်လုပ်ချိန်နောက်ပိုင်းမှာ စိတ်ညစ်စရာတွေ အ များကြီးကြုံလာရတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုစာချုပ်မျိုးကို ပဲဖြစ်ဖြစ် စာချုပ်တစ်ခု ချုပ်တော့မယ်ဆိုရင် မပါမဖြစ် ထည့်သွင်းရ မယ့် အချက်အလက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပစ္စည်းနဲ့ ပတ်သက်ပြီး စာချုပ်ချုပ်ကြမယ်ဆိုရင် အောက်ပါအချက် တွေကို သတိပြုပြီး ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုဖို့ လိုပါတယ်။

ဘယ်သူတွေက စာချုပ်ချုပ်ကြတာလဲ။
ပစ္စည်းက ဘာပစ္စည်းလဲ၊ ဘယ်နေရာမှာရှိတာလဲ။
အဲ့ဒီပစ္စည်းကို ဘာလုပ်ဖို့ ချုပ်ဆိုကြတာလဲ။( ကမ်းလှမ်းချက်နဲ့ သဘောတူချုပ်)
ဒီလိုချုပ်ဆိုရာမှာ ဘယ်သူက ဘာတာဝန်တွေယူမှာလဲ။
စည်းကမ်းချက်တွေကော ထားမှာလား။
ထားမယ်ဆိုရင် စည်းကမ်းချက်တွေက ဘာတွေလဲ။
လုပ်ဆောင်ပေးမယ့် အရာတွေရဲ့ အသေးစိတ်အချက်အလက်တွေ ကဘာလဲ။
တန်ဖိုးငွေသတ်မှတ်ချက်ကော ပါသလား။ ပါတယ်ဆိုရင် တန်ဖိုးငွေ ကဘယ်လောက်လဲ။
တန်ဖိုးငွေကို ဘယ်လိုပေးဆောင်ရမလဲ။
တန်ဖိုးငွေပေးဆောင်တဲ့အတွက် တစ်ဖက်က ဘာလုပ်ပေးမှာလဲ။
အဲ့ဒီလုပ်ပေးမှုဟာ ရော့ပတ္တမြား ရော့နဂါး တစ်ပြိုင်တည်းလုပ် ဆောင်ပေးမှုလား၊ ဒါမှမဟုတ်ကန့်သတ်ချက်ထားမှာလား။
ကာလသတ်မှတ်ချက်ပါသလား။ ပါရင်အချိန်ကာလသတ်မှတ်ချက် ဘယ်လိုသတ်မှတ်မှာလဲ။
တစ်ဖက်နဲ့ တစ်ဖက်ဘယ်လိုလိုက်နာကြမှာလဲ။
ပျက်ကွက်ခဲ့ရင် ပျက်ကွက်သူရဲ့ တာဝန်ကဘာလဲ။
တစ်ဖက်ရဲ့ ပျက်ကွက်မှုကြောင့် နစ်နာသူရဲ့ အကျိုးခံစားခွင့်ကဘာ လဲ။
စာချုပ်ကို ဘယ်နေရာ၊ ဘယ်နေ့ရက်၊ ခုနှစ်သက္ကရာဇ်မှာပြုလုပ်ချုပ် ဆိုကြတာလဲ။
ဘယ်သူတွေရဲ့ရှေ့မှောက်မှာပြုလုပ်ချုပ်ဆိုလက်မှတ်ရေး
ထိုးကြတာလဲ။

အစသဖြင့် မေးခွန်းတွေ မေး၊ ရေးသားပြီးရင်တော့ မိမိစာချုပ်နဲ့ သက်ဆိုင်မယ့် အချက်အလက်တွေကို မေ့မကျန်ရစ်အောင် စေ့စေ့ စုံစုံရေးသားတတ်ဖို့ လိုအပ်ပါတယ်။

Ref: ဦးကျော်ဇေယျ ( စာချုပ်အမျိုးမျိုးချုပ်ဆိုနေကြသူများနှင့် သက် ဆိုင်သောပြညွှန်ချက်များ)

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service