ရှန်ဟိုင်းတွင် ၂၀၁၅ ခုနှစ်အတွင်း ပျမ်းမျှရောင်းဈေးသည် ၃၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၂၇၀ ရှိခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင်း အိမ်သစ်ရောင်းချရမှုကြမ်းခင်း ဧရိယာသည် ၁၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စတုရန်းမီတာ ၂၀ ဒသမ ၁ သန်းရှိခဲ့ သည်ဟု ရှန်ဟိုင်းစာရင်းအင်း ဗျူရိုက ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကြမ်းခင်းဧရိယာအရဆိုလျှင် အစိုးရ၏ တန်ဖိုးမျှတအိမ်ရာ များမပါဝင်ဘဲ ပုဂ္ဂလိကရောင်းချခဲ့သောအိမ်သစ်များသည် ၂၀၁၄ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်းကျော် စတုရန်း မီတာ ၁၀ ဒသမ ၇၅ သန်း ကျဆင်းခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်း အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံ ၀ယ်ယူမှုစုစုပေါင်းပမာဏသည် ၂၀၁၄ ခုနှစ်ကထက် ၈ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ
၅၃ ဒသမ ၈ ဘီလျံရှိခဲ့သည်။
ဆောက်လုပ်မှုမပြီးစီးခင်ကတည်းက ကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူမှုပမာဏသည်လည်း ယခုနှစ်ဇန်န၀ါရီလအတွင်း အရှိန်အဟုန်ဖြင့်မြင့်တက်ခဲ့သည်။
သို့ရာတွင် ယခုအခါတရုတ်နှစ်သစ် ကူးအားလပ်ရက် ကာလဖြစ်သည့်အတွက် ယခုဖေဖော်ဝါရီလအတွင်း ရှန်ဟိုင်းတွင် အိမ်ခြံမြေအရောင်းအ၀ယ်သည် အိမ်အလုံးရေ ၃၀,၀၀၀ မှ ၃၅,၀၀၀ အကြားသို့ လျော့နည်း ကျဆင်းမည်ဟု တရုတ်အိမ်ခြံမြေလုပ်ငန်းအသိုင်းအ၀ိုင်းက ခန့်မှန်းခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)