(၁) ဆလီနာဂိုမက်ဇ်
ကမ္ဘာကျော် သရုပ်ဆောင်၊ အဆိုတော်တစ်ဦးဖြစ်သူ ဆလီနာဂိုမက်ဇ်၏ ကယ်လီဖိုးနီးယားပြည်နယ်၊ ကာလာဘာဆာတွင်ရှိသောနေအိမ် အရောင်းဈေးကွက် သို့ရောက်လာကြောင်းအိမ်ခြံမြေရောင်းဝယ်ရေး ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Realtor.com တွင် ဖော်ပြသည်။
ဆလီနာဂိုမက်ဇ်သည် အဆိုပါနေအိမ်ကို ၂၀၁၄ ခုနှစ်အတွင်းကကန်ဒေါ်လာ ၃ ဒသမ ၇ သန်းဖြင့် ၀ယ်ယူထားခဲ့ခြင်း ဖြစ်သည်။
သုံးဧကကျယ်ဝန်းသော မြေကွက်ပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ရုပ်ရှင်ရုံ၊ အားကစားလေ့ကျင့် ခန်းမ၊ ရေကန်၊ ဧည့်ဂေဟာဆောင်နှင့် ဟင်းလင်းပြင်မီးဖိုဆောင်တို့ ပါဝင်သည်။
ခေါ်ဈေး- ကန်ဒေါ်လာ ၄ ဒသမ ၄၉၅ သန်း
(၂) ဂျူလီယာရောဘတ်
အော်စကာဆုရှင် ညှို့ အားပြင်းမင်းသမီးတစ်ဦးဖြစ်သူ ဂျူလီယာရောဘတ်ပိုင်ဆိုင်သော ဟာဝိုင်အီရှိနေအိမ် အရောင်းဈေးကွက်သို့ တက်လာကြောင်း နိုင်ငံတကာ အိမ်ခြံမြေရောင်းဝယ်ရေးဝက်ဘ်ဆိုက် Realtor.com တွင် ဖော်ပြသည်။
ဂျူလီယာရောဘတ်၏ နေအိမ်သည် ပင်လယ်ကို မျက်နှာမူဆောက်လုပ်ထားပြီးကမ်းစပ်မှ ၂၁၃ ပေသာ ကွာဝေးသည်။
ဟာနာလိုင်းပင်လယ်ကွေ့တွင်တည်ရှိပြီး နေအိမ်အနီးဝန်းကျင်တွင် အုန်းပင်များစွာ ၀န်းရံထားသည်။
နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၃၇၉၂ ပေ ကျယ်ဝန်းပြီး အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်ဖွဲ့စည်းထားသည်။
ခေါ်ဈေး-ကန်ဒေါ်လာ ၂၉ ဒသမ ၈၅ သန်း
(၃) တွမ်ခရုဇ်
တစ်ခါက နှုတ်ခမ်းနီမလေးများ၏ အသည်းစွဲဖြစ်ခဲ့သူကမ္ဘာကျော်သရုပ်ဆောင် တွမ်ခရုဇ်ပိုင်ဆိုင်သောနေအိမ်အရောင်းဈေးကွက်သို့ တက်လာကြောင်းအိမ်ခြံမြေရောင်းဝယ်ရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Redfinတွင် ဖော်ပြသည်။
တွမ်ခရုဇ်၏ နေအိမ်သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် တည်ရှိပြီး ဟောလိဝုဒ်ဝန်းအ၀င်ဝ အနီးတွင်တည်ရှိသည်။
ရှည်လျားသောယာဉ်မောင်းလမ်း၊ မြို့ ကိုစီးမိုးကြည့်ရှုစေနိုင်မည့် မှန်နံရံများ၊ အီတလီယာတောဟန် မီးဖိုဆောင်၊ ရေပူကန်၊ အိပ်ခန်းလေးခန်းနှင့် ရေချိုးခန်းလေးခန်းပါ ဧည့်ဂေဟာတို့ ပါဝင်ဖွဲ့စည်းထားသည်။
အကျယ်အ၀န်း-၂ ဒသမ ၇၅ ဧက
ပင်မနေအိမ်တွင်ပါဝင်သောအိပ်ခန်း- ၇ ခန်း
ခေါ်ဈေး-ကန်ဒေါ်လာ ၁၂ ဒသမ ၉၉၅ သန်း
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)