ရန်ကုန်မြို့၏မြေနေရာ ပြည့်ကျပ်သိပ်နေသဖြင့် ကျဉ်းမြောင်းသည့် လမ်းများနှင့် မြို့တွင်းဝန်းကျင်၌ ကွန်ဒိုဆောက်လုပ်ခွင့် ထပ်မံချထား မပေးသင့်တော့ဟုဆို

ရန်ကုန်မြို့၏မြေနေရာ ပြည့်ကျပ်သိပ်နေသဖြင့် ကျဉ်းမြောင်းသည့် လမ်းများနှင့် မြို့တွင်းဝန်းကျင်၌ ကွန်ဒိုဆောက်လုပ်ခွင့် ထပ်မံချထား မပေးသင့်တော့ဟုဆို - Property News in Myanmar from iMyanmarHouse.com
2 Feb 2016 9:38 am တွင် တင်ခဲ့သည်
1420 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၏ မြေနေရာအတော်များများတွင် ပြည့်ကျပ်သိပ်နေသဖြင့် ကျဉ်းမြောင်းသည့် လမ်းများနှင့် မြို့တွင်းဝန်းကျင်တွင် ကွန်ဒိုဆောက်လုပ်ခွင့်များ ထပ်မံချထား မပေးသင့်တော့ကြောင်း မြို့ပြဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားသည်။

"သိပ်ပြီးတော့ကျပ်နေတဲ့ ရန်ကုန်မြို့တွင်းလို နေရာတွေမှာ ကွန်ဒိုဆောက်တာတွေက ထပ်ပြီးတော့ မလုပ်သင့်ဘူးလေ။ သူနဂိုကတည်းက အခြေခံအဆောက်အအုံနဲ့ ယာဉ်ကြောလမ်းတွေ အမှိုက်သိမ်းမှုတွေ ရေပေးဝေရေးတွေ လျှပ်စစ်ပေးဖို့တွေ ဒါကလူဦးရေ ဘယ်လောက်မှာ ဘယ်လောက်ဆိုတာ ခံနိုင်အား ရှိတယ်လေ။ သူ့ခံနိုင်ဝန်နဲ့ သူရှိတယ်။ အဲဒီအထဲမှာ မဆန့်မပြဲတွေ ထပ်ဆောက်ရင် မဖြစ်ဘူး။ ၀န်ပိသွားမယ်။ အခုက ဆောက်နေကြတာပဲ" ဟု မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အငြိမ်းစားဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တွင် မြေနေရာရှိတိုင်း ကွန်ဒိုဆောက်လုပ်ခွင့် မပြုသင့်ကြောင်း၊ အထူးသဖြင့် ကျဉ်းမြောင်းသည့် လမ်းများတွင် ကွန်ဒိုများ မဆောက်လုပ်သင့်ကြောင်း သိရသည်။

"နောက်တစ်ခုက တချို့လမ်းကျဉ်းကျဉ်းလေးတွေ၊ ရပ်ကွက်တွေထဲမှာ ထွက်မရ ပြုမရနဲ့။ တချို့ဆို လမ်းဆုံတည့်တည့်ကြီးမှာ ဆောက်တာ၊ နာမည်နဲ့ပြောလို့ မကောင်းဘူး။ ထပ်ပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်မယ့် ဟာမျိုးတွေပေါ့။ နေရာတိုင်း မဆောက်ဖို့။ မြေအကျယ်ရှိတိုင်းလည်း မပေးသင့်ဘူး။ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များက ပြည့်ကြပ်သိပ်နေတာပဲ။ ဖြစ်နိုင်ရင် ရန်ကုန်မြို့မှာ ကွန်ဒိုဆောက်လုပ်ခွင့် ထပ်မပေးသင့်တော့ဘူး။ ရန်ကုန်မြို့တွင်း CBD ခေါ်တာပေါ့နော်။ Central Business District မှာ လုံးဝခွင့်ပြုဖို့ မကောင်းတော့ဘူး။ ကြပ်နေတယ်" ဟု ဦးမြင့်ဆွေက ပြောကြားသည်။

"ရန်ကုန်မြို့လယ် Down Town မှာ အင်္ဂလိပ်ခေတ်ကတည်းက လူဦးရေ ဘယ်လောက်နဲ့ လမ်းအကျဉ်း အကျယ်တွေကို မျှထားတာ။ အဲဒီတော့ လမ်းတွေလည်း ထပ်ချဲ့လို့မရဘူး။ အဲဒီလို အခြေအနေမှာ အထပ်မြင့်တွေ ထပ်ဆောက်ရင် လူဦးရေ သိပ်သည်းမှု အဆက အများကြီးမြင့်သွားမယ်။ မော်တော်ကားတွေ အများကြီး ၀င်လာမယ်၊ ပိုင်ရှင်တွေလည်း အများကြီး ၀င်လာမယ်ဆိုရင် မနိုင်တဲ့ဝန် ဖြစ်သွားမယ်" ဟု မြို့ပြဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ပြောကြားသည်။

ကွန်ဒိုဆောက်လုပ်နေမှုမှာ လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်သာ အများဆုံး ဆောက်လုပ်နေသော်လည်း မကြာမီကာလများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဆောက်လုပ်လာတော့မည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောက်လုပ်ရာတွင် နယ်မြေကန့်သတ်ကာ ဆောက်လုပ်မှုများ ပြုလုပ်သင့်ကြောင်း သိရသည်။

"ဆောက်ခွင့်ပေးပြီဆိုတဲ့ နေရာမှာလည်း နေရာတိုင်းတော့ ပေးလို့မရဘူး။ ဥပမာ-ဆိတ်ငြိမ် ရပ်ကွက်တွေထဲမှာ အခုလုပ်နေကြတယ်။ အဲဒါက တော်တော် ဖရိုဖရဲ နိုင်တယ်။ ဥပဒေ ပေါ်လာပြီကွဆိုပြီး ပိုပြီး ဖရိုဖရဲ ဖြစ်လာနိုင်တာကိုတော့ စောင့်ကြည့်ဖို့တော့ လိုပါတယ်" ဟု ဦးမြင့်ဆွေက သုံးသပ်ပြောကြားသည်။

Crdit : Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service