မြေကွက်ဝယ်ယူရင်းနှီးမြှုပ် နှံထားခြင်းက အမြတ်အစွန်းရဖို့ သေချာသည့် စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ထင်မြင်ယူဆသူ နည်းပါးလာ သည်ဟု မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက ပြော သည်။
စီမံကိန်းရှိသည့် နေရာ များတွင် အလုအယက်မြေ၀ယ်သူ များ ရှိနေသေးသကဲ့သို့ စီမံကိန်း အကြောင်းပြု၍ မြေဈေးမြင့်တက် ခြင်းမျိုး ရှိနေသေးသော်လည်း လွန်ခဲ့သည့်နှစ်မှစတင်ကာ အိမ် ခြံမြေဈေးကွက်အတွင်း စီးပွား ရေးလုပ်ငန်းရှင်များ ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု လျော့နည်းသွား သည်ဟု အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
၁၉၉၀ ပြည့်လွန်နှစ်များက စတင်ကာ ၂၀၁၁ ခန့်အထိ မြန်မာနိုင်ငံတွင် အိမ်ခြံမြေများ ၀ယ်ယူရင်းနှီးမြှုပ်နှံခြင်းက အခြားလုပ် ငန်းများ လုပ်ကိုင်ခြင်းထက် အမြတ်အစွန်းရဖို့ ပိုမိုသေချာသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့သည်။ သမ္မတဦးသိန်းစိန် ဦးဆောင်သော အသွင်ပြောင်း အစိုးရ စတင်တာဝန်ယူခဲ့သည့် ၂၀၁၁ နှင့် ၂၀၁၂ များတွင် မန္တလေး အိမ်ခြံမြေဈေးကွက် အကြီးအကျယ် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ဈေးဆက်တိုက်မြင့်တက်ခဲ့သည်။
သို့သော် ၂၀၁၂ နောက်ပိုင်းမှ စတင်ကာ မန္တလေးအိမ်ခြံမြေ အရောင်းအ၀ယ်ဈေးကွက် ပြန်လည်ကျဆင်းသွားပြီး လက်ရှိအချိန်တွင်မူ မြေကွက်ဝယ်ယူလိုသူထက် ရောင်းလိုသူက ပိုများ နေသည်ဟု မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက ပြော သည်။
ထို့အပြင် တစ်နှစ်ထက် တစ်နှစ် တရိပ်ရိပ်မြင့်တက်နေ ခဲ့သော မန္တလေးအိမ်ခြံမြေဈေး မှာ ယခုနှစ်ပိုင်းအတွင်း ဈေးတန့် နေပြီး အကျဘက်သို့ ဦးတည်နေ သကဲ့သို့ မြေကွက်ဝယ်ယူထား သူအချို့ကလည်း ဈေးလျှော့ကာ ပြန်ထုတ် ရောင်းနေကြသည်ဟု မြို့ခံအိမ်ခြံမြေ အကျိုးဆောင် များကဆိုသည်။
‘‘မြို့တွင်းပိုင်း၊ မြို့သစ်ပိုင်း၊ စက်မှုဇုန်ဘက်တွေအားလုံးမှာ မြေ ဈေးကွက်က အရောင်းအ၀ယ်ငြိမ် နေတယ်။ ထုတ်ရောင်းချင်တဲ့သူ များပြီး ၀ယ်သူမရှိဘူး ဖြစ်နေ တယ်။ ငွေပေါ်ချင်တဲ့သူက ဈေး လျှော့ရောင်းတော့ မြေဈေးလည်း နည်းနည်းလျော့လာတယ်’’ ဟု ဖိုး လမင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ကိုဝဏ္ဏစိုးက ပြော သည်။
လုပ်ငန်းလုပ်ကိုင်ရန် အမှန် တကယ်လိုအပ်သူများကသာ မြေ ကွက်ဝယ်ယူမှုရှိပြီး မန္တလေးအိမ် ခြံမြေဈေးကွက် အရောင်းအ၀ယ် အေးနေသည်ဟု၎င်းကဆိုသည်။
အိမ်ခြံမြေဈေးကွက်သည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အ ခြေအနေများနှင့် တိုက်ရိုက်သက် ဆိုင်သလို နိုင်ငံတကာ ဆက်ဆံ ရေး၊ အထူးအားဖြင့် တရုတ်နိုင်ငံ နှင့် ဆက်ဆံရေးအခြေအနေပေါ် တွင်လည်း များစွာမူတည်နေ သည်ဟု မန္တလေးမြို့ ထွန်းသစ္စာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ၀ါရင့်အိမ်ခြံမြေအကျိုးဆောင် ဦးတင်မောင်ကပြောသည်။
ရွေးကောက်ပွဲတွင် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနိုင်ရခဲ့မှုကြောင့် အိမ်ခြံ မြေဈေးကွက် တစ်ကျော့ပြန်လည် ကောင်းမွန်လာနိုင်သည်ဟု မျှော် လင့်သူများလည်းရှိကြောင်း ဦး တင်မောင်ကပြောသည်။
လာမည့် အစိုးရသစ်လက် ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ တိုးမြင့်ဝင်ရောက်လာပြီး မြေဈေးမြင့်တက်လာနိုင်သည်ဟု မျှော်လင့်သူများရှိနေပြီး နိုင်ငံရေး အရ တည်ငြိမ်မှုရှိလျှင် ၂၀၁၆ တွင် အိမ်ခြံမြေအရောင်းအ၀ယ် ပိုကောင်းလာနိုင်သည်ဟု ဦးတင် မောင်က ခန့်မှန်းသည်။
၂၀၁၁ စစ်အာဏာရှင်စနစ် မှ အရပ်သားအစိုးရအဖြစ် အ သွင်ပြောင်းစဉ်က မန္တလေးအိမ်ခြံ မြေဈေးကွက်အတွင်းသို့ တရုတ် စီးပွားရေးသမားများ ၀င်ရောက် လုပ်ကိုင်မှုများရှိခဲ့သည်။ ပြည် တွင်း အခြေစိုက်သူများ အပါအ ၀င် တရုတ်စီးပွားရေးသမားအ ချို့က တရုတ်နိုင်ငံမှ ငွေချေးကာ မန္တလေးအိမ်ခြံမြေဈေးကွက်တွင်း ၀င်ရောက်ရင်းနှီးမြှုပ်နှံခြင်း၊ မြေ ဈေးကစားခြင်းများ ပြုလုပ်ခဲ့ကြ ပြီး မန္တလေးမြို့၏ အိမ်ခြံမြေဈေး ကွက်မှာလည်း အရောင်းအ၀ယ် သွက်ကာ ဈေးနှုန်းများဆက်တိုက် မြင့်တက်ခဲ့ဖူးသည်။
သို့သော် တ ရုတ်နိုင်ငံတွင် သမ္မတစီကျင်းပင် အာဏာရလာပြီးနောက် လာဘ် ပေးလာဘ်ယူမှု တိုက်ဖျက်ရေး များ လုပ်ဆောင်ချိန်တွင်မူတရုတ် ငွေကြေးများ မြန်မာနိုင်ငံအိမ်ခြံ မြေဈေးကွက်အတွင်းမှ ပြန်ထွက် သွားသဖြင့် မန္တလေးအိမ်ခြံမြေ ဈေးကွက် အရောင်းအ၀ယ်ရပ် တန့်ခဲ့ရသည်ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင်များကပြောသည်။
၂၀၁၂ လယ်ယာမြေဥပဒေ များ ပေါ်ထွက်လာပြီးနောက်ပိုင်း တွင်မူ စီးပွားရေးလုပ်ငန်းရှင်အ များစုက မြို့ပေါ်ရှိ အိမ်ခြံမြေများ ထက် တစ်ဧက ကျပ်သိန်းရာဂ ဏန်းမျှသာ အမြင့်ဈေးရှိသည့် လယ်ယာမြေများကို ကြိုတင်ဝယ် ယူစုဆောင်းမှုများ ပိုမိုပြုလုပ်လာ ကြသည်။ လက်ရှိအချိန်တွင်မူ မန္တလေးမြို့အနီးဝန်းကျင်ရှိ လယ် ယာမြေအများစုကို ဒေသခံ တောင်သူလယ်သမားများ ပိုင် ဆိုင်ခြင်းမရှိတော့ဘဲ စီးပွားရေး လုပ်ငန်းရှင်များက ၀ယ်ယူပိုင် ဆိုင်ထားကြသည်ဟု မန္တလေးမြို့ ခံ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
လတ်တလော မန္တလေးအိမ် ခြံမြေဈေးကွက်တွင် ဟိုတယ်၊ ဆေးရုံ စသည့် အဆောက်အအုံ ကြီးများ ဆောက်လုပ်နိုင်မည့် မြေ ကွက်ကျယ်များနှင့် လယ်ယာမြေ များ၊ စီမံကိန်းများရှိသည့် နေရာ များမှ မြေယာများလောက်သာ အရောင်းအ၀ယ်ဖြစ်နေပြီး ၀ယ် ယူသူအများစုမှာလည်း အမှန် တကယ်လုပ်ငန်းလုပ်ကိုင်မည့်သူ များနှင့် မြေစုသူများ၊ တရုတ် စီး ပွားရေးသမားများသာ ဖြစ်ကြ သည်ဟု မန္တလေးမြို့ ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ဦးနေလင်းအောင်ကပြောကြား သည်။
အိမ်ခြံမြေဈေးကွက် အကျ ဘက်သို့ ဦးတည်နေသည်ဟု ဆို သော်လည်း မြေဈေးဆိုးဆိုးရွား ရွား ကျဆင်းခြင်းမျိုး မဖြစ်နိုင် သေးဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအစိုးရသစ်က မြေယာမူဝါဒ အပေါ် မည်ကဲ့သို့ကိုင်တွယ်မည် ဆိုသည့်အပေါ်တွင်လည်း တည်မီနေသည်ဟု အိမ်ခြံမြေအကျိုး ဆောင်များကပြောသည်။
ယင်းအပြင် လာမည့်ဘဏ္ဍာ နှစ်မှစတင်ကာ အိမ်ခြံမြေ အ ရောင်းအ၀ယ်လုပ်ငန်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ် နေသည်ဟူသော သတင်းများ လည်း ယခုရက်ပိုင်းများအတွင်း ဆက်တိုက်ထွက်ပေါ်နေသည်။
ဝင်ငွေရလမ်း မဖော်ပြနိုင် သည့် ငွေများ (ငွေမည်း) ဖြင့် အိမ်ခြံမြေ၀ယ်ယူလျှင် လက်ရှိ နှုန်းထက် အခွန်တိုးမြှင့်ကောက်ခံ ရန် ဒီချုပ်ပါတီ၏ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်တစ်ဦးက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြည်သူ့လွှတ်တော်သို့တင်ပြဆွေး နွေးခဲ့သည်။ ယင်းဆွေးနွေးချက် ကို ဘဏ္ဍာရေးဝန်ကြီးဌာနက လည်း သဘောတူလက်ခံခဲ့သော ကြောင့် လာမည့်ဧပြီတွင် စတင် မည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ အိမ်ခြံမြေအရောင်း အ၀ယ် လုပ်ငန်းများအတွက် အ ခွန်တိုးမြှင့်ကောက်ခံဖွယ် ရှိနေ သည်။
အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိကောက်ခံနေသော နှုန်း ထားများမှာ ၂၀၁၅ ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေအရ ၀င်ငွေရလမ်း မဖော်ပြနိုင်သော ငွေ(ငွေမည်း)ဖြင့် အိမ်ခြံမြေ၀ယ် ယူပါက ကျပ်သိန်းသုံးရာအောက် တန်ဖိုးရှိ အိမ်ခြံမြေ၀ယ်ယူလျှင် ၀င်ငွေခွန် ၃ ရာခိုင်နှုန်း၊ ကျပ် သိန်းသုံးရာနှင့် ငါးရာကြားဝယ်ယူ လျှင် ၀င်ငွေခွန် ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းငါးရာမှ တစ်ထောင်အ ကြား ၀ယ်ယူလျှင် ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင် မှ တစ်ထောင့်ငါးရာကြား ၀ယ်ယူ လျှင် ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးထောင်အထက် ၀ယ်ယူလျှင် ၀င်ငွေခွန် ၃၀ ရာခိုင် နှုန်းအခွန်ပေးဆောင်ရန် သတ် မှတ်ပြဋ္ဌာန်းထားသည်။
မန္တလေးမြို့ခံ အိမ်ခြံမြေအ ကျိုးဆောင်အများစုက အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ငန်းများအ ပေါ် အခွန်တိုးကောက်မည့်အစီ အစဉ်နှင့်ပတ်သက်၍ သဘောတူ လက်ခံကြခြင်းမရှိဟု ဆိုသည်။ အိမ်ခြံမြေဈေးကွက်အတွင်း ငွေ မည်းများ ၀င်ရောက်လာနေမှုကို တားဆီးသင့်သော်လည်း အိမ်ခြံ မြေ အရောင်းအ၀ယ်လုပ်ငန်းများ အပေါ် အခွန်တိုးကောက်မှုကြောင့် အမှန်တကယ်နေထိုင်ရန် မြေ ၀ယ်ယူသည့် ပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုး ဖြစ်လာစေနိုင်သည် ဟု သုံးသပ်ကြသည်။ ထို့အပြင် အခွန်တိုးကောက်မှုကြောင့် အိမ် ခြံမြေအရောင်းအ၀ယ် လုပ်ကိုင် သူများက အခွန်မဆောင်ဘဲ အ ခွန်ရှောင်မှု များပြားလာနိုင်သည့် အတွက် နိုင်ငံအနေဖြင့်လည်း အခွန်ရရှိမှု သိသာစွာလျော့နည်း သွားနိုင်သည်ဟုလည်း သုံးသပ် ကြသည်။
မကြာမီက စတင်ဖွင့်လှစ် လိုက်သည့် စတော့ရှယ်ယာဈေး ကွက်ပေါ်ထွက်လာခြင်းနှင့်စီးပွား ရေးလုပ်ကိုင်ရန် အခြားအခွင့်အ လမ်းများ ပေါ်ထွက်လာခြင်းတို့ ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ သည် အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု လျော့နည်းလာနိုင် သည်ဟု စီးပွားရေးမဟာဘွဲ့ရ မန္တလေးမြို့ခံ စီးပွားရေးအကြံပေး ဦးအောင်စည်သူမြင့်က ခန့်မှန်း သည်။
စီးပွားရေးလုပ်ငန်းရှင်များ သည် အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံ ခြင်းထက် ဟိုတယ်လုပ်ငန်း၊ ခရီး သွားလုပ်ငန်းနှင့် စက်မှုကုန်ထုတ် လုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံ လုပ်ကိုင်လာဖွယ်ရှိသည်ဟု ဦး အောင်စည်သူမြင့်က သုံးသပ် သည်။ ထိုသို့ ကုန်ထုတ်လုပ်ငန်း နှင့် ၀န်ဆောင်မှုလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံလာစေရန်အစိုးရ အနေဖြင့်လည်း မူဝါဒများချမှတ် လုပ်ဆောင်သင့်သည်ဟု ၎င်းက အကြံပြုသည်။
မြေယာပိုင်ဆိုင်ခွင့်ရရေးအ တွက် သာမန်လူများ အိပ်မက်ပင်မမက်ဝံ့လောက်အောင်အမြင့်ဆုံး ဈေးဖြစ်နေ
သည့် အိမ်ခြံမြေဈေး ပြန်လည်ကျဆင်းရေးမှာမူ အစိုးရ ၏ မူဝါဒအပေါ်တွင် အဓိကတည် မီနေသည်။ လာဘ်ပေးလာဘ်ယူ မှုများ၊ မူးယစ်ဆေးဝါးနှင့်အခြား တရားမ၀င် စီးပွားရေးလုပ်ငန်း များမှ ရရှိလာမည့် ငွေမည်းများ အိမ်ခြံမြေဈေးကွက်အတွင်းသို့ ၀င်ရောက်နေမှု လျော့ကျအောင် အစိုးရက လုပ်ဆောင်ရမည်ဖြစ် ပြီး မြေဈေးကစားခြင်းကို အား မပေးဘဲ ကုန်ထုတ်လုပ်ငန်းတွင် ပိုမိုရင်းနှီးမြှုပ်နှံစေမည့် အား ကောင်းသည့် မူဝါဒများချမှတ်နိုင် မည်ဆိုလျှင် အိမ်ခြံမြေဈေးများ အထိုက်အလျောက် ကျဆင်းနိုင် သည်ဟု မန္တလေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်များကပြောသည်။
မန္တလေးမြို့ခံအများစုက တော့ တစ်ချိန်က ရွှေထီးဆောင်းခဲ့ ပြီး အကျိုးအမြတ် များခဲ့သော် လည်း လက်ရှိအချိန်တွင် အိမ်ခြံ မြေတွင် ရင်းနှီးမြှုပ်နှံခြင်းက အ ကောင်းဆုံးရင်းနှီးမြှုပ်နှံမှု ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ ပြန်လည် သုံးသပ်နေကြပြီဖြစ်သည်။
‘‘မြေဈေးတက်ဖို့ကတော့ တော်တော်ခက်သွားပြီ ထင်တယ်။ နိုင်ငံတော်ကလည်းဘက် စုံကနေ ထိန်းနေပြီဆိုတော့လေ’’ ဟု အိမ်ခြံမြေအကျိုးဆောင် ကို ၀ဏ္ဏစိုးက သူ့အမြင်ကိုပြောသည်။
Credit : 7Daydaily