ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းအား မြန်မာနှင့် ကိုရီးယား ပူးပေါင်း၍ သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည်

ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းအား မြန်မာနှင့် ကိုရီးယား ပူးပေါင်း၍ သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
12 Jan 2016 10:25 am တွင် တင်ခဲ့သည်
1150 ကြိမ် ကြည့်ရှု့ပြီး
ပဲခူးမြို့တွင် ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းမှာ မဖြစ်မနေ အကောင်အထည်ဖော်မည် ဖြစ်သဖြင့် ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့အကြား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ကိုရီးယား (KOICA) တို့ ပူးပေါင်းပြီး သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့တွင် တိုးပွားလာမည့် လူဦးရေအတွက် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသကဲ့သို့ ပဲခူးမြို့တွင်လည်း ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန် စီစဉ်လျက် ရှိနေသည်။ ယင်းသို့သော အခြေအနေတွင် စီးပွားရေးမြို့တော် ရန်ကုန်မြို့နှင့် အလားအလာကောင်းများ ရှိနေသည့် ပဲခူးအကြား ဖွံ့ဖြိုးရေး အလားအလာများနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ စနစ်တကျ ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုမှ စမှာပါ။ ရန်ကုန် အနောက်တောင်ပိုင်းခရိုင် ဖွံ့ဖြိုးရေးရယ်၊ ဒလတံတား ဆောက်မယ်လေ။ Regional Development Master Plan ဆွဲမယ်။ ရန်ကုန်-ပဲခူး Corridor ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးနဲ့ KOICA နဲ့ ပေါင်းပြီး သုံးနှစ်စီမံကိန်းနဲ့ လုပ်နေပါတယ်” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အခုက International Airport က လုပ်ကိုလုပ်မယ်လေ။ ဆိုတော့ အဲဒါ လုပ်ပြီဆိုရင် အဲဒီ Airport နဲ့ ရန်ကုန်ကြားထဲမှာ မင်္ဂလာဒုံလေဆိပ်တို့၊ သီလ၀ါဆိပ်ကမ်းတို့ကို Connection ကောင်းအောင်၊ Infrastructure ကောင်းအောင် Road Infrastructure က လိုက်ကို လိုက်ရမှာလေ။ အဲဒီဘက်မှာ ဒီလိုမျိုး Infrastructure တွေ လုပ်ပြီဆိုရင် မြို့ပြဖွံ့ဖြိုးရေးက တောက်လျှောက်လိုက်တာလေ။ အခုပဲ အမှတ် (၃)လမ်းမကြီးဘေးမှာ ဆိုရင် လမ်းကောင်းလာတဲ့အခါ အဲဒီဘေးမှာ တောက်လျှောက်ပြောင်းသွားတာပေါ့။ တစ်နှစ် နှစ်နှစ်အတွင်း အလိုလို ပြောင်းလာတာ။ အဲဒီ သဘောမျိုးပဲ သူ့အလိုလို ဈေးကွက် လိုအပ်ချက်အရ ပြောင်းလာတာ။ လူတွေကို အဲဒါကို လိုက်ဝယ်တာနဲ့ တကယ်တော့ Proper Planning တော့ မဟုတ်ဘူးပေါ့။ အဲဒါတွေ အတွက်တော့ ကြိုပြီး ပြင်သင့်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ စီမံကိန်းကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းအထိ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service