ရန်ကုန်မြို့တွင် အိမ်ရာဖော်ထုတ်ရန် အစိုးရပိုင်မြေ နည်းပါးသော်လည်း ပုဂ္ဂလိကလက်သို့ ရောက်ရှိကာ အသုံးမချရသေးသည့် မြေကွက်အများအပြား ရှိနေ

ရန်ကုန်မြို့တွင် အိမ်ရာဖော်ထုတ်ရန် အစိုးရပိုင်မြေ နည်းပါးသော်လည်း ပုဂ္ဂလိကလက်သို့ ရောက်ရှိကာ အသုံးမချရသေးသည့် မြေကွက်အများအပြား ရှိနေ - Property News in Myanmar from iMyanmarHouse.com
11 Jan 2016 11:39 am တွင် တင်ခဲ့သည်
998 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၏ အိမ်ရာလိုအပ်ချက်အတွက် အိမ်ရာများ ဖော်ထုတ်ရန် အစိုးရပိုင်မြေ နည်းပါးနေသော်လည်း မြို့နယ်အချို့တွင်မူ အကြောင်းအမျိုးမျိုးကြောင့် အဆင့်ဆင့် ၀ယ်ယူထားရာမှာ ပုဂ္ဂလိကလက်သို့ ရောက်ရှိနေကာ အသုံးမချရသေးသည့် မြေကွက်များ အများအပြားရှိနေကြောင်း ဇန်န၀ါရီ ၈ ရက်က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် ကျင်းပသည့် (၁၀)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီညီလာခံ၊ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားမှ သိရသည်။

ရန်ကုန်မြို့တွင် မြင့်တက်နေသည့် အိမ်ရာလိုအပ်ချက်အတွက် အဆိုပါပုဂ္ဂလိကပိုင်မြေများပေါ်တွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်းကာ အိမ်ရာများဖော်ဆောင်ပေးသင့်ကြောင်းနှင့် ယင်းအတွက်လည်း လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို အစိုးရဘက်မှ လုပ်ဆောင်ပေးသင့်ကြောင်း အိမ်ခြံမြေရေးရာ ကျွမ်းကျင်သူများက ဆိုသည်။

“ရန်ကုန်မြို့မှာ အစိုးရပိုင်မြေနဲ့ ပုဂ္ဂလိကပိုင်မြေဆိုရင် ပုဂ္ဂလိကပိုင်မြေတွေက ပိုများတာပေါ့။ ဒါပေမဲ့ ဒါကပုဂ္ဂလိကရဲ့ Right ပဲလေ။ ဒါကိုသွားပြီးတော့ ဘာလုပ်ရမယ် ညာလုပ်ရမယ်ဆိုတာမျိုး၊ ပုဂ္ဂလိကကို Right ပေးထားပြီးရင် အဲဒီလို လိုက်လုပ်ဖို့တော့ ခက်တယ်။ သို့သော်လည်း ဒီဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကဟာ ဒီမြေကို အရင်းထည့်၊ အစိုးရဟာ ဒီစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ပေးမယ်။ ပုဂ္ဂလိက ကဏ္ဍကလည်း Invest လုပ်ရမယ်။ ဒီနယ်မြေတစ်ခုကို သတ်မှတ်လိုက်မယ်။ ဥပမာအားဖြင့် လူတွေတော့ ၄၀ × ၆၀ အကွက်တွေ ချထားတယ်။ ဘာမှလည်း ဖြစ်မလာဘူးဆိုတဲ့ နှစ်ပေါင်းကြာနေတဲ့ဟာမျိုးကိုတော့ ဖြစ်မြောက်အောင် အစိုးရက Guide လုပ်ပေးလို့ရတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောကြားသည်။

ရန်ကုန်မြို့၌ မြို့သစ်မြို့နယ်အချို့တွင် လူနေထူထပ်လာသော်လည်း တောင်ဒဂုံ၊ ဒဂုံအရှေ့ စသည့်မြို့နယ်များတွင် လူနေကျဲပါးနေကာ မြေကွက်လွတ်များစွာ ရှိနေကြောင်း သိရသည်။

“ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာတို့ လှိုင်သာယာတို့ စသဖြင့်ပေါ့။ လှိုင်သာယာ ဆိုတာတောင် လူတော်တော်နေနေပြီ။ ဒဂုံတောင်တို့၊ ဒဂုံအရှေ့တို့ဆို လူသိပ်မနေသေးဘူး။ ကျဲတယ်။ အကွက်တွေကတော့ Individual ပိုင်နေတယ်။ အဆင့်ဆင့် ၀ယ်ထားတာပဲ ဖြစ်ဖြစ်ပေါ့။ သို့သော် အဲဒါတွေကို နယ်မြေသတ်မှတ်လိုက်ရမယ်ပေါ့”ဟု ၎င်းက ဆိုသည်။

အိမ်ရာများ ဖော်ဆောင်ရာတွင်လည်း ရေ၊ မီး စသည့် အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်မှုများရှိနေသေးကြောင်း၊ အခြေခံအဆောက်အအုံ လိုအပ်ချက်အတွက်လည်း အစိုးရဘက်မှ ဖြည့်ဆည်းပေးရန် လိုအပ်ကာရေရှည်အတွက် မဟာဗျူဟာစီမံကိန်းများ ချမှတ်ဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

“အိမ်ရာတွေဖော်ဖို့အတွက် Individual တစ်ကွက်စီမှာဆိုရင် အဲဒီတစ်ကွက်စီမှာ တစ်အိမ်စီ ဆောက်တယ်ဆိုလည်း Infrastructure က မလိုက်နိုင်ဘူးလေ။ မီးမရှိဘူး။ ရေမရောက်သေးဘူး။ ၂၀၁၈ ကျမှ ရေရောက်မယ်။ အဲဒီတော့ ရေမရှိသေးလို့ လူမနေနိုင်သေးဘူး။ မီးမရှိသေးလို့ လူမနေနိုင်သေးဘူး ဆိုတာတွေကလည်း အများကြီးပဲလေ။
အဲဒါကြောင့်မို့လို့ ကျွန်မတို့က ဒီတစ်နေရာကို ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုရင် သေချာလုပ်။ ခုနကပြောတဲ့ အခြေခံအဆောက်အအုံတွေလည်း သေချာလိုက်။ Master Plan နဲ့ သွားရမယ်။ ဒါတွေကို အစိုးရ တစ်ခုတည်းချည်း ထလုပ်လို့မရဘူး။ အစိုးရနဲ့ ပုဂ္ဂလိကပေါင်း လုပ်ရမယ်။ အစိုးရဟာ သူ့လည်းလိုက်ပြီး Invest မလုပ်နိုင်ဘူး။ သူက Sector တွေ အများကြီးပဲ။ Housing တစ်ခုတည်း ဦးစားပေးမဟုတ်ဘူး။ မီးရဖို့လုပ်ရမယ်။ စက်မှုဇုန်လုပ်ရမယ်စသဖြင့် အစိုးရမှာ လုပ်စရာတွေက အများကြီးပဲ။ နယ်မြေဒေသတွေကလည်း အများကြီးပဲ။ ဒါကြောင့် Housing Sector ရဲ့ Investment ကိုတော့ ခေါ်ရတာပဲ။ ဒါပေမဲ့ နည်းမှန်လမ်းမှန်အတိုင်းဖြစ်ဖို့တော့ Plan အတိုင်း လုပ်ရမယ်”ဟု ရန်ကုန်မြို့၏ အိမ်ခြံမြေရေးရာကဏ္ဍ စောင့်ကြည့်လေ့လာနေသူတစ်ဦးက ဆိုသည်။

Credit: Eleven News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service