သီလ၀ါအထူးစီးပွားရေးဇုန် အစုရှယ်ယာဈေးတစ်စု ကျပ် ၆၂,၀၀၀ ဈေးပေါက်

သီလ၀ါအထူးစီးပွားရေးဇုန် အစုရှယ်ယာဈေးတစ်စု ကျပ် ၆၂,၀၀၀ ဈေးပေါက် - Property News in Myanmar from iMyanmarHouse.com
4 Jan 2016 11:24 am တွင် တင်ခဲ့သည်
1016 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်နိုင်ငံနှင့် အကျိုးတူ ပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်နေသော သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ရင်းနှီးမြှုပ်နှံလိုသူများသဖြင့် အစု ရှယ်ယာများ ရောင်းချပြီး တစ်နှစ် နှင့် ကိုးလကြာမြင့်ချိန်တွင် အစု ရှယ်ယာတန်ဖိုး ခြောက်ဆကျော် မြင့်တက်လာကြောင်း သတင်း ရရှိသည်။

သီလ၀ါအထူးစီးပွားရေးဇုန် အစုရှယ်ယာများကို အများပြည် သူသို့ တစ်စုလျှင် ကျပ်တစ် သောင်းဖြင့် ၂၀၁၄ မတ်လ ၃ ရက်မှ ဧပြီ ၉ ရက်အထိ ၃၇ ရက်ကြာ ရောင်းချခဲ့သည်။ ထို့နောက်တစ် နှစ်နှင့် ကိုးလကြာမြင့်ချိန်တွင် အစုရှယ်ယာတန်ဖိုးသည် တစ်စုလျှင် ကျပ် ၆၂,၀၀၀ ထိ မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိ အစုရှယ်ယာများ ကို ပြင်ပတွင် ၀ယ်ယူခြင်းသည် စွန့်စားမှုတစ်ခုဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်များက ပြော သည်။

စတော့အိတ်ချိန်းတွင် တရားဝင် ရောင်းဝယ်ခွင့်ပြုပါက အီလက်ထရွန်နစ်စနစ်ကို ပြောင်းလဲရမည် ဖြစ်သည်။ လက်ရှိ အစုရှယ်ယာ လက်မှတ်များကို မူလအမည်ပေါက်သူများသာစတော့အိတ်ချိန်းတွင် တရားဝင်မည်ဖြစ်သောကြောင့် လက်လွှဲဝယ်ယူ ထားသူများအနေဖြင့် အမည်ပြောင်းလဲမှုများ စနစ်တကျ ပြုလုပ်ထားသင့်ကြောင်း မြန်မာသီလ၀ါအထူးစီးပွားရေးဇုန် ဟိုးဒင်းအများပိုင်ကုမ္ပဏီလီမိတက်(MTSH)မှ ဒါရိုက်တာတစ်ဦးက ပြောသည်။

‘‘အခု ရှယ်ယာလွှဲပြောင်း ရောင်းချမှုတွေက တရားမ၀င် သေးဘူး။ စတော့အိတ်ချိန်းမှာ ရောင်းဝယ်မှ တရားဝင်လာမှာပါ’’ ဟု ၎င်းကပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန် အစုရှယ်ယာများကို စတော့အိတ် ချိန်းမဖွင့်မီက မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း (UMFCCI) တွင် အရောင်းအ၀ယ်ပြုလုပ်ခွင့် ပေးခဲ့သည်။ သို့သော် ရန်ကုန် စတော့အိတ်ချိန်း ဖွင့်လှစ်ပြီး နောက် UMFCCI တွင် ရှယ်ယာရောင်းဝယ်မှု ပိတ်သိမ်းခဲ့သည်။

ရန်ကုန် စတော့အိတ်ချိန်း ကို ၂၀၁၅ ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်း နှင့် ကုန်သည်လမ်းပေါ်ရှိ ယခင် မြ၀တီဘဏ်ရုံးအဟောင်း၌ ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီ ခြောက်ခုရှိသည်။ မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေး ရှင်း (MAPCO)၊ FMI အများပိုင်ကုမ္ပဏီ၊ GREAT HOR KHAN အများပိုင်ကုမ္ပဏီ၊ ပထမ ပုဂ္ဂလိကအများပိုင်ကုမ္ပဏီ၊ မြန်မာနိုင်ငံ သားများဘဏ် အများပိုင်ကုမ္ပဏီနှင့်သီလ၀ါအများပိုင်ကုမ္ပဏီတို့
ဖြစ်ကြသည်။

စတော့အိတ်ချိန်းတွင် အစု ရှယ်ယာများ ရောင်းဝယ်မှုကို ၂၀၁၆ နှစ်ဆန်းပိုင်း၌ ပြုလုပ်နိုင်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး
ဒေါက်တာမောင် မောင်သိမ်းက ပြောကြားထား သည်။

စတော့အိတ်ချိန်းတည် ထောင်ပြီးနောက် တရားမ၀င်ရှယ် ယာရောင်းဝယ်မှုများ ပြင်ပတွင် လုပ်ကိုင်ပါက ထောင်ဒဏ်ငါးနှစ် ချမှတ် အရေးယူနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာမောင်မောင် သိမ်းက ပြောသည်။

‘‘အရောင်းအ၀ယ်လုပ်တာ နဲ့ ထောင်ငါးနှစ်ချတယ်ဆိုတော့များတယ်လို့ ပြောတယ်။ ဒါပေမဲ့ အများပြည်သူတွေရဲ့ ငွေကြေး လုံခြုံရေးကြောင့် ဒီလိုဥပဒေမှာ ထည့်သွင်းရေးဆွဲထားတာ’’ ဟု ၎င်းကပြောသည်။ ငွေချေးသက် သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေတွင် စ တော့အိတ်ချိန်း၌ မှတ်ပုံမတင်ထားဘဲ ပြင်ပတွင် ငွေချေးသက် သေခံလက်မှတ်ကိုအရောင်းအ၀ယ် ပြုလုပ်ပါက ထောင်ဒဏ်ငါး နှစ်ဖြစ်စေ၊
ငွေဒဏ် ကျပ်သိန်း ၅၀ ဖြစ်စေ၊ ဒဏ်နှစ်ခုစလုံးဖြစ်စေ ပြစ်ဒဏ်ပေးနိုင်ကြောင်း ထည့် သွင်းရေးဆွဲထားသည်။

ရင်းနှီးမြှုပ်နှံမှုများစွာ ၀င် ရောက်လာရန် အလုပ်အကိုင် အ ခွင့်အလမ်းကောင်းများ ဖန်တီး ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ ၍ သီလ၀ါအထူးစီးပွားရေးဇုန်ကို စက်တင်ဘာ ၂၃ ရက်တွင် ဖွင့် လှစ်ခဲ့သည်။

သီလ၀ါအထူးစီးပွားရေးဇုန် တည်ဆောက်ရာတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများက ရှယ်ယာ ၄၉ ရာခိုင် နှုန်းနှင့် မြန်မာနိုင်ငံမှ အများပိုင် ကုမ္ပဏီကိုးခု စုပေါင်းထားသည့် မြန်မာသီလ၀ါ အထူးစီးပွားရေး ဇုန် ဟိုးဒင်းအများပိုင်ကုမ္ပဏီလီ မိတက် (MTSH)တို့က ရှယ်ယာ ၅၁ ရာခိုင်နှုန်းပါဝင်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service