ထားဝယ် အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဂျပန်လက်မှတ်ရေးထိုး

ထားဝယ် အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဂျပန်လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
17 Dec 2015 10:36 am တွင် တင်ခဲ့သည်
934 ကြိမ် ကြည့်ရှု့ပြီး
ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသောသုံးနိုင်ငံ အစည်းအဝေး၌ ဂျပန် အစိုးရက အကြံပေးကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်အတွက် လိုအပ်သည်များ အကြံပေးရန် ဖွဲ့စည်းထားသော ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ လီမိတက်တွင် ရင်းနှီးမြှုပ်နှံရန် ဒီ ဇင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။

ဂျပန်အစိုးရပါဝင်ရန် သ ဘောတူလက်မှတ်ရေးထိုးခဲ့သော ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုတန် ဖိုး ဘတ်သန်း ၁၀၀ ရှိပြီး ရင်းနှီးမြှုပ်နှံမှု၏ ရှယ်ယာ သုံးပုံတစ်ပုံကိုဂျပန်အစိုးရက ရရှိမည်ဟု ထား ၀ယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေး ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြော သည်။ ‘‘ဂျပန်က ရှယ်ဟိုဒါအဖြစ် ပါဖို့ လက်မှတ်ရေးထိုးလိုက်ပေ မယ့် ပိုက်ဆံမရသေးပါဘူး။ သြ ဂုတ်လက နေပြည်တော်မှာ လုပ်တဲ့ အစည်းအဝေးမှာ သဘောတူ ညီထားတဲ့အတွက် လက်မှတ်ထိုး လိုက်တာပါ။ အလှူရှိလို့ အခါကြီးရက်ကြီးဖြစ်တာ မဟုတ်ပါဘူး။ အခါကြီးရက်ကြီးမှာ အလှူဖြစ်တဲ့ သဘောပါ’’ဟု ဦးဟံစိန်က ပြော ကြားသည်။

ထားဝယ် အထူးစီးပွားဇုန် ပထမအဆင့်စီမံကိန်းအကောင် အထည်ဖော်ရေးတွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံခေါင်းဆောင်များ နေပြည်တော်တွင် ယခုနှစ်လယ် ၌ လက်မှတ်ရေးထိုးခဲ့သည်။ နှစ် နိုင်ငံ ကိုယ်စားပြုထိုင်းနိုင်ငံမှ ၀န် ကြီးချုပ်နှင့် ဒုတိယသမ္မတ ဦး ဉာဏ်ထွန်းတို့သည် ဆက်စပ်စီမံ ကိန်းများကို အကောင်အထည် ဖော်ရန် လက်မှတ်ရေးထိုးခဲ့ကြ သည်။

အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ (ဒေါ်လာသန်း ၁,၇၀၀ သန်း) ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ပထမအဆင့်စီမံကိန်းတွင် ရေနံ ဓာတုပစ္စည်းလုပ်ငန်းများ၊ ကြီးမားသော ကုန်ထုတ်လုပ်ငန်းများပါ ၀င်မည်ဖြစ်သည်။

ကနဦးအနေဖြင့် မြန်မာနိုင်ငံထားဝယ်ရေနက်ဆိပ်ကမ်း၊ ထား ၀ယ် အထူးစီးပွားရေးဇုန်တို့နှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည် နယ်တို့နှင့် ချိတ်ဆက်ထား သော လေးလမ်းသွားကားလမ်းအဆင့် မြှင့်မည့် စီမံကိန်းကို နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးတွင် စတင်မည်ဟု ထိုင်းအစိုးရက နိုဝင်ဘာလဆန်းပိုင်း၌ ထိုင်းမီဒီယာ များအား ဖြေကြားထားသည်။

မြန်မာအစိုးရက ဖြေကြားထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကန်ချနာဘူရီပြည်နယ်အကြား လေးလမ်းသွား မြှင့်တင်ရေးသည် ရွေးကောက်ပွဲပြီး နောက်သုံးလအထိ ဖြစ်နိုင်မည်မဟုတ်ဟု ထိုစဉ်က ဖြေကြားခဲ့သည်။

မူလရင်းနှီးတည်ဆောက်သူ အဖြစ် ၂၀၁၃ နိုဝင်ဘာတွင် အီ တာလျံ-ထိုင်းကုမ္ပဏီက နုတ် ထွက်ခဲ့ပြီးနောက် စီမံကိန်း ရပ် နားထားသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်၍ စီမံကိန်းမရပ်နားမီ ရင်းနှီးမြှုပ်နှံငွေကြေးလိုအပ်ခဲ့သဖြင့် လျော်ကြေးကိစ္စများ မပြီးမပြတ်ဘဲရှိနေသည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service