မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင် ရွက်မည့် ကျေးလက်အိမ်ရာလုပ်ငန်း များအတွက် ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု တောရွာ ကျေးရွာနှင့် ဝါခင်းကြီးကျေးရွာအုပ်စု သဲတွင်းကျေးရွာတို့တွင် ကျေးရွာ အိမ်ရာရွေးချယ်ရေးကော်မတီများ၏ ကျေးလက်အိမ်ရာ မဲနှိုက်ရွေးချယ် ပေးသည့် အခမ်းအနားကို ဒီဇင်ဘာ ၁ဝ ရက်က အဆိုပါကျေးရွာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် တွင် ညောင်ဦးမြို့နယ်တွင် ကျေးလက်အိမ်ရာလုပ်ငန်းအတွက် ကျေးရွာလေးရွာ ဆောင်ရွက်ခွင့်ရရှိပြီး တစ်ရွာလျှင် အိမ်ငါးလုံးနှုန်း စုစုပေါင်း အိမ်ရာအလုံး ၂ဝ ဆောက်လုပ်ခွင့် ရရှိခဲ့ကြောင်း၊ ကျေးလက်အိမ်ရာရရှိ သည့်ကျေးရွာများမှာ တောရွာ၊ သဲတွင်း၊ ထရိုင်းတော၊ ကံသာယာ ကျေးရွာတို့ဖြစ်ကြောင်း၊ ကျေးလက် အိမ်ရာလုပ်ငန်းအတွက် တင်ဒါ အောင်မြင်ပြီး အဆောက်အအုံမှာ ထရံကာ၊ သွပ်မိုး၊ ပျဉ်ခင်း၊ သံဖရိန် အမျိုးအစားဖြစ်ကြောင်း၊ အိမ်ရာ တစ်လုံး၏တန်ဖိုးငွေမှာ ကျပ် ၂ ဒသမ ၉၉ သန်းဖြစ်ပြီး အိမ်ရာအားလုံး အတွက် စုစုပေါင်းငွေကျပ် သန်း ၉၅ ဒသမ ၈ဝ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး၊မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် ဒီဇင်ဘာ ၁ဝ ရက်က ကျေးလက်အိမ်ရာ ဆောင်ရွက်ခွင့်ရ သော
ကျေးရွာလေးရွာသို့ သွား ရောက်၍ တည်ဆောက်ရေးပစ္စည်း များစုဆောင်းထားရှိမှုနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရ သည်။
Credit: MOI Webportal Myanmar