အစိုးရသစ်လက်ထက်တွင် အိမ်မြေဈေးနှုန်း လှုပ်ခတ် ခြင်းထက် ပုံမှန်ဈေးကွက်ဖြစ်ရန် ပိုမိုမျှော်လင့်

အစိုးရသစ်လက်ထက်တွင် အိမ်မြေဈေးနှုန်း လှုပ်ခတ် ခြင်းထက် ပုံမှန်ဈေးကွက်ဖြစ်ရန် ပိုမိုမျှော်လင့် - Property News in Myanmar from iMyanmarHouse.com
4 Dec 2015 11:30 am တွင် တင်ခဲ့သည်
1632 ကြိမ် ကြည့်ရှု့ပြီး
နောက်တက်လာမည့် အစိုးရသစ်လက်ထက်တွင် အိမ်ခြံမြေဈေးကွက်၌ အိမ်မြေဈေးနှုန်း များ မြင့်တက် လှုပ်ခတ်ခြင်းထက်ပုံမှန်လည်ပတ်အလုပ်လုပ်နိုင်သည့် ဈေးကွက်ဖြစ်ပေါ် ဖန်တီးနိုင်ရေးကိုသာ ပိုမို မျှော်လင့်ကြောင်း လုပ်သက်ရင့် အိမ်ခြံမြေအကျိုးဆောင် တချို့က ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အိမ်မြေဈေးကွက်၌အရောင်းအ၀ယ် ကောင်းမွန်သော နေရာများမှာ အရောင်း အ၀ယ် အေးနေပြီး အငှားဈေးကွက်ကိုသာ အားထား လုပ်ကိုင်နေရသည်။

မန္တလေး အိမ်ခြံမြေဈေးကွက်တွင်လည်း ပြီးခဲ့သော ၂၀၁၁ ခုနှစ်ကုန်ပိုင်း၌ မြေဈေးနှုန်းကစား ခြင်းဖြစ်ပေါ်ပြီး ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်ပြီးနောက်တွင် အရောင်း အ၀ယ် ငြိမ်သက်သွားခဲ့ကာ ယခုအထိ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရ သည်။

"လူအများစုက အိမ်ခြံမြေဈေးကွက် ကောင်းတယ်ဆိုရင် ဘာကို ပြေးမြင်တတ်ကြသလဲ ဆိုတော့ ဈေးနှုန်းတွေ မတန်တဆ မြင့် လာတာကို မြင်တတ်ကြပါတယ်။ တကယ် တော့ ဈေးကွက်ကောင်းတယ်ဆိုတာ ဈေးနှုန်း အလှုပ်အခတ်များမှ မဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်လည်ပတ် အလုပ် လုပ်နိုင်မှ ဈေးကွက်ကောင်းတယ်လို့
ပြောချင်ပါတယ်"ဟု မန္တလေးမြို့ရှိ ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ယခုလ ၁ ရက်တွင် ပြောသည်။

အစိုးရအဖွဲ့သစ်အနေဖြင့် လုပ်ဆောင် စရာကဏ္ဍများစွာထဲ၌ တရားဥပဒေစိုးမိုးမှုကို ဂရုပြု ကိုင်တွယ်သွားမည်ဟု
ယုံကြည် ကြောင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ရေချိန်မြင့်လာမည်ဟု ထင်မြင် ကြောင်းလည်း ဦးဝဏ္ဏစိုးက ပြောသည်။ "မြေရာနဲ့ ပတ်သက်တဲ့ မူဝါဒတွေ တည် တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသားဖြစ်ရင် ဈေးနှုန်း အလှုပ်အခတ်လည်း မများနိုင် ပါဘူး"ဟု ၎င်းက ပြောသည်။

ပြီးခဲ့သော ၂၅ နှစ်တာကာလအတွင်း ၁၉၉၇ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် မန္တလေး အိမ်ခြံမြေဈေးကွက်၌ အရောင်းအ၀ယ် လှုပ်ခတ်မှုနှင့် ဈေးနှုန်းပြောင်းလဲ ခြင်းများ သိသာစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ငွေကြေးဝင်ရောက်ကစား
မှုကြောင့် ပုံမှန် မဟုတ်သောဈေး ကွက် ဖြစ်ပေါ်အပြီးတွင် အိမ်မြေဈေးကွက်မှာ အရောင်းအ၀ယ် ငြိမ်သွားတတ်ပြီး ပုံမှန်ပြန်ဖြစ်မည့် အချိန်ကို မှန်းဆရန် ခက်ခဲကြောင်း မြို့သစ်မှ အိမ်မြေအကျိုးဆောင် ဦးအောင်ဝင်းက ပြောသည်။

"ဈေးကစားသူတွေကြောင့် ဈေးကွက် ၀ရုန်းသုန်းကား ဖြစ်ပြီဆိုရင်တော့ ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ အဲဒီအချိန်မျိုးဆို ဈေးနှုန်း က ဆိုသလောက် အရောင်းအ၀ယ် ဖြစ်နေ တော့အပြိုင်အဆိုင် ရောင်းကြ
ဝယ်ကြတော့ တာပဲ။ ဒါပေမဲ့ ဈေးကွက် ရုတ်ခြည်းငြိမ်သွား ပြီဆိုရင်လက်ထဲမှာအမြင့်ဈေးနှုန်းနဲ့ဝယ်ထားသူတွေပိုက်မိ
ကုန်တယ်။ လျှော့ဈေးနဲ့ လည်း ပြန်မရောင်းနိုင်ကြတော့ ဈေးကွက်က ပုံမှန်မလည်ပတ်နိုင်တော့ဘူး"ဟုဦးအောင်ဝင်းက
ပြောသည်။

ယခင်က အိမ်မြေရောင်းဝယ်ရာ၌ ၀ယ်ယူသူက ပေးဆောင်ရမည့် အခွန်နှုန်းထားကို တန်ဖိုးကျပ်သိန်း ၅၀၀ နှင့် အောက် ကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ ၁,၅၀၀ ကို ၁၀ ရာခိုင် နှုန်း၊ ကျပ်သိန်း ၁, ၅၀၀ မှ ၃, ၀၀၀ ကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃, ၀၀၀ အထက် ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့သည်။

ယခုနှစ် တွင် အိမ်မြေတန်ဖိုး ကျပ်သိန်း ၁, ၀၀၀ အထိ ကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁, ၀၀၀ မှ ၅,၀၀၀ အထိ ငါးရာခိုင်
နှုန်း၊ ကျပ် သိန်း ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ မှ ၁၅,၀၀၀ အထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၅,၀၀၀ နှင့် အထက်ကို ၃၀ ရာခိုင်နှုန်းသို့ ဖြေလျှော့ သတ်မှတ်ပေးထားသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service