မန္တလေးမြို့ပြ ဧရိယာကို ဇုန် ၁၆ ဇုန် ခွဲခြားမည်

မန္တလေးမြို့ပြ ဧရိယာကို ဇုန် ၁၆ ဇုန် ခွဲခြားမည် - Property News in Myanmar from iMyanmarHouse.com
24 Nov 2015 11:10 am တွင် တင်ခဲ့သည်
868 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ မြို့ပြဧရိယာနေရာများတွင် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် ဇုန် ၁၆ ဇုန်ခွဲကာ ရေးဆွဲသတ်မှတ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

မန္တလေးမြို့တော်တွင် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာသည့် ကဏ္ဍများကို စနစ်ကျသော ဆက်စပ်မှုများဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နောင်ဆယ်စုနှစ်များ၌ ဖြစ်ပေါ်လာမည့် လူမှုစီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးကွန်ရက်များကို စနစ်တကျစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် လက်ရှိမြို့ပြ အကွက်ချတည်နေရာများတွင် ဇုန်များသတ်မှတ်ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့၍ စီစဉ်ရခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

‘‘ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာမယ့် အခြေခံလိုအပ်ချက် အခက်အခဲတွေ မဖြစ်ပေါ်လာအောင်လို့ပါ။ မန္တလေးဆိုတာက ဂုဏ်ယူဖွယ်ရာ အဆောက်အအုံတွေရှိတာကြောင့် အဲဒီမြင်ကွင်းတွေ အနှောင့်အယှက်အဖြစ်ခံလို့ မရတာတွေရှိတယ်။ ဒါကြောင့် ဘယ်နေရာမှာ ဘာတော့ မလုပ်သင့်ဘူးဆိုတာတွေ ကန့်သတ်ရေးဆွဲမှာပါ’’ဟု ဇုန်ခွဲခြား သတ်မှတ်ရေးစီမံကိန်းတွင် ပါဝင်သူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာန ဌာနခွဲမှူး ဦးဇော်ဝင်းက ပြောသည်။

ခွဲခြားသတ်မှတ်မည့် ဇုန် ၁၆ ဇုန်မှ အဆင့်မြင့် အထပ်နိမ့် ပုဂ္ဂလိကအိမ်ရာဇုန်၊ အလယ်အလတ်အထပ်မြင့် အိမ်ရာဇုန်၊ အထပ်မြင့်အဆောက်အအုံများဇုန် (ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးသည့် သီးခြားဇုန်)၊ စီးပွားရေးဆိုင်ရာဇုန်၊ လူမှုစီးပွားရေးပါဝင်သော ဇုန်၊ မူလဓလေ့စရိုက်များနှင့် နေထိုင်သော ၀င်းများ၊ ကျုံးနန်း တော်ပတ်လည်တွင် သမိုင်းဝင် အမွေအနှစ်ထိန်းသိမ်းရေးဇုန်၊ မန္တလေးတောင်ဝန်းကျင်တွင် သမိုင်းအမွေအနှစ်ထိန်းသိမ်းရေးဇုန်၊ မန္တလေးတောင်တော်နှင့်ကျုံးမြို့ရိုးများကို မြင်ကွင်းရှုပ်ထွေးစေမှု၊ မြင်ကွင်းကွယ်မှု မဖြစ်ပေါ်စေရန် ဆောင်ရွက်သင့်သည့် ၀င်ရိုး(လမ်းကြောင်း)များ၊ဖွံ့ဖြိုးတိုးတက်မှုကန့်သတ်သည့်ဇုန်၊ ဖွံ့ဖြိုးတိုးတက်ရေးအားပေးသည့်ဇုန်၊ ပတ်ဝန်းကျင်ထိခိုက်စေမှုမရှိသော စက်မှုဇုန်၊ ပတ်ဝန်းကျင် ညစ်ညမ်းစေမှု မဖြစ်ပေါ်စေသော စက်မှုဇုန်၊ အန္တရာယ်ဖြစ်ပေါ်စေ တတ်သည့် ပစ္စည်းများ သိုလှောင် ထုတ်လုပ်ဖြန့်ဖြူးသော စက်မှုဇုန်၊ ယာဉ်ရပ်နားမှုနေရာများ ပါဝင်သော စိမ်းလန်းဇုန်၊ ကျန်းမာရေးလေ့ကျင့်ခြင်းများ ပါဝင်သော စိမ်းလန်းဇုန်တို့ ဖြစ်ကြသည်။

အဆိုပါဇုန်များအနက် မန္တလေးမြို့တော်နှင့် ကျုံး၊ နန်းတော် ၀န်းကျင်တွင် သမိုင်းအမွေအနှစ် ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု ကန့်သတ်ရေးနှင့် အားပေးရေး၊ ယာဉ်ရပ်နားမှုနေရာများပါဝင် သော စိမ်းလန်းဇုန်၊ မန္တလေး တောင်နှင့် ကျုံးမြို့ရိုးမြင်ကွင်း မကွယ်စေရေးအစရှိသည့် ဇုန်များကို ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း စီမံကိန်းရေးဆွဲနေ သူများက ပြောသည်။

ဇုန်စီမံကိန်းရေးဆွဲရန် မန္တလေးစည်ပင်တွင် အင်ဂျင်နီယာ ၁၅ ဦး ထပ်မံခန့်ထားလိုက်ပြီး လိုအပ်သည့် သင်တန်းများ စတင်ပို့ချနေပြီဖြစ်ကာ မန္တလေး ၆ မြို့နယ်အတွင်း မြို့နယ်၊ ရပ်ကွက် အကွက်စိပ်အလိုက် လက်ရှိ တည်ရှိနေသော မြေကွက်နှင့် အဆောက်အအုံများဧရိယာ၊ အဆောက်အအုံ၊ အမျိုးအစား၊ အထပ်အရေအတွက်၊ လူဦးရေ၊ အခြေခံအဆောက်အအုံများ၏ အခြေအနေများကို စာရင်းပြုစုကာ ဇုန်စီမံကိန်းများ ရေးဆွဲမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

Credit: 7Day News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service