ဗိုလ်ချုပ်လမ်းမှ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဖောက်လုပ်ရန် လျာထား ဆောင်ရွက်နေသည့် အထပ်မြင့်အမြန်လမ်းမကြီး

ဗိုလ်ချုပ်လမ်းမှ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဖောက်လုပ်ရန် လျာထား ဆောင်ရွက်နေသည့် အထပ်မြင့်အမြန်လမ်းမကြီး - Property News in Myanmar from iMyanmarHouse.com
2 Nov 2015 11:24 am တွင် တင်ခဲ့သည်
4474 ကြိမ် ကြည့်ရှု့ပြီး
ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှစ်ခုနှင့် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုတို့ အကျိုးတူပူးပေါင်း၍ ရန်ကုန်မြို့တွင်း အထပ်မြင့် အမြန်လမ်းမကြီး(Elevated Highway)ကို Public Private Partanarship(PPP)စနစ်ဖြင့်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ကနဦးအဆိုပြုချက် (Concept proposal) ပထမအဆင့်ကို ဆောက်လုပ်ရေးဝန်ကြီး ဌာနသို့ တင်ပြထားကြောင်း သိရသည်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ(JICA)က ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး စီမံချက် (၂ဝ၄ဝ တွင် ဖြစ်ပေါ် ဖွံ့ဖြိုးတိုးတက်လာ ရမည့်အစီအစဉ်များ) (YUTRA 2040)၌ ရန်ကုန် မြို့တွင်းပတ်လမ်း (Inner Ring Road)နှင့် မြို့ပြင် ပတ်လမ်း(Outer Ring Road)စီမံချက်များ ပါဝင်ကြောင်း သိရပါသည်။

ယခုစီမံကိန်းသည် မြို့တွင်း ပတ်လမ်း(Inner Ring Road)၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်ပါသည်။ ယာဉ်ကြော ပိတ်ဆို့မှုကြီးစွာ ဖြစ်ပေါ်နေသော လမ်းများ တစ်လျှောက်အတွက် အထပ်မြင့် အမြန်လမ်းမကြီး (Elevated Highway) တည်ဆောက်၍ ရှင်းလင်း ကျော်လွှားနိုင်ရန် ရည်ရွယ် ထားကြောင်း သိရပါသည်။

ပထမအဆင့် အဆိုပါ စီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ရေကျော်လမ်းဆုံ အလွန်မှ မင်္ဂလာဒုံ ဥယျာဉ် စက်မှုမြို့အထိ ၂ဝ ဒသမ ၅ ကီလို မီတာ အရှည်ရှိသော လေးလမ်းသွား တံတား ပထမအဆင့် အဖြစ် တည်ဆောက်ပြီး ဒုတိယ အဆင့်အဖြစ် အပြည်ပြည် ဆိုင်ရာ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဆက်သွယ်ဆောင်ရွက်ရန် လျာထားသော စီမံကိန်းဖြစ်ပါသည်။

ဤစီမံကိန်းကို ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံ Yooshin ကုမ္ပဏီမှ စီမံကိန်း ဖြစ်မြောက်နိုင်ရေး အကြိုလေ့လာမှု (Pre-Feasibility Study) ဆောင်ရွက်ခဲ့ပြီး ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံ တည်ဆောက်ရေး ကုမ္ပဏီများဖြစ်သည့် Lotte E&C နှင့် Halla Corporation၊ မြန်မာနိုင်ငံမှ Capital Diamond Star Group (CDSG)ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းပါဝင်ကာ Operator အဖြစ် Korea Expressway Corporation မှ ဆောင်ရွက်မည့် Yangon Urban Expressway Development Project ဖြစ်ပါသည်။

စီမံကိန်းအချက်အလက်များ

စီမံကိန်းအမည်မှာ Yangon Urban Expressway Development Project (Phase I)ဖြစ်ပါသည်။

အကောင်အထည် ဖော်မည့် အစီအစဉ်မှာ အစိုးရနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိကကုမ္ပဏီများ ပူးတွဲဆောင်ရွက်မှု အစီအစဉ် ဖြစ်ပါသည်။

စီမံကိန်းတန်ဖိုး (ပမာဏခန့်မှန်းခြေ)မှာ အမေရိကန်ဒေါ်လာ သန်း ၆၂ဝ ခန့် ဖြစ်ပါသည်။

စီမံကိန်းအဆိုပြု လမ်းကြောင်း အနေဖြင့် ဗိုလ်ချုပ်လမ်းတွင် ရေကျော်လမ်းဆုံအလွန်မှ စတင်၍ ပုဇွန်တောင် လမ်းမကြီးအတိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ကို ဖြတ်၍ သုဝဏ္ဏ တံတားလမ်းဆုံသို့ ဦးတည်ကြောင်း သိရပါသည်။

သုဝဏ္ဏ လမ်းဆုံသို့ မရောက်မီ မြန်မာ့ဂုဏ်ရောင် အိမ်ရာအနီးတွင် ရန်ကုန်-မန္တလေး ရထားလမ်းကို အပေါ်မှဖြတ်ကျော်ပြီး အမျိုးသား အားကစားရုံ နှစ်ခုကြားမှ ဝင်၍ ဝေဇယန္တာ လမ်းကို ဆက်သွယ်မည် ဖြစ်သည်။

လမ်းတစ်လျှောက် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ မြို့နယ်များကို ဖြတ်သန်းပြီး အောင်မင်္ဂလာ အဝေးပြေးဂိတ်အလွန် မင်္ဂလာဒုံ ဥယျာဉ် စက်မှုမြို့တွင် အဆုံးသတ်ပါမည်။

တည်ဆောက်မှုအခြေခံများ

လမ်းအရှည်မှာ ၂ဝ ဒသမ ၅ ကီလိုမီတာ ဖြစ်ကာ လမ်းအကျယ်- လေးလမ်းသွား ၁၈ မီတာဖြစ်ပါသည်။

လမ်းခွန်ကောက်မည့် နေရာကို သုံးနေရာ
သတ်မှတ်ထားပြီး တံတား ပေါ်အတက်/အဆင်းနေရာ-၁၅
နေရာရှိမည်ဖြစ်ပါသည်။

တည်ဆောက်ရေး ကာလကို ငါးနှစ် ဟု အဆိုပြု တင်ပြထားသော်လည်း ခွင့်ပြုချက်ရရှိပါက စီမံကိန်းလုပ်ငန်းခွင် အပိုင်းသုံးပိုင်းအား တစ်ပြိုင်တည်း တည်ဆောက်ခြင်းဖြင့် ဆောလျင်စွာ ပြီးစီးနိုင်မည် ဖြစ်ကြောင်း တင်ပြထားပါသည်။

အပိုင်း(၁)ပိုင်း တည်ဆောက်ပြီးစီး ပါက ယင်းအပိုင်းအား ချက်ချင်းဖွင့်လှစ် အသုံးပြုနိုင်ရန်လည်း ရည် ရွယ်ထားကြောင်း သိရပါသည်။

လမ်းအသုံးပြုခသတ်မှတ်ခြင်း

ကနဦးနှုန်းထားကို အပိုင်း(၃)ပိုင်းတွင် (၁)ပိုင်းစီအတွက် ယာဉ် တစ်စီးလျှင် အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှသော ငွေကောက်ခံရန် လျာထားပြီး လမ်းအစအဆုံး ဖြတ်သန်း ပါက စုစုပေါင်း သုံးဒေါ်လာ ကျသင့်ပါမည်။ အတက်အဆင်းအတွက် အမေရိကန် ၁ ဒသမ သုညဒေါ်လာ နှုန်းကောက်ခံရန် တင်ပြထားပါသည်။

နိုင်ငံတော် ထည့်ဝင်ငွေ လျာထားသော နိုင်ငံတော် ထည့်ဝင်ငွေမှာ ၂ဝ ရာခိုင်နှုန်းဖြစ်ပြီး နိုင်ငံတော် ထည့်ဝင်ငွေ (Subsidy) အတွက် သက်သာသော အတိုးနှုန်းဖြင့် အပြည်ပြည် ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (ODA Loan) ဖြင့် ချေးငွေ ရယူနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ဤစီမံကိန်းမှာ နိုင်ငံတော် အစိုးရနှင့် ကိုရီးယားနိုင်ငံ ပုဂ္ဂလိက ကုမ္ပဏီကြီးများ၊ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီများ အကျိုးတူ ပူးပေါင်းသည့် Public Private Partnership (PPP) စနစ်ဖြင့် ပူးတွဲ ဆောင်ရွက်မည့် အစီအစဉ်ဖြစ်ပါသည်။

ယခုတင်ပြသည့် ကနဦးအဆိုပြုချက် (Concept Proposal)ကို ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီကြီးများ တင်ပြလာ ခြင်းအပေါ် ဆောက်လုပ်ရေးဝန်ကြီး ဌာနက လေ့လာသုံးသပ်မှုများ၊ ညှိနှိုင်းမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။

အသေးစိတ် အချက်အလက်များကို ညှိနှိုင်း အတည်ပြု ချက်ရရှိပါကလည်း ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မကြာခင် အချိန်ကာလတွင် အထပ်မြင့် အမြန်လမ်းမကြီး (Elevated Highway) များ ရန်ကုန် မြို့တော်အတွင်း ပေါ်ထွန်းလာတော့ မည်ဖြစ်ပါသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် ရန်ကုန်မြို့နေ ပြည်သူတို့၏ လူမှုစီးပွား ဘဝ ထိခိုက်မှုများကို အမြန်ဆုံး ဖြေလျှော့ပေး နိုင်ရေး၊ အာဆီယံ နိုင်ငံများအတွင်း မိမိနိုင်ငံ၏ မြို့ကြီးများ၌ နိုင်ငံတကာ အဆင့်မီတံတားများ ပေါ်ထွန်းလာ ခြင်းဖြင့် မြို့ကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေရေး၊ ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သည်နှင့်အမျှ နိုင်ငံတကာ ကုန်စည် စီးဆင်းမှုများကို လွယ်ကူ ချောမွေ့စေခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို အလျင်အမြန်ဝင်ရောက် လာစေနိုင်ရေးတို့အတွက် ယခုကဲ့သို့ အထပ်မြင့် အမြန်လမ်းမကြီး တည်ဆောက်ရန် လျာထား တင်ပြလာခြင်း ဖြစ်ရာ အနာဂတ် ရန်ကုန်မြို့၏ မြင်ကွင်းကို မြင်ယောင်မိရင်း ကျေနပ်သဘောကျ နေမိပါတော့သည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service