အကျိုးဆောင်များ မမှန်မကန်ပြုလျှင် အိမ်ခြံမြေအသင်းထံ တိုင်ကြားနိုင်

အကျိုးဆောင်များ မမှန်မကန်ပြုလျှင် အိမ်ခြံမြေအသင်းထံ တိုင်ကြားနိုင် - Property News in Myanmar from iMyanmarHouse.com
29 Oct 2015 10:13 am တွင် တင်ခဲ့သည်
692 ကြိမ် ကြည့်ရှု့ပြီး
မှတ်ပုံတင်ထားသည့် အိမ်ခြံမြေအကျိုးဆောင်များ မမှန်မကန်ပြုလုပ်ပါက မြန်မာနိုင်ငံ အိမ်ခြံမြေ
ဝန်ဆောင်မှုအသင်းထံ တိုင်ကြားနိုင်ပြီး အသင်းက တာဝန်ယူ ဖြေရှင်းပေးနေကြောင်း
အဆိုပါအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

ရောင်းသူနှင့် ၀ယ်သူအကြား၊ အိမ်ရှင်နှင့် အိမ်ငှားရမ်းလိုသူအကြား နှစ်ဦးနှစ်ဖက်
တွေ့ဆုံပေးပြီးသည့်နောက် လုပ်ငန်းအပြီး မသတ်မီ အကျိုးဆောင်ခကို ရယူပြီး စာချုပ်ဆိုပြီးသည့်
အချိန်အထိ တာဝန်ယူဆောင်ရွက်ခြင်း မရှိသည့်အတွက် တိုင်ကြားမှုများ ရှိလာသည်။

"ကျွန်မတို့ အသင်းဝင် အကျိုးဆောင်ဆိုရင် အသင်းဝင်နံပါတ် ဘယ်လောက်ဆိုပြီး
မကျေနပ်ချက်တွေကို လာရောက် တိုင်ကြားနိုင်ပါတယ်။ အများဆုံး ဖြေရှင်းပေးရတာကတော့
နှစ်ဦးနှစ်ဖက်တွေ့ပြီး အကျိုးဆောင်ခယူပြီး အလုပ်ကို ပြီးပြတ်သည်အထိ မလုပ်တဲ့ ပြဿနာတွေက
အများဆုံးပါ"ဟု ၎င်းက အောက်တိုဘာလ ၂၂ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

အိမ်ခြံမြေတိုက်ခန်း၊ကွန်ဒိုရောင်းဝယ်ခြင်း၊ မြေကွက်များ
ရောင်းဝယ်ငှားရမ်းခြင်းအတွက် အကျိုးဆောင်သူများ အတွက် ရောင်းချသူ၊ ၀ယ်ယူသူ သို့မဟုတ် အိမ်ရှင် အိမ်ငှားများက အကျိုးဆောင်ခများ ညှိနှိုင်းကာ နှုန်းထား တစ်ခု သတ်မှတ်ပေးချေလျက် ရှိသည်။

ထို့ပြင် သွားလာရေးခက်ခဲသည့် နေရာဒေသများ၊ ပုံမှန်မဟုတ်သော ခက်ခဲသည့်
အရောင်းအ၀ယ်များအတွက်မူ ပုံမှန်တောင်းခံနေသည့် အကျိုးဆောင်အဖြစ် နှစ်ရာခိုင်နှုန်း၊
သုံးရာခိုင်နှုန်း မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ညှိနှိုင်းတောင်းခံသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။

"လွယ်လွယ်ပြောမယ်ဆိုရင် စည်ပင် နယ်နိမိတ်အတွင်းဆိုရင် နှစ်ရာခိုင်နှုန်း၊ စည်ပင်အပြင်
နယ်နိမိတ်ဆိုရင်တော့ သုံးရာခိုင်နှုန်း ယူကြတယ်။ သိန်း ၁၀၀ အောက်ကို သုံးရာခိုင်နှုန်းတောင်းဖို့
ပြောတာကတော့ လုပ်ရတာလည်း တန်အောင်လို့ သတ်မှတ်တာဖြစ်တယ်။ အဲဒီလို
သတ်မှတ်ယူရမယ်လို့ ဥပဒေတွေ ၊ တစ်ချက်လွှတ်အမိန့်တွေ မရှိပေမယ့် နားလည် လက်ခံအောင်
လုပ်ပေးတဲ့ သဘောပါ။ ကြားထဲမှာလည်း နားလည်မှုလွဲတဲ့ ကိစ္စတွေ ရှိနိုင်ပါတယ်။
ဓလေ့ထုံးစံလို့ပဲ ပြောရမလို ဖြစ်နေပြီ"ဟု အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ ဒုတိယ ဥက္ကဋ္ဌ
ဦးသန်းဦးက ပြောသည်။

အိမ်ခြံမြေ အရောင်းအ၀ယ်ပြုလုပ်ရာတွင် အကျိုးဆောင်ခ နှုန်းထားများကို တစ်ပြေးညီ
သတ်မှတ်နိုင်ရန်အတွက် လုပ်ဆောင်နေပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အရောင်းအ၀ယ်
ပြုလုပ်ပါက တန်ဖိုး ကျပ်သိန်း ၁၀၀ အထိကို အကျိုးဆောင်ခ သုံးရာခိုင်နှုန်းနှင့်
ကျပ်သိန်း ၁၀၀ အထက် အရောင်းအ၀ယ်ပြုလုပ်ပါက အကျိုးဆောင်ခကို နှစ်ရာခိုင်နှုန်းသာ
ရယူရန်နှင့် ငှားရမ်းမှုများအတွက် အကျိုးဆောင်ခကို နှစ်ချုပ် အိမ်ငှားခ၏ တစ်လစာ၊ စပေါ်ငွေဖြင့်
ငှားရမ်းမည်ဆိုပါက စပေါ်ငွေ၏ သုံးရာခိုင်နှုန်းနှင့် အိမ်ငှားခ တစ်လစာကို အိမ်ရှင် /
အိမ်ငှားဘက်က အကျိုးဆောင်ခအဖြစ် ပေးချေရန်အတွက် အိမ်ခြံမြေ၀န်ဆောင်မှုအသင်းက
သတ်မှတ်ထားသည်။

တိုင်ကြားလိုပါက မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း (ဗဟို) အမှတ် ၁၂၃ ၊ ပထမထပ်၊
အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၀၁၄၃၆ သို့
ဆက်သွယ် တိုင်တန်းနိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းတွင် အသင်းဝင် ၃,၇၀၀ ကျော် ရှိပြီး ၂၀၁၅ ခုနှစ်၊
ဇွန်လ ၆ ရက်နေ့အထိ ရုံးခွဲပေါင်း ၂၀ ဖွင့်လှစ်ထားသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service