ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက် လည်ပတ်မှု မရှိသလောက်ဖြစ်နေ

ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက် လည်ပတ်မှု မရှိသလောက်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
9 Oct 2015 9:33 am တွင် တင်ခဲ့သည်
2106 ကြိမ် ကြည့်ရှု့ပြီး
ပြင်ဦးလွင် အိမ်ခြံမြေဈေးကွက်ဟာ လတ်တလောမှာ အရောင်းအ၀ယ် လုံးဝရပ်ဆိုင်း သလောက်ရှိနေတယ်လို့ ပြင်ဦးလွင်မြို့က အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

အိမ်ခြံမြေဈေးကွက်ဟာ အရင်က ရောင်းဝယ်ရင်းနှီးမြှုပ်နှံလို့ ကောင်းတဲ့ နေရာအများစု ငြိမ်သက်နေတယ်လို့ ဆိုရာ မှာ ပြင်ဦးလွင်အိမ်မြေဈေးကွက်ဟာ အခြေ အနေပိုဆိုးနေ တယ်လို့ ဆိုနိုင်ပါတယ်။
ပြီးခဲ့တဲ့လအနည်းငယ်လောက်တုန်းက ပြင်ဦးလွင်နဲ့အနီးတစ်ဝိုက် ဧရိယာတွေက ရွာမြေတွေမှာ စိတ်ဝင်စားသူတွေရှိခဲ့ကြပေမဲ့ အခုအခါမှာ အရောင်းအ၀ယ်လုံးဝ ငြိမ် သက်နေကြောင်း ဈေးကွက်သတင်းတွေ
အရသိရပါတယ်။

အရောင်းအ၀ယ် ငြိမ်သက်နေတယ် ဆိုရာမှာ အရင်က စိတ်ဝင်စားသူများပြားခဲ့တဲ့ ကန်တော်ကြီးတစ်ဝိုက်၊ ပဒေသာမြို့ သစ်နဲ့ မန္တလေးလားရှိုးလမ်းအနီးတစ်ဝိုက်က အိမ်ခြံမြေ အကွက်အကွင်းတွေလည်း ပါဝင်ကြောင်း ပြင်ဦးလွင်မြို့ကအိမ်မြေအကျိုးဆောင်တွေက ပြောပါတယ်။ ခေါ်ဈေးအနေနဲ့ကျပ်သိန်းသောင်းဂဏန်းဈေးတန်းမှာရှိနေတဲ့ မန္တလေး လားရှိုးလမ်းပေါ်က အိမ်မြေတွေကတော့ အရင်ကထက် အရောင်းအ၀ယ်ဖြစ်နိုင်ခြေ ပိုမိုနည်းပါးသွားပြီဖြစ်ပါတယ်။

အခု အခြေအနေဟာ နေရာကောင်းကို ဆုပ်ကိုင် ထားတဲ့ ရောင်းလိုသူတွေရော၊ ၀ယ်လက်တွေပါ နှစ်ဦးနှစ်ဖက်အလုပ်လုပ်ဖို့ တွန့်ဆုတ် နေကြပြီး စောင့်ကြည့်နေရတဲ့ အချိန်ကာလ လည်း ဖြစ်နေပါတယ်။

ဒါပေမဲ့ အလျင်လိုတဲ့ ရောင်းလက်တွေအနေနဲ့ ၀ယ်လက်ပေါ်ပေါက် လာခဲ့ရင် ၀ယ်လက်ညှိနှိုင်းတဲ့ဈေးနှုန်းတန်း ကို လိုက်ညှိနှိုင်း အလုပ်လုပ်နိုင်မှသာ အဆင်ပြေနိုင်မှာဖြစ်ကြောင်းလည်း အကျိုး ဆောင်တွေက ပြောပါတယ်။

"လက်ရှိအနေအထားအရ ပြင်ဦးလွင်အိမ်မြေဈေးကွက်က အလုပ်သိပ်မဖြစ်ဘူး။ ရွာတွေဘက်မှာပါ အရောင်းအ၀ယ်အေးနေပါတယ်။ ရွေးကောက်ပွဲလည်း ရှိနေတာကြောင့် မြေဈေးကွက်က ဆက်အေးနေဦးမှာပဲ"လို့ ပြင်ဦးလွင်မြို့ ကောင်းဟိန်းဆက် အိမ်မြေအကျိုးဆောင်လုပ်ငန်းက ဒေါ်ခင်သန်းက
ပြောပါတယ်။

အိမ်မြေဈေးကွက်က အရောင်း အ၀ယ်အေးနေပေမယ့် တစ်ဖက်ကကြည့်ရင် ၀ယ်လိုသူတွေအတွက် အခွင့်အလမ်း တစ်ရပ်ဖြစ်ပြီး ဈေးနှုန်းကို အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းယူနိုင်မယ့်အနေအထားဖြစ် ကြောင်းလည်း အကျိုးဆောင်တချို့က ဆိုပါတယ်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service