ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဟု ဆောက်လုပ်ရေး ဒုဝန်ကြီးဆို

ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဟု ဆောက်လုပ်ရေး ဒုဝန်ကြီးဆို - Property News in Myanmar from iMyanmarHouse.com
30 Sep 2015 9:31 am တွင် တင်ခဲ့သည်
981 ကြိမ် ကြည့်ရှု့ပြီး
ကျူးကျော်များ အတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြော သည်။

လက်ရှိတည်ဆောက်နေ သော တန်ဖိုးနည်းအိမ်ရာများ ထက် ဈေးနှုန်းပိုသက်သာသည့် နှုန်းများဖြင့် ကျူးကျော်များအတွက် တည်ဆောက်ပေးမည်ဟု စက်တင်ဘာ ၂၉ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒုဝန်ကြီးကပြောကြားသည်။

‘‘ဘယ်လိုမျိုး ကျူးကျော်မျိုး စုံဖြစ်ပါစေ။ ကျွန်တော်တို့က ဒီ ကျူးကျော်တဲ့ အိမ်ရာတွေကို သူ တို့ကျူးကျော်နေတဲ့ နေရာတွေမှာ ကျွန်တော်တို့က စနစ်တကျရွှေ့ ပြောင်းပေးပါမယ်။ ရွှေ့ပြောင်းပြီး အဲဒီနေရာတွေမှာ တန်ဖိုးအနည်း ဆုံးအိမ်ရာတွေ တည်ဆောက်ပါ မယ်။
ဆောက်ပြီးလို့ရှိရင် သူတို့ ကို ပြန်ပြီးတော့ နေရာချထားပေး မှာဖြစ်ပါတယ်’’ဟု ဦးစိုးတင့်က ပြောသည်။

ဒုဝန်ကြီးက အိမ်ရာတည် ဆောက်ပေးမည်ဟု ဆိုသော် လည်း အခန်းအရေအတွက်မည် မျှဖော်ဆောင်ပေးမည်ကို ပြောကြားသွားခြင်းမရှိဘဲ ကျူးကျော် များ နေထိုင်သည့် နေရာဒေသအ လိုက် အရေအတွက်နှင့် မြေနေ ရာ အကျယ်အ၀န်းပေါ်မူတည် ပြီး တန်ဖိုးနည်းအိမ်ရာများ
တည်ဆောက်ကာ ပြန်လည်နေရာချ ပေးမည်ဟု ၀န်ကြီးကဆိုသည်။

‘‘ဒါတွေကိုလည်း ကျွန်တော် တို့ ဘဏ်မှာ အရစ်ကျစနစ်နဲ့ပဲ လုပ်ပေးမှာပါ။
ကျွန်တော်တို့က ၂၀ ရာခိုင်နှုန်းမတည်ပေးရမယ်။ ဘဏ်နဲ့ တစ်ဆင့်ချိတ်ပြီး လုပ်မှာ ဖြစ်တဲ့အတွက် သူ့ဝင်ငွေအာမခံ ချက်ကိုလည်း တစ်ယောက် ယောက်က ထောက်ခံပြီးတော့ အာမခံပေးရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ငွေအရစ်ကျပြန်မသွင်း နိုင်မှာ စိုးလို့ ထောက်ခံချက်တော့ လိုတာပေါ့’’ဟု ဦးစိုးတင့်ကပြော ကြားသည်။

ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို စတင် နေပြီဖြစ်သော်လည်း လက်ရှိတွင် ရွေးကောက်ပွဲကာလရောက်နေ သည့်အတွက် စီမံကိန်းများ ရပ်နားထားပြီး ရွေးကောက်ပွဲပြီး နောက် စီမံကိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဟု သိရသည်။
ဆောက်လုပ်ရေးဝန်ကြီး ဌာနက လက်ရှိအစိုးရလက်ထက် တွင် အခန်းပေါင်း ၅၇,၀၀၀ ကျော် တည်ဆောက်ရန် စီစဉ်ထားပြီး ၃၈,၀၀၀ ကျော်ကို တည်ဆောက်ပြီးဖြစ်ကြောင်းနှင့် ၁၉,၀၀၀ ကျော်ကို ယခုနှစ်အတွင်း ဆက်လက်တည် ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service