ကွန်ဒိုမီနီယံ ဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်ပေးရန်လိုအပ်နေ

ကွန်ဒိုမီနီယံ ဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်ပေးရန်လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
10 Sep 2015 9:38 am တွင် တင်ခဲ့သည်
883 ကြိမ် ကြည့်ရှု့ပြီး
အတည်ပြုပြဋ္ဌာန်းရန်လိုအပ်နေသည့် ကွန်ဒို မီနီယံဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည့် အထပ်နှင့် မြေပိုင်ဆိုင်မှုဆိုင်ရာ သတ်မှတ်ချက်များတွင် အားနည်းချက်များရှိကာ အငြင်းပွားဖွယ်ရာများြ ဖစ်လာနိုင်ခြင်းကြောင့်ြ ပန်လည်ပြင်ဆင်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပြန်လည် ပေးပို့ထားကြောင်း ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများက ပြောသည်။

"ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက ပြန်ပြီးတင်ပြထားတာရှိပေမယ့် လွှတ်တော်က နားသွားတော့ လက်ရှိအနေအထားအရ ဥပဒေထွက်ဖို့ ခက်ခဲနိုင်ပါလိမ့် မယ်။ ခြောက်ထပ် အထက်နဲ့ မြေပိုင်ဆိုင်မှု တို့နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် တွေ ပြန်ဆွေးနွေးမှ အဆင်ပြေနိုင်မယ်" ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဝင် M.K.T ဆောက်လုပ်ရေးကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးမျိုးမြင့်က ပြောသည်။

၂၀၁၂ ခုနှစ်က စတင်ရေးဆွဲခဲ့သည့် ကွန်ဒို မီနီယံဥပဒေ (စုပေါင်းပိုင် အဆောက်အအုံဥပဒေ)ကို အခန်းပေါင်း ၆၀ ဖြင့် ရေးဆွဲထားပြီး အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့တွင် ပြင်ဆင်ချက်အများအပြားဖြင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့သည်။ သို့သော် အင်္ဂလိပ်အစိုးရ လက်ထက်က ပြဋ္ဌာန်းထားသည့် ဥပဒေကို ၁၉၈၇ ခုနှစ်က ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် လက်ရှိတည်ဆဲဥပဒေဖြစ်သည့် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း လွှဲပြောင်းခြင်းဆိုင်ရာဥပဒေနှင့် ငြိစွန်းနေခြင်းကြောင့် ယင်းဥပဒေကြမ်း ကို တင်ပြလာသည့် ဆောက်လုပ်ရေးဝန်ကြီး ဌာနက ပြန်လည်ရေးဆွဲတင်ပြရန် ၂၀၁၅ ခုနှစ်၊ မေလတွင် ဥပဒေကြမ်းကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ အကြမ်းရေးဆွဲထားသည့် ကွန်ဒိုမီနီယံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆောက်လုပ်ထားသည့် အဆောက်အအုံပေါ်တွင် နေထိုင် သူများမှာ ယင်းမြေကို အချိုးကျပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်ပြီး နိုင်ငံခြားသားများမှာ ခြောက်ထပ်နှင့်အထက် တိုက်ခန်းများကို အဆောက်အအုံတစ်ခုလုံး၏
၄၀ ရာခိုင်နှုန်းအထိ တရားဝင်ဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။

၎င်းအပြင် အနည်းဆုံး မြေအကျယ်အ၀န်း တစ်ဧကအတွင်း ဆောက်လုပ်ထားသည့် အဆောက်အအုံကိုသာ ကွန်ဒိုအဖြစ်သတ်မှတ်မည် ဖြစ်သည်။ "ကွန်ဒိုဥပဒေထွက်လာ လို့လည်း အိမ်ခြံမြေအရောင်းအ၀ယ်က တက်လာမှာ မဟုတ်သေးဘူး။ ဥပဒေမှာကလည်း အားနည်းချက် တွေ အများကြီးရှိပါတယ်။ နိုင်ငံခြားသားတွေ နာမည်ခံပြီး ၀ယ်ထားတာတွေကို တရားဝင်ဖြစ်အောင် ဘယ်လိုပြန်လုပ်ပေးမယ်ဆိုတာ လည်း မတွေ့ရပါဘူး" ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service