မြို့ပြစီမံကိန်း ပုံစံသစ်ကို မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် (၂၀) တွင် ရေးဆွဲသွားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
အိမ်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် ပုံစံအသစ်ကို ပြန်ပြီးရေးဆွဲမှာ ဖြစ်တယ်”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက The Messenger Media သို့ ပြောသည်။
မြို့နယ်အလိုက် တိုးတက်လာသည့် လူဦးရေနှင့်အညီ အိမ်ရာများ အခြေခံ အဆောက်အအုံများ စသည့် လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးနိုင်ရန် လူဦးရေတစ်သိန်းနှင့် အထက်ရှိသည့် မြို့နယ်များတွင် ရေးဆွဲနေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ စီမံကိန်း ရေးဆွဲပြီးပါက ယင်းမြို့နယ်များတွင် စီးပွားရေး လူမှုရေးနှင့် မြို့ပြဖွံ့ဖြိုးရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ရန်ကုန်မှာလည်း နှစ်စဉ်တိုးတက်နေတဲ့ လူဦးရေနဲ့အညီ အိမ်ရာဖန်တီး ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်တာမှာ အိမ်ရာမဲ့တွေ အတွက် ဦးစားပေး ဆောင်ရွက်မယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြနှင့် မြေနေရာ စီမံခန့်ခွဲရေးဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောသည်။
မြန်မာနိုင်ငံအတွင်း လူဦးရေအများ အပြားရှိသည့် မြို့နယ်များအား မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ပုံစံရေးဆွဲခြင်းကို ၂၀၁၂ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် မြို့နယ်ပေါင်း(၅၀) ကျော်ကို ပုံစံသစ် ရေးဆွဲခြင်း ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
Credit: messenger