ဟိုတယ်စီမံကိန်းသစ်တစ်ခုအတွက် ကမ္ဘာကျော်ဟီလ်တန်လုပ်ငန်းစုကြီးနှင့် ပြည်တွင်းကုမ္ပဏီတစ်ခုတို့ စာချုပ်ချုပ်ဆိုရန် စီစဉ်နေ

ဟိုတယ်စီမံကိန်းသစ်တစ်ခုအတွက် ကမ္ဘာကျော်ဟီလ်တန်လုပ်ငန်းစုကြီးနှင့် ပြည်တွင်းကုမ္ပဏီတစ်ခုတို့ စာချုပ်ချုပ်ဆိုရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
4 Sep 2015 10:58 am တွင် တင်ခဲ့သည်
1577 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့လယ်တွင် တည်ဆောက်မည့် ဟိုတယ်စီမံကိန်းတစ်ခုအတွက် နိုင်ငံတကာ ဟိုတယ်လုပ်ငန်းစုကြီး Hitton Worldwide သည် ပြည်တွင်းစီးပွားရေး ကော်ပိုရေးရှင်း တစ်ခုဖြစ်သော Crown Advanced Construction နှင့် သဘောတူစာချုပ်ချုပ်ဆိုရန် စီစဉ်ဆောင်ရွက်နေကြောင်း Crown Advanced Construction ဒါရိုက်တာ တစ်ဦးက မြန်မာတိုင်း(မ်)ကိုပြောသည်။


ရန်ကုန်မြို့လယ်ရှိ Centrepoint Towers တွင် အခန်း ၃၀၀ ပါရှိသော ဟိုတယ်တစ်လုံး ဆောက်လုပ်ရန် ၂၀၁၃ ခုနှစ်၊ မတ်လက Hilton Worldwide နှင့် ထိုင်းအခြေစိုက် ကုမ္ပဏီ LP Holdings တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့အပြီး နှစ်နှစ်ကျော်အကြာတွင် အထက်ပါ ဟိုတယ်စီမံကိန်းသစ် တည် ဆောက်မည့်သတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ Centrepoint Towers တွင် တည်ဆောက်မည့် ဟိုတယ်စီမံကိန်းမှာ စာချုပ်ချုပ် ဆိုခဲ့ပြီးချိန်ကစတင်၍ အခက် အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး ယခုအချိန်အထိ ပြီးစီးမှုမရှိသေးပေ။ ယခုတည်ဆောက်မည့် ဟိုတယ်သစ်သည် ဈေးဆိုင်ခန်းများနှင့် လူနေကွန်ဒိုတိုက်ခန်းများ ပါဝင်သည့် ကျပ် ဘီလျံ ၄၀၀ (အမေ ရိကန်ဒေါ်လာ ၃၂၄ သန်း) ကုန်ကျမည့် Time City စီမံကိန်း၏ အစိတ် အပိုင်း တစ်ခုဖြစ်သည်ဟု Crown Advanced Construction ၏ ဒါရိုက်တာ Siao Si က ပြောသည်။

"ကျွန်တော်တို့ ဟိုတယ်ကို စီမံခန့်ခွဲမှာကတော့ Hilton ကုမ္ပဏီပဲဖြစ်ပါတယ်။ သဘောတူစာချုပ် မချုပ်ဆိုရသေးပေမယ့် စာချုပ်ချုပ်ဆိုဖို့ ဆုံးဖြတ်တော့မှာပါ"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက်ခဲ့သော Hilton Worldwideသည် ဖွင့်လှစ်ခဲ့ပြီးသော ငပလီနှင့် နေပြည်တော်တို့ ရှိ ဟိုတယ်နှစ်လုံးအပါအ၀င် လာမည့် နှစ်နှစ်အတွင်း ဖွင့်လှစ်တော့မည့် ပုဂံ၊ အင်းလေးကန်နှင့် မန္တလေးတို့ရှိ ဟိုတယ်သုံးလုံး စုစုပေါင်း ဟိုတယ်ငါးလုံးစီမံကိန်းအတွက် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သော အေဒင်အုပ်စုနှင့် လက်ရှိစာချုပ်ချုပ်ဆိုထားသည်။

Crown Advanced Construction နှင့် စာချုပ်ချုပ်ဆိုမည့် အကြောင်းကိုကုမ္ပဏီမူဝါဒကြောင့်လတ်တလောတွင်
ပြောကြား နိုင်ခြင်းမရှိသော်လည်း Hilton ကုမ္ပဏီသည် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု အပြည့် အ၀ရှိနေသေးပြီး မြန်မာနိုင်ငံ
အတွင်းံHilton ၏ တည်ရှိမှုကို ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများကိုလည်း အမြဲဆိုသလို ရှာဖွေနေကြောင်း Hilton က ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။

Time City စီမံကိန်းတွင် ပါဝင်သည့် ဟိုတယ်သစ်သည် ရန်ကုန်မြို့တွင် တည်ဆောက်မည့် ပထမဆုံး စီးပွားရေးနှင့် လူနေမှု အဆောက်အအုံစီမံကိန်းများထဲက အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။ ယင်းစီမံကိန်းကို ကမာရွတ်မြို့နယ်ရှိ၁၀ဧကကျယ်ဝန်းသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်
မြေကွက်တွင် တည်ဆောက်မည်ဖြစ်သည်။

"ဒီနေရာက အရင်တုန်းက တစ်ပတ်ရစ်ကားတွေ အရောင်းအ၀ယ်လုပ်တဲ့နေရာပါ။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်ရောက်တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒီနေရာကို ဖွံ့ဖြိုးလာအောင် ဆောင်ရွက် ချင်တဲ့ ဆန္ဒရှိခဲ့တယ်။ ဒီနေရာကို ဖွံ့ဖြိုး အောင်ဆောင်ရွက်ပြီးရင် လည်း တစ်ပတ်ရစ်ကားအရောင်းအ၀ယ်နေရာကို ဆက်လက်ထားရှိပေးမှာပါ။ စတုရန်း မီတာ ၈၀,၀၀၀ ခန့်ကို တစ်ပတ်ရစ်ကားရောင်းဝယ်ရေးသမားတွေ အသုံးပြုဖို့အတွက် စီစဉ်ပေးမှာပါ"ဟု မစ္စတာ Siao က ပြောသည်။

ယင်းစီမံကိန်းတွင် ရုံးခန်းတာဝါနှစ်ခု၊ ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး၊ အဆင့်မြင့်ကွန်ဒိုမီနီယံ တိုက်ခန်းပေါင်း ၂၆၀ ၊ ဈေးဆိုင်ခန်း ၃၇ ခန်း၊ Yadanar Mallဟုအမည်ပေးထားသော ကျောက်မျက်ရတနာအရောင်းခန်းမ တစ်ခုနှင့် အထပ် ၁၄ ထပ်ပါ တစ်ပတ်ရစ် ကားရောင်း ၀ယ်ရေးစင်တာတစ်ခုတို့ ပါဝင် သည့် အဆောက်အအုံ ၁၀ လုံး ပါဝင်မည်ဖြစ်သည်။

"ဆောက်လုပ် မှု လုပ်ငန်းတွေကို ၂၀၁၃ နှစ်ကုန်ပိုင်း လောက်က စတင်ခဲ့ပြီး အဓိက တည်ဆောက်ရေး လုပ်ငန်းကိုတော့ နောက်နှစ်အကုန်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်" ဟု မစ္စတာ Siao ကပြောသည်။

ကွန်ဒိုတိုက်ခန်းနှင့် ရုံးခန်းများ၏ ဈေးနှုန်း မှာ တစ်စတုရန်းမီတာလျှင် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၃၀၀ ခန့်ရှိကြောင်းနှင့် လူနေ တိုက်ခန်းများမှာ ရုံးခန်းများထက်အနည်း ငယ်ဈေးသက်သာကြောင်း ၎င်းက ပြောသည်။

မစ္စတာ Siao က ၎င်းမြေနေရာမှာ ဘိုးဘွားပိုင်မြေနေရာဖြစ်ကြောင်း ပြောသည်။ ကွန်ဒိုတိုက်ခန်းအများစုကို ရောင်းချပြီး ဖြစ်ကြောင်းနှင့် ဈေးဆိုင်ခန်းအားလုံးကိုလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ ထံ ရောင်းချခဲ့ပြီးပြီဟု မစ္စတာ Siao က ပြောသည်။

"ဈေးဆိုင်ခန်းတွေနဲ့ကွန်ဒိုတိုက်ခန်းတွေရဲ့ ရောင်းအားအပေါ် အားရ ကျေနပ်မိပါတယ်"ဟု ၎င်းကပြောပြီး ရုံးခန်း များကို နိုင်ငံပေါင်းစုံပါဝင်သော ကုမ္ပဏီ များကို အဓိကဦးတည် ရောင်း ချနိုင်ရန် မျှော်မှန်းထားသော်လည်း ရုံးခန်းနေရာများ ၀ယ်ယူမှုနှင့် ပတ်သက်၍ လက်ရှိဥပဒေ များတွင် မရေရာမှုများရှိနေခြင်းက ၀ယ်ယူ မည့်သူများအတွက်အခက်အခဲဖြစ်စေ ကြောင်းလည်း ပြောသည်။

စီမံကိန်းအတွက် ဆောက်လုပ်ရေး ကုမ္ပဏီများမှာ ကော်ပိုရေးရှင်းအတွင်း ပါဝင်သည့် ကုမ္ပဏီများဖြစ်ပြီး တရုတ် ဗိသုကာတစ်ဦးက ဒီဇိုင်းအတွက် တာဝန်ယူထားသည်ဟု ၎င်းကပြောသည်။
ဓာတ်လှေကားနှင့် စက်လှေကားများ တပ်ဆင်မှုအတွက် Jardine Schindler ကို ငှားရမ်းထားပြီးဖြစ်သည်။

Crown Advanced ကုမ္ပဏီသည် ၎င်းကိုယ်ပိုင် အဆင့်မြင့် အိမ်ရာစီမံကိန်း တစ်ခုဖြစ်သော မင်းရဲကျော်စွာ ကွန်ဒို မီနီယံကိုလည်း ရန်ကုန်တွင် တည်ဆောက် နေပြီး စင်ကာပူကုမ္ပဏီ United GP ၏ 68 Residence နှင့် အေ၀မ်းအုပ်စု၏ Sky Condo အပါအ၀င် နာမည်ကြီးစီမံကိန်း အချို့အတွက် ဆောက်လုပ်သူ ကွန်ထရက်တာ အဖြစ်လည်း ဆောင်ရွက်နေသည်။

ထို့ပြင် ပြည်တွင်းစီးပွားရေး ကော်ပို ရေးရှင်းကြီးတစ်ခုဖြစ်သော ၀မင်းကုမ္ပဏီများ အုပ်စုက ဆောင်ရွက်နေသည့ှ် Sanchaung Garden Residence နှင့် Manawhari Commercial Complex စီမံကိန်းတို့တွင် လည်း ကွန်ထရက်တာအဖြစ် လုပ်ကိုင်လျက်ရှိသည်။

Crown Advanced သည် ဧရာဝတီမြစ်ကို ဖြတ်သန်း၍ အိန္ဒိယ၊ မြန်မာနှင့်ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီးနှင့်ဆက်သွယ်ထားသည့် ပခုက္ကူရှိ မြန်မာနိုင်ငံ၏ အရှည် ဆုံးတံတား အပါအ၀င် တံတားအချို့နှင့် မြန်မာနိုင်ငံ တောင်ပိုင်းရှိလမ်းများစွာကိုလည်း တာဝန်ယူ ဖောက်လုပ်လျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ထို့ပြင် လှိုင်မြစ်ကိုဖြတ်သန်းဆောက် လုပ်ထားသော ဘုရင့်နောင်တံတား(၂)နှင့် ဒေါပုံနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ကို ဆက်သွယ် ထားသော ငမိုးရိပ်တံတားတို့ကိုလည်း ရန်ကုန် တွင် တည်ဆောက်လျက်ရှိသည်ဟုမစ္စတာSiao က ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service