လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ

လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ - Property Knowledge in Myanmar from iMyanmarHouse.com
3 Sep 2015 10:48 am တွင် တင်ခဲ့သည်
2484 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

သင့်အိမ်တစ်ခုလုံးရဲ့နေရာတိုင်းလိုလိုမှာ အမည်ဖော်ပြလို့မရ ဟို နားတစ်စ သည်နား တစ်စရှိနေတတ်တဲ့ အရာဝတ္ထုတွေကြောင့် တစ်ခါတစ်လေမှာ အရမ်းစိတ်ရှုပ်ထွေးလာရပြီး အိမ်ကနေတောင် ထွက်သွားချင်လောက်အောင်ကို ဖြစ်ဖူးမှာပါ။ မိသားစုဝင်တိုင်းသုံး စွဲကြတဲ့ အသုံးအဆောင်တွေအားလုံးက တစ်အိမ်လုံးစာ ပြန့်ကျဲနေ မယ်ဆိုရင်တော့ လူတွေတောင် နေစရာနေရာရှိတော့မှာ မဟုတ်ပါ ဘူး။ အခန်းတိုင်း နေရာတိုင်းမှာ ပြန့်ကျဲနေတဲ့အရာဝတ္ထု အသုံးအ ဆောင်တွေက တကယ်လိုအပ်မယ့်အရာတွေ၊ စွန့်ပစ်ထုတ်လိုက် တော့မဲ့ အရာတွေမှန်းမသိ မသိမ်းဆည်းနိုင်တော့ပဲ လူတစ်ဦးစာနေ ထိုင်လို့ ရလောက်မယ့်အနေအထား အကျယ်လောက်ကို ဖယ်ဖယ် ပြီးနေထိုင်ကြရတာက ရေရှည်အတွက်တော့ မကောင်းပါဘူး။ ဒီ တော့ အိမ်တစ်ခုလုံးမှာ ရှုပ်ပွပြန့်ကျဲပြီးနေထိုင်စရာနေရာမရှိတော့ လောက်အောင် နေရာယူထားတဲ့ မလိုအပ်တဲ့အရာတွေ၊ အသုံးမဝင် တော့တဲ့ အဟောင်းအပျက်အစီးတွေနဲ့ စွန့်ပစ်သင့်တဲ့အရာတွေကို သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဖန်ကွဲစ မှန်ကွဲစအပိုင်းအစတွေက ထိခိုက်ရှနာမှုတွေဖြစ်စေနိုင် တဲ့အတွက် အိမ်ခန်းထဲကနေအမြန်ဆုံးဖယ်ရှားလိုက်ပါ။ နောက်ပြီး ပေါက်ပြဲနေတဲ့ ပလက်စတစ်ပုံးတွေ၊ စက္ကူပုံးခွံတွေ အဝတ်ပုံးတွေကို လည်း စွန့်ပစ်လိုက်ပါ။

၂။ မှားယွင်းနေတဲ့ ပါဝါ၊ မှန်ဘီလူးတွေနဲ့ မိမိမျက်လုံးကျန်းမာရေးထိ ခိုက်နိုင်တဲ့ မျက်မှန်၊ အလှမျက်မှန်တွေကို စွန့်ပစ်သင့်ပါတယ်။ နောက်ပြီး မှင်ကုန်နေတဲ့ ဘောပင်အစုတ်တွေ၊ ဆော့ပင်အဟောင်း တွေကိုလည်းပစ်ထုတ်လိုက်ပါ။

၃။ အိုဟောင်းပြီး ဒီဇိုင်းတုံးနေတဲ့ အဝတ်အစားအဟောင်းတွေ၊ တစ်ခါမှ မဝတ်ဖူးသေးတဲ့ မာဖလာ၊ ပုဝါတွေက တကယ့်ကို ရှုပ် ပွစေပြီး တကယ့်အသုံးမတည့်တော့တဲ့အတွက် လွှင့်ပစ်လိုက်ပါ။

၎။ နှစ်ရက်ထက်ကျော်တဲ့ နေ့စဉ်ထုတ်သတင်းစာတွေ၊ တစ်လထက် ကျော်တဲ့ လစဉ်မဂ္ဂဇင်းအဟောင်းတွေကို အိမ်ရဲ့စားပွဲတွေမှာ မထား သင့်တော့ပါဘူး။ နေရာကျယ်ကျယ်ယူပြီး ရှုပ်ပွစေတဲ့အတွက်လည်း လွှင့်ပစ်လိုက်သင့်တာပါ။

၅။ သားရေကွင်း၊ ပလက်စတစ်ကြိုးခွေ၊ ဘူးခွံအစုတ်တွေကို ဘာလို့ အလုပ်ရှုပ်ခံပြီး သိမ်းထားမှာလဲ။ လိုမှ မလိုအပ်ပဲ လွှင့်ပစ်လိုက်တာ အကောင်းဆုံးဖြစ်ပြီး မျက်စိလည်းရှင်းပါတယ်။

၆။ ဓာတ်ခဲ၊ ဘက်ထရီအားကုန်နေတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ မီးသီး၊ မီးချောင်း၊ ရီမုတ်၊ အိမ်သုံးပစ္စည်းတွေကိုလည်း သင့်အိမ်ခန်းတွေထဲ မှာ မသိမ်းထားပါနဲ့။ အသုံးမရချင်းအတူတူ လွှင့်ပစ်လိုက်တာ ပိုပြီး ကောင်းပါတယ်။

၇။ အသုံးပြုပြီးသား တစ်သျှူးစတွေ၊ စက္ကူစုတ်တွေ၊ ပလက်စတစ်အ ခွံတွေကိုတောင် အမှိုက်ပုံးထဲသွားထည့်ဖို့ ဝန်လေးကြတော့ သင့်ရဲ့ အိမ်မှာပွထနေသလိုဖြစ်နေတာပေါ့။ ဒီတော့ ဝန်လေးမနေပဲ အမှိုက် ပုံးထဲ စနစ်တကျစွန့်ပစ်လိုက်ပါ။

၈။ အမျိုးသမီးတွေရှိတဲ့ အိမ်တွေမှာဆို မှန်တင်ခုံတွေမှာ ပွထနေတဲ့ မိတ်ကပ်အလှဆင်ပစ္စည်းတွေထဲက တစ်ဝက်လောက်ကသာ အသုံး ဝင်ပါတော့တယ်။ ကျန်တာတွေကတော့ ပစ္စည်းမကုန်လို့ပဲဖြစ်ဖြစ်၊ ပစ္စည်းကုန်သွားရင်တောင်ပဲဖြစ်ဖြစ် အသုံးမပြုတော့တဲ့ ပစ္စည်းတွေ ကို မလွှင့်ပစ်ရက်လို့ သိမ်းထားတတ်ကြတာပါ။ အဲ့ဒီအရာတွေက လည်း အိမ်ကို ရှုပ်ပွနေစေတာကြောင့် စိတ်ပြတ်ပြတ်သားသားနဲ့ပဲ စွန့်ပစ်လိုက်ဖို့ လိုပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ရေးသား ဖော်ပြသည်။)
လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ - Property Knowledge in Myanmar from iMyanmarHouse.com
လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ - Property Knowledge in Myanmar from iMyanmarHouse.com
လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ - Property Knowledge in Myanmar from iMyanmarHouse.com
လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ - Property Knowledge in Myanmar from iMyanmarHouse.com
လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ - Property Knowledge in Myanmar from iMyanmarHouse.com
လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ - Property Knowledge in Myanmar from iMyanmarHouse.com
လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ - Property Knowledge in Myanmar from iMyanmarHouse.com
လွှင့်ပစ်ချိန်တန်ပြီဆိုတဲ့ သင့်အိမ်ထဲက အမှိုက်လိုဖြစ်နေတဲ့အရာတွေ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...

စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service