မြေပြိုမှုကြောင့် ဟားခါးတစ်မြို့လုံးပြောင်းရွှေ့မည်မဟုတ်ဘဲ လုံးဝနေထိုင်ရန်ဖြစ်သည် ဟားခါးမြို့သစ်နေရာမပါဝင်ဘဲ မြို့ဟောင်းနေရာသာ

မြေပြိုမှုကြောင့် ဟားခါးတစ်မြို့လုံးပြောင်းရွှေ့မည်မဟုတ်ဘဲ လုံးဝနေထိုင်ရန်ဖြစ်သည် ဟားခါးမြို့သစ်နေရာမပါဝင်ဘဲ မြို့ဟောင်းနေရာသာ - Property News in Myanmar from iMyanmarHouse.com
27 Aug 2015 10:09 am တွင် တင်ခဲ့သည်
869 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှု၊ မြေအက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဟားခါးမြို့ဟောင်းနေရာမှာ ဆက်လက်နေထိုင်ရန် လုံးဝမဖြစ်တော့သည့်အတွက် ပြောင်းရွှေ့ရမည်ဖြစ်ပြီး မြို့သစ်နေရာများ မပါဝင်ကြောင်း ဟားခါးမြို့၏ မြေမျက်နှာသွင်ပြင်ဆိုင်ရာအခြေအနေများ လေ့လာရာတွင် ပါဝင်သည့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဦးကျော်ထွန်းက ပြောကြားသည်။

“ဟားခါးတစ်မြို့လုံး ပြောင်းရမယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ လုံးဝနေလို့မရတဲ့ နေရာတွေကို တွေ့ထားပြီ။ ဆက်နေလို့ လုံးဝမဖြစ်တော့ဘူး။ အဲဒီနေရာတွေကတော့ ပြောင်းရမှာပဲ။ ပြောင်းဖို့အတွက်ပဲ ဆရာတို့ နေရာကောင်းလေးတွေ ရှာထားပြီးပြီ။

ဘယ်လောက်အထိ ပြောင်းရမယ်ဆိုတာကတော့ ပုံဆွဲတာ ဆွဲလို့မပြီးသေးပါဘူး။ ပြောင်းတာကတော့ ပြောင်းရမယ်။ ဒါပေမဲ့ တစ်မြို့လုံးတော့ မပြောင်းရပါဘူး။ ဟားခါးမြို့ဟောင်းက တော်တော်ထိတာကိုး။ မြို့သစ်ဘက်က သိပ်မထိဘူး။ ပြိုတဲ့နေရာက လုံးဝ နေလို့မရတော့တဲ့အတွက် ပြောင်းဖို့အတွက် အကြံပြု မှာပါ။ အဲဒီနေရာတွေက နေလို့မဖြစ်တော့ဘူး”ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဦးကျော်ထွန်းက ပြောကြားသည်။

“တချို့ အခြေအနေဆိုးတဲ့နေရာတွေ လုံးဝကို နေလို့မရတော့တဲ့နေရာတွေ အဲဒီနေရာတွေကျတော့ ပြန်ပြီးပြုပြင်မယ်ဆိုရင်လည်း ဒေါ်လာဘီလျံနဲ့ချီပြီး ကုန်ကျမှာဆိုတော့ အဲလိုနေရာမျိုးတွေက ပြုပြင်လို့ရမယ် မရဘူးအစား သူတို့ကို နေရာတစ်ခု ချပေးတာက ပိုကောင်းမယ်ဆိုပြီး အကြံပြုတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဟားခါးမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေနဲ့ပတ်သက်ပြီး ဟားခါးရဲ့ လက်ရှိမြေအနေအထားအရ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကို ဇုန်တွေ ခွဲခြားသတ်မှတ်ပြီးတော့ လေ့လာခဲ့တယ်။ ကျွန်တော်တို့ ဒီနေ့(သြဂုတ် ၂၄)မှာ လက်ရှိ လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အစည်းအဝေးတွေ လုပ်နေကြပါတယ်။ ဒီလေ့လာတွေ့ရှိချက်တွေကို အသေးစိတ်ရေးသားပြီးလာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ ထုတ်ပြန်သွားဖို့ရှိပါတယ်”ဟု မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ ဦးကျော်ထွန်းက သြဂုတ် ၂၄ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ဟားခါးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဖြစ်ပေါ်နေသည့် မြေပြိုမှု၊ မြေအက်ကွဲမှု စသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ မြေသားထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘူမိအင်ဂျင်နီယာလုပ်ငန်းများကို အသေးစိတ် လေ့လာခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပာားခါးမြို့တွင် အန္တရာယ်ရှိနိုင်သည့် အနေအထားများအလိုက် မြေနေရာများကို ဇုန်အလိုက် သတ်မှတ်ကာ အရေးပေါ်က­ာကွယ်ရမည့် လုပ်ငန်းများ၊ ရေရှည်အတွက် ထိန်းသိမ်းရမည့် မြေထိန်းနံရံများ ဆောက်လုပ်နိုင်ခြင်း၊ မြေသား တည်ငြိမ်မှု (Land Stability) ရှိနိုင်ရန်အတွက် ဘူမိဗေဒပညာရပ်များကို အသုံးချ၍ နိုင်ငံတကာ အတွေ့အကြုံများကို အခြေခံကာ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြေသားစမ်းသပ်ခြင်းလုပ်ငန်းနှင့် မြေသားထိန်းချုပ်မှုလုပ်ငန်းများ၊ မြေထိန်းနံရံ တည်ဆောက်ရေးနှင့် ဘူမိဗေဒမြေပုံရေးဆွဲနိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ပညာရှင်များမှ ပာားခါးမြို့တွင် ကနဦးလေ့လာကြပြီး သက်ဆိုင်ရာဒေသခံ တာဝန်ရှိသူများနှင့် ပြည်သူများကိုလည်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Credit: Eleven News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service