စာရွက်စာတမ်းအတု အများအပြားပေါ်ထွက်လာသည့်အတွက် အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်ရာတွင်ဂရုစိုက်ရန်လို

စာရွက်စာတမ်းအတု အများအပြားပေါ်ထွက်လာသည့်အတွက် အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်ရာတွင်ဂရုစိုက်ရန်လို - Property News in Myanmar from iMyanmarHouse.com
13 Aug 2015 12:07 pm တွင် တင်ခဲ့သည်
3701 ကြိမ် ကြည့်ရှု့ပြီး
နည်းပညာမြင့်မားလာခြင်းနှင့်အတူ ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းအတုများကိုအစစ်နီးပါးခွဲခြားမရအောင် ပြုလုပ်လာကြသည့်အပြင်အိမ်ခြံမြေအရောင်းအ၀ယ်အေးနေသည့်ယခုလိုအချိန်မျိုးတွင်ဝယ်ရောင်းများ၊ မြေကွက်ပိုင်ရှင်များက၎င်းတို့၏ပိုင်ဆိုင်မှုများကိုငွေလှည့်သုံးသည့်ဖြစ်ရပ်များ ဈေးကွက်အတွင်း အများအပြားတွေ့မြင်နေရသည့်အတွက် အရောင်းအ၀ယ်များပြုလုပ်ရာတွင်ပိုင်ဆိုင်မှုမှန်၊ မမှန်နှင့်အရှုပ်အရှင်းရှိ၊မရှိကိုဦးစွာစိစစ်ပြီးမှဝယ်ယူသင့်ကြောင်းမြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း
တာဝန်ရှိသူများက ပြောသည်။

“တချို့မြေကွက်တွေဆိုဂရန်က နှစ်ခု၊သုံးခုလောက်တွေ့ရလို့ မြေချပါမစ်တွေ၊စလစ်တွေဆိုရင်လည်းမြေကွက်တစ်ခုအတွက်ကိုငါးစောင်၊ ခြောက်စောင်လောက် တွေ့ဖူးတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း(ဗဟို)
အထွေထွေ အတွင်းရေးမှူးဒေါ်မို့မို့အောင်က ပြောသည်။

အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်များကိုစလစ်၊ မြေငှားစာချုပ်(ဂရန်)နှင့်မြေချပါမစ်များဖြင့်အရောင်းအ၀ယ်ပြုလုပ်နေကြခြင်းကြောင့် ၀ယ်သူအများစုသည် စာရွက်စာတမ်း အထောက်အထားများ မှန်၊ မမှန်ကိုစိစစ်ဝယ်ယူမှု အားနည်းသည့်အတွက် မသမာသူများ၊ မြေရှင်အချို့နှင့် ၀ယ်ရောင်းအချို့မှယင်းအားနည်းချက်ကိုအခွင့်ကောင်းယူကာမြေကွက် တစ်ကွက်ကို ၀ယ်ယူသူနှစ်ဦး သို့မဟုတ် ထို့ထက်ပိုပြီးရောင်းချခဲ့သည့် ဖြစ်စဉ်များကြောင့် တရားရုံးများတွင် မြေကွက်များကို လက်ရောက်ရရှိလိုမှုဖြင့် ဦးတိုက်လျှောက်ထားမှုများအများအပြားတွေ့မြင်လာရသည့်အတွက် လိမ်လည်ရောင်းချမှုများကို အမှုဖွင့်ကာ
တရားစွဲဆိုခဲ့ရသည့် ဖြစ်စဉ်များကိုလည်းတွေ့မြင်လာရကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

“တချို့စာရွက်စာတမ်းတွေကအတုနဲ့အစစ်ခွဲဖို့ခက်တယ်။
မြေပိုင်ဆိုင်မှု မှန်၊ မမှန် ကို သွားစစ်ပြီးမှ ငွေချေရင်တော့ ဒီပြဿသနာမဖြစ်ပါဘူး။

အခုနောက်ပိုင်းအရောင်းအ၀ယ် အေးတော့ပိုင်ရှင်တွေက ပေါင်ထားတာများတယ်။တစ်ဖက်ကလည်း ပေါင်ထားပြီးဖြစ်သလို တစ်ဖက်မှာလည်း ငွေလိုလို့ရောင်းချင်တဲ့အတွက် အခုလိုဂရန်အတုတွေ၊ပါမစ်အတုတွေဇာတ်လမ်းဖြစ်လာတယ်”ဟု အေးရိပ်စံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကဦးဝင်းထိန်က ပြောသည်။

မြို့ကွက်အသစ်များ ဖော်ထုတ်ပြီးအများပြည်သူကို မြေနေရာများချပေးရာတွင်အိုးအိမ်ဦးစီးဌာနကမိသားစုဓာတ်ပုံပါ မြေချပါမစ်များဖြင့်ချထားပေးခဲ့ပြီး ပါမစ်စည်းကမ်းအရ ထိုမြေချပါမစ်များကို တရားဝင်ပြန်လည်ရောင်းချခွင့်မရှိဘဲ ယင်းမြေကွက်အတွင်း နေအိမ်ဆောက်လုပ်ရန်အတွက်သာ အထောက်အထားတစ်ခုအဖြစ်ထုတ်ပေးထားခြင်းဖြစ်ပြီးဈေးကွက်အတွင်း မြေချပါမစ်များကိုအရပ်စာချုပ်များဖြင့် ချုပ်ဆိုအရောင်းအ၀ယ် ပြုလုပ်လာနေခြင်းများသည်လည်း တရားဝင်မှုမရှိသည့်အပြင် အိုးအိမ်ဦးစီးဌာနက
ထုတ်ပေးသည့်မြေကွက်များအမည်ပေါက်မှန်၊မမှန်ကိုလည်း စိစစ် ပေးလျက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
တာဝန်ရှိသူများက ပြောသည်။

“ကျွန်တော်တို့က မြေစီမံခန့်ခွဲမှုတွေကို မလုပ်တော့ပေမယ့် ကျွန်တော်တို့ထုတ်ပေးထားတဲ့ပိုင်ဆိုင်မှုအထောက်အထား မှန်၊ မမှန်ကိုတော့ စစ်ပေးနေပါတယ်”ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးထွန်းမြင့်အောင်က ပြောသည်။

ရန်ကုန်မြို့ရှိအဆောက်အအုံများ၊ မြေကွက်များ၊ မြို့သစ်များရှိ ပိုင်ဆိုင်မှုဆိုင်ရာအထောက်အထားများကို ၁၉၉၆ခုနှစ်မှစ၍ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံ လွှဲပြောင်းခဲ့ပြီးဖြစ်သော်လည်းအချို့သော အိမ်ရာစီမံကိန်းများနှင့် စက်မှုဇုန်များကို အိုးအိမ်ဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိပြီး လွှဲပြောင်းနေဆဲကာလဖြစ်ကြောင်း
၎င်းက ပြောသည်။

ထို့ပြင်ဝယ်ယူမည့်မြေကွက်များ၏ပိုင်ဆိုင်မှုအထောက်အထား မှန်၊ မမှန်ကိုလည်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ မြေရာဌာနတွင် စိစစ်နိုင်ပြီး အချိန်တစ်ပတ်ခန့်အတွင်း ပြန်လည်အကြောင်းကြားပေး
လျက်ရှိသည်။

မြေရာနှင့် အိမ်ပိုင်ဆိုင်မှုဆိုင်ရာ စာချုပ်စာတမ်းများကို အတုပြုလုပ်ခြင်းများ များပြားလာသည့်အတွက် ထိုပိုင်ဆိုင်မှုစာချုပ်များကိုအပေါင်အဖြစ်ထားကာ ငွေကြေးထုတ် ချေးပေးသောဘဏ်များမှာလည်းစာချုပ်အတုများဖြင့်ငွေကြေးချေးငှားပြီးအလိမ်ခံရမည်ကိုစိုးရိမ်ပူပန်လာရကြောင်း ဘဏ်လုပ်ငန်းရှင်များကပြောသည်။

“ဂရန်အတုတွေနဲ့ ဘဏ်မှာ ပိုက်ဆံလာချေးတာမျိုးက အရင်ကတည်းကရှိပါတယ်။ဒါပေမဲ့အခုဂရန်အတုတွေများနေတော့ ပိုပြီးတော့ သတိထားနေရတယ်။ ဂရန် အတု၊ အစစ်ခွဲဖို့သေချာစိစစ်မှုတွေကိုလည်း

ပြုလုပ်နေရတယ်”ဟု သမ၀ါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။“ဘဏ်မှာ အိမ်၊ မြေတွေရဲ့ဂရန်ကို အပေါင် အနေနဲ့ထားပြီး ပိုက်ဆံချေးပေးတော့မယ်ဆိုရင် အဲဒီဂရန်ကို အတုလား၊ အစစ်လား ခွဲခြားသိဖို့ ဘဏ်ကနေ ရှေ့နေကိုထပ်ငှားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ သွားစစ်ဆေးပါတယ်။

ရှေ့နေငှားခနဲ့ စည်ပင်ကစစ်ဆေးခကိုတော့ ဘဏ်ကနေ အကုန်ခံရတာပေါ့။ဒါပေမဲ့အဲဒီလိုမစစ်ဆေးရင်စာချုပ်အတုတွေကိုသာအပေါင်ခံမိရင်ဘဏ်ကရှုံးမှာပေါ့”ဟု ၎င်းကပြောသည်။

စာချုပ်အတုနှင့် ငွေချေးပြီး အလိမ်ခံရသည့်သတင်းများကို မကြာခဏ ကြားရတတ်သော်လည်း စီဘီဘဏ်သည်
ဂရန်စာချုပ်အတုနှင့်ပိုက်ဆံချေးပြီးအလိမ်ခံရခြင်းကိုယခုအချိန်ထိမတွေ့ကြုံရသေးကြောင်း ဦးဖေမြင့်က ပြောသည်။

“စာချုပ်တစ်ခုတည်းကို အတုသုံးလေးခုလုပ်ပြီး ဘဏ်တွေအားလုံးနီးပါးခန့်မှာ ချေးငွေယူတာမျိုးတွေရှိတယ်။ စာချုပ်အစစ်တစ်ခုကိုလက်ထဲမှာ ကိုင်ထားပြီး အတုတွေလုပ်ပြီးဘဏ်တွေကိုစာချုပ်အတုပြပြီး ချေးတာမျိုးတွေလည်း တွေ့ရတယ်။

တချို့လူတွေကျ သူတို့ဝယ်ထားတဲ့အိမ်တွေ၊ မြေတွေက စာချုပ်အတုနဲ့ လိမ်ရောင်းခံထားရတယ်ဆိုတာ သူတို့ကိုယ်တိုင်မသိဘဲ ငွေလာချေးတဲ့သူမျိုးတွေလည်းရှိတယ်”ဟု ၎င်းက ပြောသည်။

Credit : The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service