ခေတ်သစ်တိုက်ခန်းနေလူတန်းစားနှင့် မြေရှင်စနစ်သစ်

ခေတ်သစ်တိုက်ခန်းနေလူတန်းစားနှင့် မြေရှင်စနစ်သစ် - Property News in Myanmar from iMyanmarHouse.com
4 Aug 2015 11:32 am တွင် တင်ခဲ့သည်
1306 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်းမြင့်မာရေးနှင့် လူဦးရေထူထပ်လာမှုတို့ကို ဖြေရှင်းရာတွင် ခေတ်နှင့်အညီ တည်ဆောက်ထားသော လူနေအိမ်များ အများအပြားလိုအပ်ပေသည်။ ယင်းပြဿနာကို ဖြေရှင်းနိုင်ရန်မှာ မြေနေရာအကျယ်အဝန်းနယ်မြေကို ဧက နည်းနည်းဖြင့် မိသားစုအများအပြားနေထိုင်နိုင်ရန် အဆောက်အဦး တည်ဆောက်မှုမှာ အထပ်အမြင့်အဆောက် အဦးတည်ဆောက်မှုပင်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံအတွင်း လူနေထူထပ်သော ရန်ကုန်တိုင်းဒေသကြီးတွင် ယင်းပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်မြို့တွင်းမှာ ကန်ထရိုက်တိုက်များ လိုအပ်လာခဲ့သည်။ အချို့ နေရာများတွင် ကန်ထရိုက်တိုက်ထက်ပိုမိုကောင်းမွန်သော ကွန်ဒို တိုက်ခန်းများကို တည်ဆောက်နိုင်ရန် အထူးလိုအပ်သည်။

“ ရန်ကုန်မှာက နေထိုင်လူဦးရေက ပိုပိုပြီး များလာနေပြီး၊ တစ်ချို့ မြို့ နယ်တွေမှာ ဆိုရင် လူဦးရေ သိပ်သည်းမှုက အရမ်းဖောင်းပွနေပြီ၊ အဲ့တာတွေကိုခွဲထုတ်နိုင်ဖို့ လိုအပ်တယ်။ နောက်ပြီး ရှိတဲ့ လူဦးရေနဲ့ နေထိုင်အိမ်နဲ့အချိုးချ ကြည့်ရင် အရမ်းကွာနေတာတွေ့ရ လိမ့်မယ်။ အဲ့တာကို ဖြေရှင်းနိုင်တာက အထပ်မြင့်အဆောက်အအုံတွေကို ပိုပြီးတည်ဆောက်ပေးတာပဲ” ဟု အင်ဂျင်နီယာတစ်ဦးက ဆိုခဲ့သည်။
ထို့အတွက် ယခုအခါ ပြည်တွင်းရှိ ကန်ထရိုက်တာအချို့ မှာလည်း မြေနေရာနည်းနည်းဖြင့် ကန်ထရိုက်တိုက်များ၊ ကွန်ဒိုတိုက်ခန်းများ တည်ဆောက်ပေးလာကြသည့်အတွက် လာမည့်အနာဂတ်တွင် ပြည်တွင်းရှိ အိမ်ရာ လိုအပ် မှု ပမာဏကို ဖြည့်တင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်နေခြင်းက အခက်အခဲရှိလာနိုင်သည်။

ကန်ထရိုက်တာနှင့် မြေရှင်
လက်ရှိမြန်မာနိုင်ငံတွင် ကန်ထရိုက်တာများက အထပ်မြင့်အ အဆောက်အအုံတည်ဆောက်ရန် ကန်ထရိုက်တာ မြေပိုင်တွင် တည်ဆောက်ခြင်း ရှိသလို၊ မြေပိုင်ရှင်နှင့် ချိတ်ဆက်ကာ ကန်ထရိုက်တိုက်များ တည်ဆောက်ခြင်း မျိုးလည်း ရှိပေသည်။ ယခု ရန်ကုန်မြို့ တွင် ကန်ထရိုက်အများစုသည် ပုံမှန်အားဖြင့် ရှစ်ထပ်မြင့်အဆောက်အ အုံကို ပိုမိုဆောက်လုပ်လာကြသည်ကို တွေ့လာရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်တစ်ခုလည်းဖြစ်သည့် ရန်ကုန်မြို့သည် နိုင်ငံအတွင်း အိမ်ခြံမြေဈေးမှာ အမြင့်ဆုံးဖြစ်နေသည့်အတွက် ကန်ထရိုက်တာတို့သည် အထပ် အမြင့်အဆောက်အအုံတည်ဆောက်နိုင်ရန် မြေဝယ်ယူတည်ဆောက်နိုင်ခြင်းငှာ မတတ်နိုင်သည့်အတွက် မြေ ပိုင်ရှင်တို့နှင့် ပူးပေါင်းကာ ကန်ထရိုက်တိုက်များ တည်ဆောက်ခြင်းကို ပိုမိုပြုလုပ်ကြသည်။ “ မြေဝယ်ပြီး တိုက် ဆောက်မယ်ဆိုရင် လက်ရှိ မြေဈေးနဲ့ ဘယ်ကန်ထရိုက်တာမှ ဆောက်ပေးနိုင်မယ်မထင်ဘူး။ ဆောက်ပေးပြီပဲ ထားတော့ အဲ့တိုက်က တခြားကန်ထရိုက်တိုက်တွေထက် ပိုပြီးဈေးကြီးမှာပေါ့။ ဒါ့ကြောင့်လည်း မြေရှင်နဲ့ ချိတ် ပြီးဆောက်တာ ပိုများနေတာပေါ့။

အဲ့တာတောင် အခု တိုက်ခန်းတစ်ခန်းဈေးက သိတဲ့အတိုင်းပဲ” ဟု ရန်ကုန် နေအိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုခဲ့သည်။
ယင်းကဲ့သို့ မြေရှင်နှင့် ချိတ်ဆက်ဆောင်ရွက်သည့်အတွက် အဆိုပါတိုက်၏ မြေယာပိုင်ဆိုင်မှုမှာ မူလမြေပိုင်ရှင် နှင့်သာ သက်ဆိုင်သည်။ တိုက်ခန်းဝယ်ယူမည့်သူမှာ မြေပိုင်ဆိုင်မှုမရှိပေ။ တစ်နည်းအားဖြင့် တိုက်ခန်းဝယ်ယူ သူတို့မှာ မြေငှားဘဝပင်ဖြစ်သည်။ ယခုလို တိုက်ခန်းတစ်ခန်းဈေးနှုန်းမှာ ကျပ်သိန်း ၃၀၀ ဝန်းကျင်ရှိနေသော် လည်း ကန်ထရိုက်တိုက်ဖြစ်သည့်အတွက် မြေငှားရမ်းမှုသာရရှိမည်ဖြစ်သည်။ ကန်ထရိုက်တိုက် ဝယ်ယူသူ တို့မှာ မြေငှားပုံစံဖြစ်သည့်အတွက် လစဉ်မြေရှင်ကို မြေငှားခလစာအဖြစ် တန်ဖိုးပမာဏတစ်ခုကို ပေးဆောင် နေရသည်။

ထို့အပြင် တိုက်ခန်းပိုင်ရှင်တို့မှာ မြေငှားဖြစ်သည့်အတွက် ၎င်းတို့ပိုင်တိုက်ခန်းများကို ပြန်လည် ရောင်းချခြင်းဖြစ်ဖြစ်၊ ပေါင်နှံခြင်းဖြစ်ဖြစ် မြေရှင်၏ လက်မှတ်ပါဝင်မှ ဆောင်ရွက်နိုင်သည့်အတွက် ကန်ထရိုက် တိုက်ဝယ်ယူထားသူများမှာ ဈေးကြီးပေးဝယ်ထားရသော်လည်း မြေရှင်၊ မြေငှားပုံစံဖြစ်နေခြင်းသည် အလွန့် အလွန်ကို အကြီးတန်လှသည်။ ယင်းကိစ္စရပ်များကိုလည်း တာဝန်ယူတည်ဆောက်မည့် ကန်ထရိုက်တာများက အသေအချာ ဆောင်ရွက်ပေးထားသင့်သည်။
“ ကန်ထရိုက်တိုက်တွေမှာ အဓိကအရေးပါတာက မြေရှင်ပဲ၊ ရောင်းတာဖြစ်ဖြစ်၊ ဝယ်တာဖြစ်ဖြစ် မြေရှင် လက်မှတ်ပါမှရတာ၊ မြေရှင်လက်မှတ်ထိုးဖို့လည်း ပမာဏတစ်ခု သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ တန်ဖိုးကြီးကြီး ပေးပြီး ဝယ်ထားတဲ့တိုက်ခန်းက မြေငှားဆိုတော့ ဥပမာ အဲ့တိုက် သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်ခဲ့သည်ရှိသော မြေပိုင်ရှင်ကပဲကျန်ခဲ့မှာ တိုက်ခန်းနေသူတွေက ဘယ်လိုဖြေရှင်းမလဲ။ အရင် ကန်ထရိုက်ကို လျော်ခိုင်းမလားပေါ့။

ဒါမှမဟုတ် နောက်တစ်ကြိမ်ကန်ထရိုက် တိုက်ဆောက်ရင် အရင်နေခဲ့သူတွေကို ပြန်ပေးမလာ။ တော်တော်ရှင်းယူရမယ့် ကိစ္စပါ” ဟု တိုက်ခန်းနေ ပြည်သူ တစ်ဦးက လက်ရှိဖြစ်ပေါ်နေသော ရန်ကုန်မြို့ ကန်ထရိုက်တိုက်နှင့် မြေရှင်တို့အပေါ်ဝေဖန်သုံးသပ်ခဲ့သည်။

အခြားတစ်ခုမှာတော့ ယင်းကန်ထရိုက်တိုက်ခန်းများထက် ပို၍တန်ဖိုးကြီးမြင့်သော ကွန်ဒိုတိုက်ခန်းများပင်ဖြစ် သည်။ သို့သော် ယခုအခါ ကွန်ဒိုဥပဒေမူကြမ်းတွင် ကွန်ဒိုတိုက်ခန်းပါ အခန်းအရေအတွက်လိုက် မြေပိုင်ဆိုင်မှု ကို အချိုးတူ ရရှိရမည်ဟုပါရှိနေသည့်အတွက် ကွန်ဒိုတိုက်ခန်းနေလူတို့အတွက် အဆင်ပြေသော်လည်း လက်တွေ့ မထွက်လာသေးသည့်အတွက် အတည်ပြုမရသေးပေ။ ယင်းနည်းတူ ကန်ထရိုက်တိုက်များကိုပါ ဥပဒေဖြင့် ကိုင်တွဲပါမည်ဆိုပါက အရာအားလုံးအဆင်ပြေနိုင်ပါသည်။ ယင်းသို့ဆောက်ရွက်ဖို့ဆိုရာတွင်လည်း ကန်ထရိုက်တာပိုင်းမှ တာဝန်ယူမှုက အဓိကလိုအပ်သည်။ ထိုမှမဟုတ်လျှင် ကန်ထရိုက်တိုက်နေ ပြည်သူတို့ မြေငှားဘဝဖြစ် တစ်သက်လုံးအရိုးထုတ်ရမည်သာဖြစ်သည်။ “ သားသမီးရှိလာတော့ သူတို့နောင်ရေးအတွက် အိုးပိုင်၊ အိမ်ပိုင် နေချင်လို့ ကန်ထရိုက်တိုက်လေးကို အရစ်ကျစနစ်နဲ့ ဝယ်လက်တာ။ အိမ်ပိုင်တော့ ဖြစ်ပါတယ်။ မြေကအငှားဖြစ်နေတာ၊ သိတဲ့လူတွေမေးကြည့်ရတယ်။ ဘယ်တတ်နိုင်မလဲ။ အများမိုးခါးရေသောက်တော့ လည်းလိုက်သောက်ရမှာပေါ့။ မြေငှားဆိုလည်းမြေငှားပေါ့” ဟု သာကေတနေ ကန်ထရိုက်တိုက်ခန်းပိုင်ရှင် တစ်ဦးက ဆိုခဲ့သည်။

မည်သူမဆိုပါ အိမ်ပိုင်၊ မြေပိုင်းလေးနဲ့ နေချင်ကြမည်ဖြစ်သောကြောင့် သတ်မှတ်တန်ဖိုးတစ်ခုနှင့် တိုက်ခန်းအ ပြင် မြေကိုပါ ပိုင်ဆိုင်ခွင့်ရမည်ဆိုလျှင် တိုက်ခန်းနေလူတန်းစားတို့အတွက် အဆင်ပြေမှုက ပိုမိုသာလွန်ပါလိမ့် မည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service