အိမ်ခြံမြေအရောင်း အဝယ်ပြုလုပ်ရာတွင် မရွှေ့ ပြောင်းနိုင်သော ပစ္စည်းများ၏ အခွန်နှုန်းထားကို ယခုဘဏ္ဍာနှစ် တွင် လျှော့ချပြင်ဆင်နိုင်ခဲ့သဖြင့် အိမ်ခြံမြေလုပ်ငန်းများ အခွန် ဆောင်ရာတွင် များစွာသက်သာ သွားကြောင်း မြန်မာနိုင်ငံအိမ်ခြံ မြေဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
မရွှေ့ပြောင်းနိုင်သောပစ္စည်းများ အခွန်လျှော့ချရေးအတွက် အိမ်ခြံမြေဝန်ဆောင်မှုအသင်းက လွှတ်တော်တွင်း သွားရောက်ဆွေးနွေးအကြံပြုခြင်းတို့ကြောင့် အခွန်နှုန်းလျှော့ချနိုင်ခဲ့ပြီး အရောင်းအဝယ်ပိုင်းတွင် ပိုမိုအားကောင်းလာခဲ့သည်ဟု ၎င်းကဆိုသည်။
‘‘အစိုးရလည်း အခွန်ရ အောင်၊ ပြည်သူတွေလည်း အခွန် ဆောင်ချင်အောင်လို့ သင့်တင့်တဲ့ နှုန်းထားတစ်ခုဖြစ်အောင် လုပ် နိုင်ခဲ့တယ်’’ဟု ၎င်းက ပြောကြားသည်။
မရွှေ့ပြောင်းနိုင်သည့် ဥပဒေကို ယခုဘဏ္ဍာနှစ်တွင် ပြန်လည် ပြင်ဆင်လိုက်သောကြောင့် အခွန်ဝင်ငွေနှုန်းထားလျော့နည်းလာနိုင် သော်လည်း အခွန်ဆောင်သူ ပမာဏမှာ ယခုနှစ်တွင် ပိုမိုတိုးပွား လာနိုင်သည်ဟု ပြည်တွင်းအခွန် များဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။
ဈေးကွက်တွင် အရောင်း အဝယ်များ အေးစက်နေသော် လည်း အခွန်နှုန်းထားကို လျှော့ချ သတ်မှတ်လိုက်ခြင်းကြောင့် အခွန်ဆောင်သူပမာဏသည် ပြီးခဲ့သည့်နှစ်ကထက် ပိုမိုများပြားလာနိုင် သည်ဟု ၎င်းက သုံးသပ်သည်။
မရွှေ့ပြောင်းနိုင်သော အခွန်နှုန်းထားကို ပြီးခဲ့သည့် ၂၀၁၄ ဘဏ္ဍာနှစ်တွင် တစ်ကျပ်မှ ကျပ်သိန်း ၅၀၀ ကို ၃ ရာခိုင်နှုန်းကောက်ခံရာမှ ယခုနှစ်တွင် တစ်ကျပ်မှ သိန်း ၁,၀၀၀ အထိကို ၃ ရာခိုင်နှုန်း ဖြင့်ကောက်ခံခြင်း၊ ၂၀၁၄ တွင် သိန်း ၅၀၀ မှ သိန်း ၁,၅၀၀ ကို ၁၀ ရာခိုင်နှုန်းကောက်ခံပြီး ယခုနှစ်တွင် သိန်း ၁,၀၀၀ မှ သိန်း ၅,၀၀၀အထိကို ၅ ရာခိုင်နှုန်းဖြင့်ကောက် ခံခဲ့သည်။
ပြီးခဲ့သည့်နှစ်က ကျပ်သိန်း ၃,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းဖြင့် ကောက်ခံပြီး ယခုနှစ်တွင် သိန်း ၁၅,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းသာ ပြောင်းလဲကောက် ခံနေကြောင်း မရွှေ့ပြောင်းနိုင် သည့် အခွန်များဥပဒေတွင် ဖော်ပြထားသည်။
‘‘သိသိသာသာကြီး ပြောင်း လဲသွားတာတော့ သိပ်မရှိဘူး။ တန်ဖိုးကြီးအကွက်တွေအတွက် တော့ အခွန်ဆောင်ရတာ လျော့ သွားတာမျိုးရှိတယ်’’ဟု ကြယ်စင် မြေ အိမ်ခြံမြေအကျိုးဆောင်ပိုင် ရှင်က သုံးသပ်သည်။
လက်ရှိတွင် ရန်ကုန်မြို့၏ တစ်ပေပတ်လည်စံနှုန်းများ အ သစ်သတ်မှတ်ချက်ကို ပြည်တွင်း အခွန်များဦးစီးဌာနက ယခု လာ မည့်အောက်တိုဘာတွင် ပြန် လည်သတ်မှတ်မည်ဖြစ်ရာ မြန်မာ နိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းကလည်း ခေတ်စနစ်နှင့် လိုက်လျောညီထွေသည့်နှုန်းထား များသတ်မှတ်ရန် အကြံပြုချက် ပေးပို့ထားကြောင်း သိရသည်။
Credit: 7Daydaily