ကြည့်မြင်တိုင်ညဈေးသစ် တည်ဆောက်မည်

ကြည့်မြင်တိုင်ညဈေးသစ် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
12 Jun 2015 10:15 am တွင် တင်ခဲ့သည်
907 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်၏ တစ်ခုတည်းသော ညဈေးဖြစ်သည့် ကြည့်မြင်တိုင် လဟာပြင်ညဈေးကို (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ်တွင် ဈေးရုံဟောင်းများနေရာတွင် ဈေးရုံသစ်များ အစားထိုးတည်ဆောက်မည်ဖြစ်ကြောင်း ကြည့်မြင်တိုင်ညဈေးအဖွဲ့ရုံးမှ အတွင်းရေးမှုး ဦးမျိုးဝင်းက ပြောကြားသည်။

အဆိုပါဈေးကို အသစ်ပြန်လည် တည်ဆောက်ရာတွင် သံထည်အဆောက်အအုံများဖြင့် တည်ဆောက်မည်ဖြစ်ပြီး ဈေးရုံ (၁၆) ရုံအနက် (၅) ရုံကို နှစ်ထပ်အဆောက်အအုံဖြင့်၎င်း၊ ဈေးရုံ (၃) ရုံကို (၁) ထပ် အဆောက်အအုံဖြင့်၎င်း အဆင့်မြှင့်ပြင်ဆင်မည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

လတ်တလောတွင် ယာယီဈေးရောင်းချရန် ဆိုင်ခန်း (၂၄၉) ခန်းကို ဆောက်လုပ်နေပြီး ဈေးရုံတည်ဆောက်ခြင်း လုပ်ငန်းကို မစတင်နိုင်သေးကြောင်း၊ ပြန်လည်ပြင်ဆင်တည်ဆောက်မည့် ဈေးရုံများမှာ က၊ ခအကြီး၊ ခ အသေး၊ ဂ၊ ဃ၊ ဈ၊ ည တို့ဖြစ်ပြီး ဈေးဆိုင်ခန်းစုစုပေါင်း (၉၀၀) ကျော်ပါဝင်မည်ဖြစ်ပြီး ဆိုင်ခန်းများ၏ အကျယ်အ၀န်းမှာ အလျား (၃) ပေ၊ အနံ (၄) ပေ အရွယ်မှ အလျား (၇) ပေ၊ အနံ (၇) ပေခွဲ အကျယ်ရှိကြောင်း ကြည့်မြင်တိုင် လဟာပြင်ညဈေး အဖွဲ့ရုံးထံမှ သိရှိရသည်။

ယင်းဈေးကြီး၏ ပြင်ဆင်ချိန်ကို အချိန်တစ်နှစ်ခန့် လျာထားပြီး စည်ပင်၏ အစီအစဉ်ဖြင့်သာ ဆောက်လုပ်ခြင်းဖြစ်ပြီး ဈေးသူဈေးသားများ၏ သဘောတူညီမှုဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

"ပိုက်ဆံလည်းမပေးရပဲ ဆိုင်ခန်းတွေ ကောင်းကောင်းမွန်မွန်ဖြစ်အောင် လုပ်ပေးတာဆိုတော့ ကျွန်မတို့အကုန်လုံးလည်း သဘောကျပါတယ်"ဟု ယင်းဈေးတွင် အ၀တ်အထည်ရောင်းချသူ ဒေါ်စမ်းစမ်းညွန့် ကပြောဆိုသည်။

ယင်းဈေးကြီး ပြင်ဆင်ပြီးစီးပါက ဈေးဆိုင်ခန်းများကို မူလအကျယ်အ၀န်းအတိုင်း မူလနေရာတွင် ပြည်လည်နေရာပေးမည်ဖြစ်ကာ၊ နှစ်ထပ်အဆောက်အအုံ၏ အပေါ်ထပ်တွင် ပျံကျဈေးသည်များကို နေရပေးနိုင်ရေးအတွက် စီစဉ်သွားမည်ဖြစ်ကြောင်း ဈေးရုံးကိုယ်စားလှယ်များထံမှ သိရှိရသည်။

ယခုဘဏ္ဍာနှစ်တွင် ကြည့်မြင်တိုင် လဟာပြင်ညဈေးပြင်ဆင်မှုအပြင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ် (၂) ဈေး၊ ကြည့်မြင်တိုင်မြို့နယ် လေဟာပြင်ဈေး၊ သာကေတမြို့နယ် အမှတ်(၁)ဈေး၊ လှိုင်မြို့နယ် လှိုင်ဈေးကြီး၊

အင်းစိန်မြို့နယ် ဖော့ကန်ဈေး၊ မရမ်းကုန်းမြို့နယ် မြဂန္ဒမာဈေးနှင့် မင်္ဂလာဒုံမြို့နယ် ရတနာသီရိဈေးတို့ကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဈေးများဌာနထံမှ သိရှိရသည်။

Credit: The Voice Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service