အရောင်းအဝယ်မဖြစ်၍ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအချို့အခက်တွေ့နေ

အရောင်းအဝယ်မဖြစ်၍ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအချို့အခက်တွေ့နေ - Property News in Myanmar from iMyanmarHouse.com
15 May 2015 10:49 am တွင် တင်ခဲ့သည်
1459 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက် အေးစက်နေ
ခြင်းကြောင့် အိမ်ခြံမြေအကျိုး ဆောင်လုပ်ကိုင်သူအချို့ လုပ်ငန်းခေတ္တရပ်နားခြင်းနှင့်ဝန်ထမ်း လျှော့ချခြင်းများ ပြုလုပ်လာ ကြောင်း သတင်းရရှိသည်။

‘‘တချို့က ခဏရပ်ထားပြီး တခြားလုပ်ငန်းတွေမှာ အကျိုး ဆောင် ၀င်လုပ်နေကြတယ်။ တချို့အကျိုးဆောင်ကုမ္ပဏီတွေက ပြည်တွင်းအလုပ်အကိုင်ရှာ ဖွေရေးလုပ်ငန်းမှာ ပြောင်းလုပ်ဖို့ စီစဉ်နေကြတယ်’’ဟု သန်လျင်မြို့မှ ပန်းတိုင်အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင် ဦးခင်မောင် ဇော်က ပြောသည်။

ကုမ္ပဏီ ဆက်လက်လည် ပတ်ရန် ပုံမှန်ဝင်ငွေမရရှိသဖြင့် အခန်းငှားရမ်းခမတတ်နိုင်ခြင်း၊ ၀န်ထမ်းစရိတ် များပြားခြင်းတို့ကြောင့် အကျိုးဆောင်ကုမ္ပဏီ အချို့မှာ ရပ်တည်ရန် ခက်ခဲလာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘၂၀၁၅ မှာတော့ အရောင်းအ၀ယ်က လုံးဝအေးသွားတယ်။ လက်ရှိအခြေအနေကလုပ်ရကိုင်ရအရမ်းကျပ်နေပြီ။
မေးသူလည်း အရမ်းနည်းသွားပြီ။ ကုမ္ပဏီကအရင်လောက်အဆင်မပြေဘူး။ ၀န်ထမ်းတွေကလည်း ၀င်ငွေနည်း သွားတော့ ထွက်တဲ့ လူတချို့ လည်း ရှိတယ်။ ကိုယ်ရေးကိုယ် တာကြောင့် ထွက်သူတွေလည်း ရှိတယ်။
အစုလိုက်၊ အပြုံလိုက် ထွက်တာတော့ မရှိဘူး။ သူတို့က လည်း လခနည်းတော့ ကော်မရှင် အပေါ်မှာ မှီခိုနေရတာဆိုတော့ ထွက်ကြတာပေါ့။ ကျွန်တော်တို့ ကုမ္ပဏီဆို လုပ်ငန်းလုပ်တာ ၁၀ နှစ်လောက်ရှိပြီ။

ကျွန်တော်ဆိုရင်လည်းဒီကုမ္ပဏီမှာလုပ်တာ လေး နှစ်ကျော်
ပြီ။ အခုလောက်အခြေ အနေဆိုးတာ တစ်ခါမှ မကြုံဖူးဘူး’’ဟု အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

‘‘ဒီလိုမျိုး ၀န်ထမ်းတွေ လျှော့ချတာ ဖြစ်တတ်ပါတယ်။ အရင် တုန်းကလည်း ဖြစ်ဖူးတယ်။ စီးပွားရေးသဘောအရ လုပ်ငန်းတွေ အ ဆင်မပြေရင် ၀န်ထမ်းအင်အား တွေ၊ တခြားစရိတ်တွေ လျှော့ချ တတ်ပါတယ်’’ ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။

လွန်ခဲ့သည့် ၁၉၉၇၊ ၂၀၀၂နှင့် ၂၀၀၆ တို့တွင် ယင်းသို့ ဖြစ်ခဲ့ဖူးကြောင်း ဦးသန်းဦးက ၎င်း၏ အတွေ့အကြုံကို ပြောသည်။

အိမ်ခြံမြေ အရောင်းအ၀ယ်များရပ်တန့်လုဖြစ်နေခြင်းမှာ အကျိုးဆောင်များထက် မြေနှင့်တိုက်ခန်း များစွာ ၀ယ်ထားသူအချို့၊ ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့အပေါ် ပိုမိုအထိနာစေကြောင်းဈေးကွက်ကျွမ်းကျင်သူများက
ပြောသည်။

ထို့အပြင် အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းအချို့သည် ကား အရောင်းပြခန်းလုပ်ငန်းကိုပါ တွဲ ဖက်လုပ်ကိုင်သောကြောင့် ၀န်ထမ်းအချို့ကို ကားအရောင်းလုပ်သို့ ရွှေ့ပြောင်းခြင်း၊ သုံးလစာပေး၍၀န်ထမ်းအင်အားလျှော့ချခြင်းတို့ ပြုလုပ်
လာကြောင်း အလုပ်ရွှေ့ ပြောင်းခံရသည့် စမ်းချောင်းမြို့နယ်နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

အိမ်ခြံမြေဈေးကွက် ယခုကဲ့ သို့ဆက်လက်အေးစက်နေပါက အိမ်ခြံမြေအကျိုးဆောင်လောက တွင် ကုမ္ပဏီကြီးများသာ ကျန်ရစ် ခဲ့နိုင်ပြီး ကုမ္ပဏီလုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ကိုင်နေသည့် အကျိုး ဆောင်ငယ်လေးများ ပြိုလဲနိုင် ကြောင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်ကြီးတစ်ဦးက ပြော သည်။

‘‘ဈေးကွက်က ရပ်နေတယ် ဆိုပေမယ့် အရှုံးအများကြီးခံပြီး ရောင်းတဲ့သူတော့ မတွေ့သေး ဘူး။ အများစုက တင်းခံနေကြ တာ’’ဟု အင်းစိန်မြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။

Credit: 7Day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service