ရုပ်ရှင်တွေထဲမှာတော့ ဂေါ်ဇီလာဟာ အိမ်တွေကို လိုက်လံ ဖျက်ဆီးလေ့ရှိတာမို့ လူတွေက ထွက်ပြေး တိမ်းရှောင်ရ ပါတယ်။ ဂေါ်ဇီလာ ရုပ်ရှင် ကားတွေ အမျိုးမျိုး ထွက်ပေါ်လာခဲ့ပြီး ပရိ သတ်တွေရဲ့ အားပေးမှုကိုလည်း အခိုင်အမာ ရရှိခဲ့ ပါတယ်။ ရုပ်ရှင်ထဲမှာ လူတွေ ကို လိုက်လံ နှောင့်ယှက် ဖျက်ဆီးနေတဲ့ ဂေါ်ဇီလာရဲ့ ပုံရိပ်ကိုအသုံးပြုပြီး ဂျပန်နိုင်ငံမှာ ဟိုတယ် တစ်ခုကို ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။
ရှင်ဂျူကူမြို့မှာရှိတဲ့ ဟိုတယ် တစ်ခုမှာ ဂေါ်ဇီလာရဲ့ ပုံရိပ်ကို အသုံးပြုကာ ဧည့်သည်တွေကို ဆွဲဆောင်မှု ပြုလုပ်ထား ပါတယ်။ ဟိုတယ်နား မှာ (၁၂) မီတာမြင့်တဲ့ အလွန်ကြီးမားတဲ့ ဂေါ်ဇီလာကြီး တစ်ကောင်ကို ထားရှိထား ပါတယ်။ ဂေါ်ဇီလာကြီးဟာ ဟိုတယ်ရဲ့အဆောက်အအုံ ပေါ်မှာ ရောက်နေတဲ့ ပုံစံမျိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဟိုတယ် အတွင်းမှာလည်း ဂေါ်ဇီလာနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ် ပစ္စည်းများစွာ ထည့်သွင်းမှု ပြုလုပ်ထား ပါတယ်။ ဟိုတယ် အခန်းတွင်းမှာရှိတဲ့ ခုတင် ဘေးက ပြတင်းပေါက်နားမှာ ဂေါ်ဇီလာကြီး တစ်ကောင် ရပ်နေသလိုမျိုး ဖြစ်အောင် ပြုလုပ် ထားပါတယ်။ အသုံးအဆောင်ပစ္စည်း တွေမှာလည်း ဂေါ်ဇီလာ အထိမ်းအမှတ် အမှတ်အသားတွေ ကိုလည်း ပြုလုပ်ပေးထား ပါတယ်။ ဒါအပြင် ဂေါ်ဇီလာ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့ ပိုစတာတွေကိုလည်း ခင်းကျင်းပြသမှု ပြုလုပ်ထားပါတယ်။
ဟိုတယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဂျပန် နိုင်ငံဟာ ၂၀၂၀ အိုလံပစ် ပြိုင်ပွဲကို အိမ်ရှင်ဖြစ် လက်ခံကျင်းပမှာ ဖြစ်တာကြောင့် ဧည့်သည် တွေကို ဆွဲဆောင်တဲ့ အနေနဲ့ ထူးခြားတဲ့ အပြင်အဆင်ကို ပြုလုပ် ထားခြင်း ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ ပါတယ်။ ရှင်ဂျူကူ မြို့တော်ဝန် ကတော့ ဂေါ်ဇီလာ ဟာ ဂျပန်နိုင်ငံ ရဲ့ ပြယုဂ်တစ်ခု ဖြစ်ပြီး ဒီလိုမျိုး ပြုလုပ်ထားခြင်း အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ ပါတယ်။
Credit: messenger