မြန်မာနိုင်ငံသည် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံ မှု ဘဏ်(AIIB) သို့ ပထမဆုံး ဝင်ရောက်သည့် နိုင်ငံများအနက် တစ် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏တိုး တက်လာသော အခြေခံအဆောက် အအုံများဆောက်လုပ်ရေးလုပ်ငန်း တွင် တရုတ်ကကျောထောက်နောက် ခံပြုပေးထားသည့် ဘဏ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စီမံကိန်းများ စွာရှိရာ AIIB မှငွေချေးမည်ဟု မျှော်လင့် ရကြောင်း စီးပွားရေးကျွမ်း ကျင်သူများကဆိုသည်။
မြန်မာနိုင်ငံ သည် အခြေခံအ ဆောက်အအုံများ တိုးချဲ့ဆောက် လုပ်ရေး အတွက် ငွေများအရေးတ ကြီးလိုအပ်နေသည်။ မြန်မာနိုင်ငံ၏ အခြေခံ အဆောက် အအုံများတည် ဆောက်ရေးသည် လွန်ခဲ့သောဆယ် စုနှစ်၌ တန့်နေသလောက်နီးပါးရှိခဲ့ သည်။ ယခုအခါ လမ်းများတွင် ကား များပြည့်ကျပ်၍ ယာဉ်ကြောပိတ်ဆို့ မှုဖြစ်လာသည်။
လမ်းများကျဉ်း၍ ကားများပေါ များလာသောကြောင့် ခုံးကျော်တံတား များတည်ဆောက်ခြင်းမှာ မြန်မာ နိုင်ငံအဖို့ အမှန်ပင်အရေးကြီးသည်။ လမ်းဆုံတိုင်းတွင် ခုံးကျော်တံတား များတည်ဆောက်ရန် လိုအပ်သည် ဟု တက္ကဆီယာဉ်မောင်း ဦးမောင် ဘိုက ဆိုသည်။
သယ်ယူပို့ဆောင်ရေးအခြေ အ နေညံ့ဖျင်းခြင်းသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးကို နှောင့်နှေးစေသည်။ ”လွန်ခဲ့သောရက် အနည်း ငယ် က ကျွန်တော်ရှမ်းပြည်နယ်ကိုသွား ခဲ့တယ်ဗျာ။ ရှမ်းပြည်နယ်မှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝ လံတွေကို ပြင်ပကိုတင်ပို့ရောင်းချ နိုင်ခြင်းမရှိတာကို သတိပြုမိခဲ့တယ်။ အဲဒါဟာ စိုက်ပျိုးရေးသမားတွေအ တွက် ဧရာမဆုံးရှုံးမှုကြီးဖြစ်ပါတယ်” ဟု တမ္ပဒီပအင်စတီကျုညွှန်ကြား ရေးမှူး ဦးခင်ဇော်ဝင်းကဆိုသည်။
ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တွေက အကူအညီပေးနေပေ မယ့် အဓိကလမ်းစီမံကိန်းတွေအ တွက် ငွေကြေးမ လုံလောက်သေး ပါ ဘူး”ဟု ဦးခင်ဇော်ဝင်းကဆိုသည်။
”တရုတ်-မြန်မာနဲ့ အိန္ဒိယဆက် သွယ်တဲ့လမ်းဖောက်လုပ်ဖို့ အခု ဆွေး နွေးနေကြပြီ။ ဒါပေမဲ့ အာရှအခြေ ခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ်က ငွေကြေးအကူအညီပေးဖို့ လိုနေတုန်းပဲ”ဟု သူကဆိုသည်။
သယ်ယူပို့ဆောင်ရေး အနေအထားနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်က ၂၀၁၂ ခုနှစ်၌ တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် ကွင်းဆင်းလေ့ လာခဲ့ရာ သယ်ယူ ပို့ဆောင်ရေးအနေအထား အားနည်း သော နိုင်ငံ ၁၅၅ နိုင်ငံရှိသည့် အနက် မြန်မာနိုင်ငံသည် အဆင့် ၁၃၃တွင် ရှိသည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏အ ခြေခံအဆောက်အအုံများ ဆောက် လုပ်မှုကို ၂၀၁၁ခုနှစ်ကတည်းက တိုးမြှင့်ဆောက်လုပ်လျက်ရှိသည်။
Credit: Democracytoday