မန္တလေး အိမ်ခြံမြေလုပ်ငန်းများ တွင် အရောင်းထက် အငှားသာ အလုပ်ဖြစ်လျက်ရှိပြီး မြို့သစ်ဘက် ၌ ပိုမို အလုပ်ဖြစ်လျက်ရှိကြောင်း သိရသည်။
”ဒီဘက်နှစ်တွေမှာ အရောင်း တွေထက် အငှားဘက်က ပိုအလုပ် ဖြစ်နေတယ်။ မိသားစုလိုက် ငှားနေ တာတွေ၊ အိမ်ခွဲနေတာတွေ ရှိသလို လုပ်ငန်း လုပ်ကြတဲ့သူတွေကလည်း အငှားကိုပဲ စိတ်ဝင်စားကြတယ်။ အများအားဖြင့် ဈေးသက်သာတဲ့ မြို့သစ်ဘက်မှာ ငှားနေကြတာ” ဟု အိမ်ခြံမြေအကျိုးဆောင် ဦးထွန်း ထွန်းက ပြောသည်။
စီးပွားရေးလုပ်ငန်းရှင် အများစု သည် မိမိတို့လုပ်ငန်းအတွက် နေရာ စီစဉ်ရာတွင် ဝယ်ယူရင်းနှီးမြှုပ်နှံခြင်း ထက် ငှားရမ်းခြင်းကိုသာ ပိုမိုလုပ် ဆောင်ကြသည်ဟု သိရသည်။
”လုပ်ငန်းအတွက် နေရာကို ငှားကြတာများတယ်။ သိပ္ပံလမ်းဘက် မှာ ပေ ၁ဝဝ ပတ်လည်လောက် ရှိတဲ့ မြေနေရာကို စားသောက်ဆိုင် ဖွင့်ဖို့ တစ်လကို သိန်း ၆ဝ နီးပါးနဲ့ ငှားတာ ရှိတယ်။ စီးပွားရေးလုပ်ငန်းတွေ ဆိုတာကလည်း နေရာက အရေးကြီး တာကိုး။ နေရာကောင်းရင် ကောင်း သလို အလုပ်ဖြစ်တော့ လူစည်ပြီး နေရာကျယ်တဲ့နေရာမျိုး ဆိုရင်တော့ လုပ်ငန်းရှင်တွေက ဈေးပေးပြီး ငှားကြတယ်။ မြို့ထဲ ၇၃ လမ်းမှာ နှစ်ထပ်အဆောက်အအုံနဲ့ ပေ ၅ဝ ထ ၆ဝ ဝန်းကျင်ရှိတဲ့ နေရာကို တစ်လ ၃၅ သိန်းပေးရတယ်။ မြို့ထဲမှာတော့ မြေလွတ် မရှိသလောက် ဖြစ်သွားပြီ။
သိပ္ပံလမ်းနဲ့ မြို့သစ်ဘက်ဆိုရင် တော့ မြေလွတ်ကျယ်တွေ ရှိနေသေး တယ်။ ကားအရောင်းပြခန်းတွေ လည်း အဲဒီနေရာတွေကို သဘောကျ တယ်။ နေရာကျယ်တယ်။ ကားတွေ များများ ထားလို့ရတယ်။ ငှားခ ဈေးနှုန်းတွေကလည်း နေရာနဲ့ အကျယ်ပေါ် မူတည်ပြီး ဈေးပေးကြ ပါတယ်။ ဈေးခေါ်တဲ့သူကလည်း ခေါ်တယ်။ ဈေးပေးတဲ့သူကလည်း ကြိုက်ရင် ဈေးသိပ်မဆစ်ကြဘူး။
ငှားကြတာပဲ” ဟု လုပ်သက် ၁၅ နှစ် ကျော်ရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်နေသူတစ်ဦးက ပြောသည်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ဈေးမြင့်သည့် နေရာများ ငှားရမ်း ကြသူများရှိသကဲ့သို့ နှစ်စဉ် ပြောင်း ရွှေ့နေကြရသော မိသားစုများက ဈေးနှုန်းသက်သာသည့် နေရာများ ကို ပြောင်းရွှေ့နေကြရသည်။ နေ့စဉ် စားသောက်စရိတ် ကုန်ကျမှုများ အတွက် လှုပ်ရှားရုန်းကန်နေကြရပြီး နေစရာအတွက် အဆင်ပြေစေရန် သက်သာသောနေရာကို ပြောင်းရွှေ့ နေကြရသည်။ အငှားနေထိုင်သူများ သည် နှစ်ချုပ်ဖြင့်သာ ငှားရမ်းကြရပြီး မကြာခဏ ပြောင်းရွှေ့နေရခြင်း ကြောင့် နှစ်ရှည် ငှားရမ်းနေထိုင် လိုကြသော်လည်း နှစ်စဉ် တက်လာ သော ကုန်ဈေးနှုန်းများကြောင့် အိမ် ရှင်များကလည်း နှစ်ရှည် ငှားရမ်း လိုခြင်းမရှိပေ။
”တစ်နှစ်တစ်နှစ် အိမ်ငှားနေရ တာနဲ့ပဲ ရှာသမျှ ကုန်တာပဲ။ တစ်နှစ် ဆိုတာ ခဏလေးပဲ။ မနှစ်က အြေ<ွကး မကျေသေးဘူး။ နောက်တစ်နှစ်က ရောက်လာပြီ။ အိမ်ငှားခကလည်း တစ်နှစ်စာ လုံးခနဲ ပေးလိုက်ရတာ။
ကိုယ်ရှာနိုင်တဲ့ ဝင်ငွေနဲ့ ငှားနိုင်မယ့် ငွေကြေးကို မနည်းစုနေရတယ်။ တစ် နှစ်လုံးရှာသမျှ အိမ်ငှားခနဲ့ပဲ ကုန်နေ တာ။ စားစရိတ်ကလည်း တက်၊ နေစရိတ်ကလည်း တစ်နှစ်ပြီး တစ် နှစ် တက်ဆိုတော့ တော်တော်ကို မလွယ်ဘူး။ အိမ်ပိုင်ဖို့ ဝေလာဝေး နေတယ်။ မနှစ်က အခုနေတဲ့ မဟာ မြိုင်ထဲက တစ်ထပ်တိုက်လေးကို တစ်လ သုံးသိန်းပေးရတယ်။ ဒီနှစ် လေးသိန်း တောင်းနေပြီ။ ဒီမှာပဲ ဆက်နေမယ် ဆိုရင်တော့ မနည်းညှိရ ဦးမယ်။ အိမ်ရှင်က သဘောကောင်း ပေမယ့် အထွေထွေ ကုန်ကျစရိတ် တွေ မြင့်နေတော့ အိမ်ရှင်ဘက်က လည်း ဈေးတက်ယူမှာပဲ။ မတတ်နိုင် ဘူးလေ။ ကလေးတွေအတွက်လည်း ကြည့်ရသေးတယ်” ဟု အိမ်ငှားရမ်း နေထိုင်သူ ဦးမောင်က ပြောသည်။
အိမ်ခြံမြေအရောင်းအဝယ်များ သည် အေးလျက်ရှိနေသော်လည်း ဈေးနှုန်းများမှာ မြင့်တက်လျက် ရှိနေ ခြင်းက ရောင်းလိုသူများသာ များနေ ပြီး ဝယ်ယူသူ နည်းလျက်ရှိသည်။ အချိန်ကြာမြင့်စွာ အရောင်းအဝယ် အေးလျက်ရှိရာ ရင်းနှီးမြှုပ်နှံသူများ ကလည်း အိမ်ခြံမြေထက် အခြားသော လုပ်ငန်းများ ပြောင်းလဲလုပ်ကိုင် လာကြသည်ကို တွေ့ရသည်။ လွန်ခဲ့ သောနှစ်များက အခွန်နှုန်းထားများ ပြောင်းလဲ သတ်မှတ်ရာ အခွန်နှုန်း သက်သာသည့် သိန်း ၅ဝဝ အောက် အိမ်ခြံမြေများသာ အလုပ်ဖြစ်ခဲ့ကြ သည်။
Credit: The Trade Times