သီလ၀ါဆိပ်ကမ်း၌ ဂျပန်မှ တည်ဆောက်မည့် အထွေထွေ ဆိပ်ကမ်းတည်ဆောက်ရေး ပထမအဆင့် လုပ်ငန်းများ ၂၀၁၅ ခုနှစ် မေတွင် စတင်မည်

သီလ၀ါဆိပ်ကမ်း၌ ဂျပန်မှ တည်ဆောက်မည့် အထွေထွေ ဆိပ်ကမ်းတည်ဆောက်ရေး ပထမအဆင့် လုပ်ငန်းများ ၂၀၁၅ ခုနှစ် မေတွင် စတင်မည် - Property News in Myanmar from iMyanmarHouse.com
20 Mar 2015 11:53 am တွင် တင်ခဲ့သည်
1636 ကြိမ် ကြည့်ရှု့ပြီး
သီလဝါဆိပ်ကမ်း၌ ဂျပန်နိုင်ငံမှ တည် ဆောက်မည့် အထွေထွေကုန်တင်ဆိပ်ကမ်းနှင့် ကုန်သေတ္တာတင်ဆိပ်ကမ်း တည်ဆောက်ရေး ပထမအဆင့်လုပ်ငန်းများ ၂ဝ၁၅ ခုနှစ် မေလတွင် စတင်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ်၏ ပြောကြားချက်အရ သိရသည်။

“အကြိုအရည်အချင်း စစ်ဆေးမှု တင်ဒါကို ဂျပန်ကုမ္ပဏီနှစ်ခုက အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် တည်ဆောက်ရေး တင်ဒါကို ဒီဂျပန်ကုမ္ပဏီနှစ်ခုထဲကနေပဲ ရွေးချယ်သွားမှာပါ။ ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်းကို မေလလောက်မှာ စတင်ဖို့ စီစဉ်နေပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။

သီလဝါဆိပ်ကမ်း၌ ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် တည်ဆောက်မည့် အထွေထွေကုန်တင်ဆိပ်ကမ်းနှင့် ကုန်သေတ္တာတင် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများ ၂ဝ၁၇ခုနှစ်တွင် ပြီးဆုံးနိုင်ရန် မျှော်မှန်းထားကြောင်း JICA မှ Chief Representative TANAKA Masahiko က ဖေဖော်ဝါရီလအတွင်းက ပြောကြားသည်။

သီလဝါဆိပ်ကမ်း၌ ဂျပန်နိုင်ငံမှ တည်ဆောက်မည့် အထွေထွေ ကုန်တင်ဆိပ်ကမ်းနှင့် ကုန်သေတ္တာတင်ဆိပ်ကမ်း တည်ဆောက်ရေးတင်ဒါအား ဂျပန်နိုင်ငံကုမ္ပဏီနှစ်ခုမှ အောင်မြင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ အထွေထွေကုန်စည် ကိုင်တွယ်နိုင်သော ဆိပ်ကမ်းအနေဖြင့် MITT နှင့် MIPL ဆိပ်ကမ်းနှစ်ခုသာရှိပြီး၊ အထွေထွေကုန်စည်တင် ဆိပ်ခံတံတားတစ်စင်းမှာ တည်ဆောက်ဆဲဖြစ်ကြောင်း သိရသည်။

သီလဝါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၄ဝ အနက်မှ ပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ ၉၄ သန်းအား ရရှိထားကြောင်း သိရသည်။

သီလဝါဒေသတွင် ဆိပ်ကမ်းများ တည်ဆောက်ရန် မြေကွက်တစ်ကွက်လျှင် မျက်နှာစာအလျား မီတာ ၂ဝဝ၊ ကုန်းတွင်းဘက်သို့ ကီလိုမီတာ ၇၅ဝ (အကျယ် ၃၇ ဒသမ ဝ၆ ဧက)ရှိ မြေကွက် ၃၇ ကွက်ကို တိုးချဲ့ဖော်ထုတ်ခဲ့သည်။ ယင်းမြေကွက် ၃၇ ကွက်အနက်မှ မြေကွက် ၂၇ ကွက်တွင် ကုမ္ပဏီအသီးသီးမှ ဆိပ်ကမ်းများ တည်ဆောက်ထားပြီး၊ မြေကွက် ၁ဝ ကွက်မှာ နေရာလွတ် ကျန်ရှိနေသည်။ အဆိုပါ မြေကွက် ၁ဝ ကွက်အနက်မှ မြေကွက် ငါးကွက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဂျပန်အိုဒီအေချေးငွေဖြင့် ဆိပ်ကမ်းတည်ဆောက်မည်ဖြစ်သည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service