မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ (၂) သန်း ကူညီထောက်ပံ့

မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ (၂) သန်း ကူညီထောက်ပံ့ - Property News in Myanmar from iMyanmarHouse.com
3 Mar 2015 10:27 am တွင် တင်ခဲ့သည်
963 ကြိမ် ကြည့်ရှု့ပြီး
မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်ရန် အတွက် ဂျပန်နိုင်ငံမှ အမေရိကန် ဒေါ်လာ (၂) သန်း ကူညီ ထောက်ပံ့ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထံမှ သိရသည်။ မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပိုမိုရေရှည် တည်တံ့ရန်နှင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် အတွက် အထောက်အပံ့ ဖြစ်စေမည့် စီမံကိန်း တစ်ခု အနေဖြင့် မြို့ပြ စီမံခန့်ခွဲမှု အရည်အသွေး ဆိုင်ရာ သင်တန်းအား ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် စတင် ဖွင့်လှစ် လိုက်ကြောင်း သိရသည်။ မြို့ပြ စီမံခန့်ခွဲမှုတွေကို ဆောင်ရွက်နေသူတွေ အနေနဲ့ မြို့ကြီးတွေရဲ့ မြို့ပြ လုပ်ငန်းတွေ ထိထိ ရောက်ရောက် လည်ပတ်နေဖို့၊ စနစ်တကျ စီမံထားပြီး မျှတတဲ့ ဖွံ့ဖြိုးမှု ရှိဖို့နဲ့ ၀န်ဆောင်မှုတွေကို ပိုမို မျှတစွာ ခံစားရစေဖို့ ၊ သင်ကြားမှုတွေ အပါအ၀င် နိုင်ငံရဲ့ ပြောင်းလဲ နေတဲ့ အခြေအနေနဲ့ လိုက်လျော ညီထွေ တုံ့ပြန် ဆောင်ရွက်ပေး နိုင်ဖို့ ၊ အခု ဂျပန်နိုင်ငံရဲ့ ပံ့ပိုးမှု နဲ့ ဆောင်ရွက်မှုက အထောက်အကူ ဖြစ်ပါတယ် ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

အဆိုပါ စီမံကိန်းတွင် ဂျပန်နိုင်ငံမှ အမေရိကန် ဒေါ်လာ (၂) သန်းနှင့် မြန်မာနိုင်ငံ အစိုး ရမှ ဒေါ်လာ (၂၂၀၀၀၀) ထည့်ဝင်ထားပြီး အစိုးရ ၀န်ထမ်းများ အနေဖြင့် အခြေခံ အဆောက်အအုံနှင့် ၀န်ဆောင်မှု အတွက် စီမံခန့် ခွဲမှုနှင့် လုပ်ငန်းဆောင်တာ များအား ထိန်းညှိကာ မြို့ပြ ဖွံ့ဖြိုး တိုးတက်မှုကို စီမံခန့်ခွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဒီနည်းပညာ အထောက်အပံ့က တစ်ဆင့် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ထိရောက်တဲ့ မြို့ပြ စီမံခန့်ခွဲမှု လုပ်ငန်းတွေကို ဖော်ထုတ်မှာ ဖြစ်ပါတယ်။ ဒီလို ဖော်ထုတ်ပြီး ရေကြီးရေလျှံမှုနဲ့ ရေစီးရေလာစနစ် အတွက် စီမံခန့်ခွဲမှု၊ အမှိုက်၊ မိလ္လာ စီမံခန့်ခွဲမှု၊ ရေဖြန့်ဝေမှုနဲ့ မြို့ပြဆိုင်ရာ ၀န်ဆောင်မှုတွေ ပေးအပ်ရာ မှာ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လာစေဖို့ ရည်ရွယ်ပါတယ် ဟု မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဦးဆောင် ပညာရှင် အီရီဟွန်ဒါက ပြောသည်။ အဆိုပါ နည်းပညာ အထောက်အပံ့များမှ တစ်ဆင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ လားရှိုးနှင့် မုံရွာ စသည့်မြို့ (၆) မြို့တို့ တွင် ဦးစားပေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိရောက်သည့် မြို့ပြ စီမံခန့်ခွဲမှု လုပ်ငန်းများကို ဖော်ထုတ်မည် ဖြစ်ကြောင်း သိရသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service