သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း(က)အတွက် ရောင်းချခဲ့သည့် အစုရှယ်ယာတန်ဖိုး ကျပ် ၂၁ ဘီလျံအပြင် ရှယ်ယာများ ထပ်မံရောင်းချဦးမည် မဟုတ်

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း(က)အတွက် ရောင်းချခဲ့သည့် အစုရှယ်ယာတန်ဖိုး ကျပ် ၂၁ ဘီလျံအပြင် ရှယ်ယာများ ထပ်မံရောင်းချဦးမည် မဟုတ် - Property News in Myanmar from iMyanmarHouse.com
24 Feb 2015 11:14 am တွင် တင်ခဲ့သည်
954 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း(က)အတွက် ရောင်းချခဲ့သည့် အစုရှယ်ယာတန်ဖိုး ကျပ် ၂၁ ဘီလျံအပြင် ရှယ်ယာ ထပ်မံရောင်းချပေးဦးမည် မဟုတ်ကြောင်း Myanmar Thilawa SEZ Holdings Public Limited ၏ Managing Director ဦးသိန်းဟန်က ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် အစုရှယ်ယာများကို ဘဏ်များမှတစ်ဆင့် ၂၀၁၄ ခုနှစ် မတ် ၃ ရက်တွင် စတင်ရောင်းချခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ကာ ရှယ်ယာအရေအတွက် ၂ ဒသမ ၁၄၅ သန်း၊ ကျပ် ၂၁ ဘီလျံဖိုး ရောင်းချခဲ့ကြောင်း သိရသည်။

“သီလ၀ါရှယ်ယာတွေကပထမရောင်းချပြီးခဲ့တဲ့၂၁ဘီလျံအပြင် လတ်တလောမှာ ထပ်မံရောင်းချပေးဖို့ မရှိသေးဘူး။ လုပ်ငန်းလိုအပ်ချက် အရနဲ့ Board of Director အစည်းအဝေးနဲ့ ဆုံးဖြတ်ပြီးမှပဲ ထပ်မံရောင်းချပေးမှာပါ” ဟု ဦးသိန်းဟန်က ဆက်လက်ပြောကြားသည်။

သီလ၀ါ ရှယ်ယာများကို ရောင်းချစဉ်က ၀ယ်ယူသူ များပြားခဲ့ပြီး ရောင်းချရန် လျာထားသည့် အရေအတွက် ၂ ဒသမ ၁၄၅ သန်းထက် ကျော်လွန်ကာ ၀ယ်ယူရန် အဆိုပြုသည့် ရှယ်ယာစုစုပေါင်း လေးသန်းကျော် ရှိခဲ့ကြောင်း သိရသည်။

ယင်းအဆိုပြုသူများအနက် ရှယ်ယာအစု တစ်စုလျှင် ကျပ် ၁၀၀၀၀ မှ အစု ၅၀၀ ကျပ်သိန်း ၅၀ အထိ ၀ယ်ယူရန် အဆိုပြုသူ အားလုံးသည် မိမိဝယ်ယူရန် အဆိုပြုသည့် ပမာဏအတိုင်း ရရှိခဲ့ပြီး ရှယ်ယာအစု ၅၀၀၊ ကျပ်သိန်း ၅၀၀ အထက် ၀ယ်ယူရန် အဆိုပြုသူများမှာမူ အချိုးကျစနစ်ဖြင့် ရရှိခဲ့ကြောင်း သိရသည်။

ရှယ်ယာများကို ရောင်းချခဲ့ရာတွင်လည်းရှယ်ယာအနည်းငယ် ၀ယ်ယူသူကို ဦးစားပေး ရောင်းချခဲ့ကာ ကျန်ရှိသည့် ရှယ်ယာများမှာရှယ်ယာများများဝယ်ယူလိုသူများထံ နိုင်ငံတကာ ထုံးစံအတိုင်း Pro-rata စနစ်ဖြင့် အချိုးကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့အပြင်သီလ၀ါရှယ်ယာများကို ပြန်လည်အရောင်းအ၀ယ် ပြုလုပ်နိုင်သည့်သီလ၀ါအစုရှယ်ယာများလွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံတင်ခြင်း ၀န်ဆောင်မှုဌာနကို အစုရှယ်ယာရှင်များအား ရှယ်ယာရောင်းဝယ်ခြင်းများ လွယ်ကူ အဆင်ပြေစေရန်အတွက် ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်းက ကုန်သည်စက်မှု အသင်းချုပ်ရုံးတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယင်းဝန်ဆောင်မှုဌာနတွင်ဝယ်ယူထားသည့်အစုရှယ်ယာရှင်များ အနေဖြင့် မိမိရှယ်ယာများကို ပြန်လည်ရောင်းချနိုင်ပြီး ထပ်မံဝယ်ယူလိုသူများ အနေဖြင့်လည်း ၀ယ်ယူလိုသည့် လျှောက်လွှာတင်ရန် လိုအပ်ကြောင်း သိရသည်။ အဆိုပါ ဌာနတွင် လက်ရှိ သီလ၀ါ အစုရှယ်ယာ တစ်စုလျှင် ကျပ် ၂၀၀၀၀ ၀န်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်ကို ၂၀၁၃ နိုဝင်ဘာ ၃၀ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ပြီး ၂၀၁၅ နှစ်လယ်ပိုင်းတွင် စတင်ကာ စီးပွားဖြစ် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်သည် မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်သည့်စီမံကိန်းဖြစ်ပြီး မြန်မာပူးပေါင်းကော်ပိုရေးရှင်းအဖွဲ့ (Myanmar Consortium) မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ပူးပေါင်းကော်ပိုရေးရှင်းအဖွဲ့ (Japanese Consortium) မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်ထားကြောင်း သိရသည်။

Credit : Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...

အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...

စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service