ရွှေလင်ပန်း အိမ်ရာ ၀ယ်ယူခွင့် ရရှိသူ များအား ကျပ်ငွေ (၁ ဒသမ ၅) ဘီလီယံ ထုတ်ချေးမည်

ရွှေလင်ပန်း အိမ်ရာ ၀ယ်ယူခွင့် ရရှိသူ များအား ကျပ်ငွေ (၁ ဒသမ ၅) ဘီလီယံ ထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
23 Feb 2015 10:23 am တွင် တင်ခဲ့သည်
1410 ကြိမ် ကြည့်ရှု့ပြီး
ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူခွင့် ရရှိသူများအား ကျပ်ငွေ (၁ ဒသမ ၅) ဘီလီယံ ထုတ်ချေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ ဖြိုးရေးဘဏ်မှ သတင်း ရရှိသည်။ ထိုကဲ့သို့ ချေးငွေ ထုတ်ပေးရာတွင် ချေးယူမည့် ငွေပမာဏ၏ တစ်ရာခိုင်နှုန်းအား ဘဏ်ဝန်ဆောင်ခ အဖြစ် ပေးသွင်း ရမည် ဖြစ်ကာ လေးနှစ် အရစ်ကျ ပြန်ဆပ် ရမည် ဖြစ်ကြောင်း သိရသည်။

ကျွန်မတို့က လျှောက်ထားတဲ့ သူတိုင်းကို ချေးပေးမှာတော့ မဟုတ်ဘူး။ သူတို့ရဲ့ ဝင်ငွေရရှိမှု လုပ်ငန်း အထောက်အထားတွေ ပေါ်မှာ စိစစ်ပြီးတော့ ချေးပေးမှာပါ။ အဲဒီ အတွက်ကို အိုးအိမ်ဦးစီးဌာနနဲ့ ချိတ်ဆက် ထားတယ် ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူက ပြောသည်။

အဆိုပါ လေးနှစ်ကို နှစ်အလိုက် အတိုးနှုန်းများ သတ်မှတ်ရာတွင် ပထမဆုံးနှစ် အတွက် ကိုးရာခိုင်နှုန်း၊ ဒုတိယ၊ တတိယနှင့် စတုတ္ထနှစ် တို့အား ငါးရာခိုင်နှုန်း အသီးသီး သတ်မှတ် ထားသည်။ ထို့အပြင် လစဉ်ငွေပေးချေမှုကို လတစ်လ၏ လဆန်း တစ်ရက်မှ ငါးရက် အတွင်း ပေးသွင်း ရမည် ဖြစ်ကာ လေးလ ဆက်တိုက် ပျက်ကွက်ပါက လိုအပ် သလို အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ဝင်ငွေ သတ်မှတ်တဲ့ နေရာမှာ အိမ်ထောင်ဦးစီး တစ်ယောက်တည်းကို ကြည့်တာ မဟုတ်ဘူး။ မိသားစုဝင် အားလုံးရဲ့ ၀င်ငွေ အပေါ်မှာ သုံးသိန်း ကနေ ခုနှစ်သိန်းကြား ရှိရမယ် ဆိုပြီး သတ်မှတ်ထား ပါတယ် ဟု မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးယုခိုင်က ပြောသည်။ အထက်ပါ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူခွင့် ရရှိသူ (၅၇၆) ဦးကို မဲနှိုက် ရွေးချယ် ထားပြီး တိုက်ခန်း တန်ဖိုး အပေါ် မူတည်၍ လစဉ် ကျပ်သိန်း (၁၂၀) တိုက်ခန်း အတွက် နှစ်သိန်းခွဲ၊ ကျပ်သိန်း (၁၁၀) တိုက် ခန်းအတွက် နှစ်သိန်း သုံးသောင်းပေး သွင်းရန် သတ်မှတ် ထားကြောင်း အိုးအိမ် ဦးစီး ဌာနမှ သိရသည်။ အိမ်ရာ ၀ယ်ယူခွင့် ရရှိထားသူများ အနေဖြင့် လစဉ်ပေးသွင်း ရမည့် ငွေကြေးမှာ မိသားစု စားဝတ်နေရေး အသုံးစရိတ် အတွင်းမှ ဖဲ့ပေး ရမည် ဖြစ်သည့် အပြင် သတ်မှတ်နှုန်းထား ကြီးမြင့်နေ သဖြင့် ငွေသွင်းရန် အခက်အခဲ ရှိနေကြောင်း အိမ်ရာ ၀ယ်ယူခွင့် ရရှိထားသူ တစ်ဦးက ပြောသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service