ကမ္ဘာကြီးကို ခမ်းနားကြီးကျယ်တဲ့ လှေကားထစ်တွေနဲ့
နှိုင်းပါရစေ။ လူအချို့ကတက်သွားကြတယ်။ လူအချို့ကဆင်းသွားကြတယ်။ စကြာ်ဝဠာကြီးထဲက နဂါးငွေ့တန်း ဂလက်ဆီတွေရဲ့ လည်ပတ်ပုံအ တိုင်း ပြောင်မြောက်တဲ့ ဗိသုကာပညာကို ပုံဖော်လိုက်ရင် အခုလို ဆန်းကြယ်တဲ့ လှေကားထစ်တွေကို ရရှိသွားခဲ့တော့တာပါပဲ။
ပရော်ဖက်ရှင်နယ် ဗိသုကာပညာရှင်ကြီး၊ အိမ်အတွင်းခန်းပိုင်းပြင် ဆင်မှုတွေရဲ့ ဘိုးအေကြီးဖြစ်တဲ့ M.C Escher ကိုယ်တိုင်ဆေးသုတ်
ခြင်းအမှုကို ဆောင်ရွက်ပြီးတော့ သူနဲ့အတူ ဆောက်လုပ်ရေးပညာရှင် Man Ray တို့နှစ်ယောက်က ထောင့်ချိုးများများ၊ အကွေ့အဝိုက် များများနဲ့ လှေကားထစ်တွေကို အနုပညာဆန်ဆန် တည်ဆောက် ထားတာဖြစ်ပါတယ်။
ခမ်းနားခြင်း၊ ထည်ဝါခြင်း၊ ဆန်းကြယ်ခြင်း၊ လက်ရာမြောက်ခြင်း၊ အနုပညာမြောက်တဲ့ ရသတစ်ခုကို ပေးစွမ်းနိုင်ခြင်း၊ လှပခြင်းတို့က လှေကားထစ်တိုင်းစီမှာ အပြည့်အဝမြင်တွေ့ ခံစားနိုင်မှာဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)