ဧရာဝတီတိုင်း ကန်ကြီး ထောင့်မြို့နယ်တွင် အထည်ချုပ် စက်ရုံစီမံကိန်းစတင်အကောင်အ ထည်ဖော်တည်ဆောက်နေသည့် အတွက် ယင်းဒေသအနီးတစ်ဝိုက်တွင် မြေဈေးနှုန်းမှာ တစ်ဧကလျှင်ကျပ်သိန်း ၉၀ နှုန်းအထိ ပေါက် ဈေးရှိနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
‘‘အရင်က လယ်တစ်ဧက နှစ်သိန်းခွဲဆိုတာ ဘယ်မှာမှ လိုက် ရောင်းလို့မရဘူး။ အရေးကြုံလို့ လိုက်ပြီး ရောင်းမယ်ဆိုရင်တောင် အပေါင်သဘောမျိုးသာထားလို့ ရတယ်။ ၀ယ်သူက မရှိဘူး’’ဟု ကန်ကြီးထောင့်ဒေသခံ လယ်သမား ဦးတင်မြင့်က ပြောသည်။
အထည်ချုပ်စက်ရုံစီမံကိန်း အတွက် ဒေသခံများ၏ လယ်မြေ များကို တစ်ဧကလျှင် ကျပ်သိန်း ၆၀ နှုန်းဖြင့် အကောင်အထည် ဖော်မည့် ကုမ္ပဏီအချို့က လိုက် လံဝယ်ယူလျက်ရှိသည်။ စက်မှု ဇုန်မြေနေရာပေါက်ဈေးမှာ တစ် ဧကသိန်း ၆၀ နှုန်းရှိနေသော်လည်းယင်းစီမံကိန်းအနီးတစ်ဝိုက်မြေ ဈေးနှုန်းမှာ စီမံကိန်းမြေဈေးနှုန်းထက် ကြီးမြင့်လျက်ရှိကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။ ဒေသအတွင်းရှိ ယခင်လယ်တစ်ဧကဈေးနှုန်းမှာ နှစ်သိန်းခွဲ သာရှိခဲ့ရာမှ ပုသိမ်မြို့နှင့် ကန်ကြီးထောင့်မြို့နယ်တို့တွင် အထည် ချုပ်စက်ရုံနှင့်အတူ စက်မှုဇုန်များအကောင်အထည်ဖော်ရန် စီစဉ် လာကြခြင်းကြောင့် ဒေသမြေဈေး နှုန်းများ တက်ရိပ်ဘက်သို့ ဦးတည်နေခြင်းဖြစ်ကြောင်း လယ်သမားအရေးဆောင်ရွက်သူများက ထောက်ပြထားသည်။
လက်ရှိစက်ရုံမြေနေရာဝယ် ယူထားသည့် မြေနေရာအချို့တွင်လုပ်ငန်းအကောင်အထည်ဖော်နေပြီး အချို့မြေကွက်များတွင် ဒေသခံများ၏ မတ်ပဲ ရိတ်သိမ်းပြီးချိန်၌ စက်ရုံစတင်တည်ဆောက်သွားမည်ဖြစ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် စက်ရုံတည်ဆောက်ရန် ရှန်ဟိုင်းကုမ္ပဏီက လုပ်ငန်းလုပ်ကိုင်ရန် စီစဉ်နေကြောင်း၊ ယင်းစက်ရုံအတွက် မြေဧက ၂၉ဒသမ ၉၈ ဧကရှိ ဆေးရုံသစ်နှင့် အားကစားကွင်းအ သစ်တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယင်းမြေနေရာမှာ လယ်သမားများပိုင် မြေကွက်မပါဝင်ကြောင်း မြို့နယ်အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်လွင်က ပြောသည်။
‘‘မြို့သစ်အတွက် သိမ်းထား တဲ့ မြေကွက်တွေက လယ်သမား တွေရဲ့ ဦးပိုင်ပေါက်မြေတွေပါ။ အခုစက်ရုံတည်မှာကို ပြန်ပြီး လျော်ကြေးလေးရမလားဆိုပြီး လမ်းပေါ်ထွက် ဆန္ဒပြကြတယ်။ ဘာမှမထူးတော့တဲ့အတွက် လက်လျှော့လိုက်ရတော့တာပဲ’’ဟု လယ်မြေ အသိမ်းခံရပြီး မြေပြန်ရရန် လက်မှတ်ရေးထိုး တိုင်ကြားထား သူ ဦးတင်မြင့်က ပြောသည်။
Credit: 7 day daily