လာမည့်ဘဏ္ဍာနှစ်တွင် ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း အားကစားကွင်း ၁၆ ခု ဆောက်လုပ်မည်

လာမည့်ဘဏ္ဍာနှစ်တွင် ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း အားကစားကွင်း ၁၆ ခု ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
21 Jan 2015 9:58 am တွင် တင်ခဲ့သည်
883 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး တွင် အသုံးမပြုသော စည်ပင်နယ်နိမိတ်အတွင်းရှိ မြေများကို ဖော်ထုတ်၍ လာမည့် ဘဏ္ဍာနှစ်၌ အားကစားကွင်း ၁၆ ခု ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အားကစားကွင်း ၁၆ ခုမှာ တောင်ဥက္ကလာတွင် နှစ်ခု၊ မြောက်ဥက္ကလာတွင် သုံးခု၊ တောင်ဒဂုံတွင် နှစ်ခု၊ ဒဂုံ (အရှေ့)တွင် နှစ်ခု၊ မြောက်ဒဂုံတွင် ငါးခု၊ ရွှေပြည်သာတွင် တစ်ခုနှင့် မင်္ဂလာဒုံမြို့နယ်တွင် တစ်ခုစသည်ဖြင့် အသီးသီးဆောက်လုပ်သွားမည် ဖြစ်သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပန်းဥယျာဉ်နှင့် အားက စားကွင်းများဌာနအနေဖြင့် ဘတ်ဂျက်ငွေ သိန်းပေါင်း ၃၂,၀၀၀ သုံးစွဲသွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြတောင်းခံထားကြောင်း သတင်းရရှိသည်။

‘‘လက်ရှိ ရေကန်တွေ၊ မြေ ကြီးတွေကို အသစ်ဖော်ထုတ် သွားမှာပါ။ ခြံစည်းရိုးတွေလဲကာ ပြီး နွေမိုးဆောင်းကစားနိုင်တဲ့ ကွင်းတွေဖြစ်အောင် လုပ်သွား မယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ အဆင့်မြှင့်တင်ခြင်းတွေကို ဆောင်ရွက်သွားမယ်’’ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီ၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ယင်းအားကစားကွင်းများ ဖော်ဆောင်ရေးအတွက် ဘတ် ဂျက်ငွေ ကျပ်သိန်း ၇,၀၀၀ ကျော် သုံးစွဲသွားမည် ဖြစ်သည်။ ထို့ပြင် လက်ရှိဖော်ထုတ်သွားမည့် အား ကစားကွင်းနေရာများကို ကျောင်းမြေ၊ တပ်မြေနှင့် ဘုရားမြေများ ရှောင်ကွင်း၍ ဖော်ထုတ်သွားမည် ဖြစ်ပြီး ယင်းမြေများပေါ်တွင်ရှိ သည့် ကစားကွင်းများကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သွားမည် မဟုတ်ကြောင်း အဆိုပါအရာရှိ ကြီးက ဆက်လက်ပြောကြားသည်။လက်ရှိတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း၌ ၂၀၁၁- ၂၀၁၂ က အားကစားကွင်း ၂၁ ခု၊ ၂၀၁၂-၂၀၁၃ က ၁၈ ခု၊ ၂၀၁၃-၂၀၁၄ က ၃၃ ခု၊ ၂၀၁၄-၂၀၁၅ က ၁၁ ခု၊ မြေပိုင်ဆိုင်မှုမှန်၊ မမှန်စိစစ်နေသော အားကစားကွင်း ခုနစ်ခုနှင့် ပုံမှန်ထိန်းသိမ်းနေသော အားကစားကွင်း ၁၀ ခုစသည်ဖြင့် စုစုပေါင်း ၁၀၀ ရှိကြောင်း ပန်းဥယျာဉ် နှင့် အားကစားကွင်းများ ဌာန စာရင်းများအရ သိရသည်။

ရပ်ကွက်များ၌ ဘောလုံး ကွင်းဟူ၍ မရှိတော့ဘဲ အကွက် များရိုက်ကာ ဘောလုံးကွင်းများ ကို နာရီကြေးဖြင့် တွက်ချက်ငှားရမ်းခြင်းများရှိနေကြောင်း ရပ် ကွက်နေ ဘောလုံးကစားသူလူ ငယ်အချို့က ပြောသည်။

‘‘ဘောလုံး ကွင်းတွေက ဆောက်ပေးတာကောင်းတယ်။ အဓိကကတော့ ဘောလုံးကွင်း တွေကို လူငယ်တွေကစားနိုင် အောင် ကွင်းကြေးကို ဈေးလျှော့ ပေးနိုင်ရင် ပိုကောင်းတာပေါ့။ အခုရပ်ကွက်တွေထဲမှာတောင် ကန် စရာဘောလုံးကွင်းက မရှိသ လောက်ဖြစ်နေပြီ’’ဟု ဒဂုံမြို့သစ် မြောက်ပိုင်း (၄၅) ရပ်ကွက်နေကိုထူးထူးက ပြောသည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service