လမ်းနယ်နိမိတ်ပေါ် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက် အအုံများ၊ ဈေးဆိုင်များကို တိုင်ကြားလာပါက အရေးယူမည်

လမ်းနယ်နိမိတ်ပေါ် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက် အအုံများ၊ ဈေးဆိုင်များကို တိုင်ကြားလာပါက အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
6 Jan 2015 11:41 am တွင် တင်ခဲ့သည်
935 ကြိမ် ကြည့်ရှု့ပြီး
တိုက်ခန်း နယ်နိမိတ်များ၊ အိမ် ဥပစာများထက် ကျော်လွန်ကာ လမ်းမများပေါ်အထိ ကျူးကျော် ချဲ့ထွင်ထားသည့် အဆောက်အအုံ များ၊ ဈေးဆိုင်များ ဆောက်လုပ်ခြင်း မှာ တရားဝင်မှုမရှိသဖြင့် ပြည်သူများ တိုင်ကြားလာပါက ထိထိရောက် ရောက် ဖယ်ရှားပြီး အရေးယူဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

”ဒါတွေကို ရှင်းဖို့အတွက်က ဘဏ္ဍာရေး အကုန်အကျခံပြီး အဆင့် မီ မြောင်းကြီးတွေ တူးရမှာ၊ မတူး နိုင်သေးဘူး။ တချို့မြို့နယ်တွေမှာ တော့ ဖျက်ပြီး မြောင်းကြီးတွေ လုပ် ပေးခဲ့တာ ရှိပါတယ်။ ဒီဆိုင်တွေ၊ ကျူးကျော်ထားတဲ့ အဆောက်အအုံ တွေ ဖျက်ပြီးမှ မြောင်းကြီးတွေ မလုပ်ပေးနိုင်ရင်လည်း အဆင်မပြေ ဘူး။ မြေညီထပ် တိုက်ခန်းတွေမှာ၊ လမ်းနယ်နိမိတ်ပေါ်မှာ ကျူးနေတဲ့ အဆောက်အအုံတွေကိုတော့ လုပ် နိုင်စွမ်းမရှိတာ မဟုတ်ပေမယ့် တိုင် ကြားရင်တော့ အရေးယူ ဖယ်ရှားပေး ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှ မြင့်က ပြောသည်။

မိမိပိုင် တိုက်ခန်း၊ အိမ်ခန်းများ၏ ဥပစာ ပိုင်နက်ကျော်လွန်ပြီး လူသွား ပလက်ဖောင်းများပေါ်အထိ ကျူး ကျော်ကာ တည်ဆောက်ထားသည့် အဆောက်အအုံများ၊ ဈေးဆိုင်များ ကြောင့် လမ်းပိတ်ဆို့မှုများ၊ လမ်း သွားလမ်းလာများနှင့် ပြဿနာများ ဖြစ်ပွားနေရသည့်အပြင် လမ်းနယ် နိမိတ်အထိ ကျော်လွန်ဆောက်လုပ် ထားမှုများကြောင့်လည်း လမ်းသွား လမ်းလာများအနေဖြင့်လည်း ယာဉ် အန္တရာယ်ဖြစ်ပွားမှုများ နေ့စဉ်ရက် ဆက်ဆိုသလို ရင်ဆိုင်နေရသည်။

”public area တွေမှာ ဘယ် သူ့ကိုမှ ကျူးကျော်ဆောက်လုပ်ခွင့် မပေးထားသလို ဆောက်နေတာတွေ ရှိရင်လည်း တရားမဝင်ပါဘူး။ တိုင် ကြားလာရင် ချက်ချင်း အရေးယူ ပေးသွားမှာပါ။ စည်းကမ်းမလိုက်နာ သူတွေ လိုက်နာလာအောင်လည်း ပြည်သူတွေက ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်တယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက ပြော သည်။

ကျူးကျော် အဆောက်အအုံ များ၊ ဈေးဆိုင်များကြောင့် မိဘ ပြည်သူများ အခက်အခဲ တွေ့ကြုံလာ ပါက ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ မြို့နယ်ရုံးများ၊ www.ycdc.gov.mm သို့ တိုင်ကြားနိုင်သည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ပိုင်မြေများဖြစ် သည့် လမ်းနယ်နိမိတ်များပေါ်တွင် သာမက မြို့ကွက်များ စတင်ချထား ပေးစဉ်ကပင် မီးငြှိမ်းသတ်ရေး အတွက် နေရာသတ်မှတ်ထားသော မီးတားမြေများအပြင်၊ စည်ပင်သာ ယာရေးကော်မတီပိုင် လမ်းနယ် နိမိတ်များပေါ်တွင်ပါ အဖီအဆွယ် ဆောက်လုပ်မှုများ အများအပြားရှိ လာနေကြောင်း တွေ့ရှိရသည်။

သို့ရာတွင် ယင်းမြေများအပေါ် တွင်ပါ ကျူးကျော်ဆောက်လုပ်မှုများ ရှိလာနေသည့်အတွက် စည်းကမ်းမဲ့ ဆောက်လုပ်ထားသည့် ကျူးကျော် အဆောက်အအုံ အဖီအဆွယ်များကို ပြန်လည်ဖြိုဖျက်သည်အထိ အရေး ယူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန၊ အဆောက်အအုံထံမှ သိရသည်။

”ကျူးကျော် ဆောက်လုပ်ထား တဲ့ အဆောက်အအုံတွေကို ဌာန အနေနဲ့ ဘယ်တော့မှ ခွင့်ပြုမပေး ထားပါဘူး။ ကိုယ့်ရဲ့မြေထဲမှာတောင် နောက်ဖေးလမ်းကြားရှိတဲ့နေရာမျိုး မှာဆိုရင် နောက်ဖေးလမ်းကြားနဲ့ ကိုယ့်အဆောက်အအုံကြားမှာ တစ် ပေချန်ပြီးမှ ဆောက်ရမှာဖြစ်သလို နောက်ဖေးလမ်းကြား မရှိတဲ့နေရာ မျိုးဆိုရင်တော့ ခြံစည်းရိုးနဲ့ ကိုယ့် အဆောက်အအုံကြားမှာ မြေလွတ် ခြောက်ပေချန်ပြီးမှ ဆောက်ခွင့်ပေး ထားပါတယ်၊ အိမ်ရှေ့မှာလည်းမြေ ချန်ပြီးမှ ဆောက်ခွင့်ပြုတယ် ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ အင်ဂျင်နီယာဌာန၊ အဆောက်အအုံမှဌာနမှူး ဦးသန်းဌေး က ပြောသည်။

Credit: thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service