ကွန်ဒိုဝယ်မည်ဆိုလျှင် ဂရုစိုက်သင့်သည့် အချက်များ

ကွန်ဒိုဝယ်မည်ဆိုလျှင် ဂရုစိုက်သင့်သည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
9 Dec 2014 10:59 am တွင် တင်ခဲ့သည်
3075 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ကွန်ဒိုဆိုသည့် အဆင့်မြင့်အိမ်ရာများ ယခုနှစ်များအတွင်း ဆောက်လုပ်မှု များပြားလာခဲ့သည်။ ယင်းကြောင့် ဝယ်ယူသူတွေအတွက် ရွေးချယ်စရာ များပြားလာပြီ ဖြစ်သည်။ ဘယ်လို ကွန်ဒိုအမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရမည် ဆိုသည် နှင့် မည်သည့်အချက်များကို ထည့်သွင်းစဉ်းစားရမည် ဆိုသည်မှာလည်း ခေါင်းခဲစရာတစ်ခု ဖြစ်လာသည်။

ကွန်ဒို တို့၏ အသက်သည် ယခုခေတ် အခြေအနေအရ ပထမဆုံးဈေးနှုန်းကို စဉ်းစားသင့်ပေသည်။ ဒုတိယ ကွန်ဒိုပိုင်ဆိုင်ခွင့် ဆိုသည့်အချက်နှင့် တတိယ အချက်အနေဖြင့် မည်သည့်မြေတွင် ဆောက်လုပ် ထားသည်ဆိုသည့် အချက်တို့ပင် ဖြစ်သည်။ လတ်တလော ဆောက်လုပ်လျက်ရှိသည့် အဆင့်မြင့် ကွန်ဒိုတစ်ခန်း၏ ဈေးနှုန်းသည် လုံးချင်းအိမ်ရာတစ်လုံး၏ ဈေးနှုန်းနှင့် ညီမျှလျက် ရှိသည်။ ယင်းမှာ ကွန်ဒိုတွင် နေထိုင်ချင်သူတို့အတွက် အခက်အခဲတစ်ခု ဖြစ်စေလေသည်။

“ကျွန်တော်တို့ မြန်မာလူမျိုးတွေအနေနဲ့ အဆင့်မြင့် ကွန်ဒိုကြီးတွေကို ဈေးနှုန်းအရ ဝယ်နိုင်ပြီး ဝယ်ချင်တယ်ဆိုတာ အရမ်းကို နည်းပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၉၀ လောက်က ဝယ်ဖို့ မစဉ်းစားပါဘူး။ ကျွန်တော်တို့လို လုပ်ငန်းရှင်တွေ ကိုယ်တိုင်က ဒီလိုကွန်ဒိုတွေထက် လုံးချင်းအိမ်ရာမှာ နေဖို့ကိုသာ တွေးကြတာ များပါတယ်” ဟု ပွင့်လင်းစွာ ဖွင့်ဟလာသူက Three Season ဆောက်လုပ်ရေး လုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကိုကိုလေး ဖြစ်သည်။

ယင်းနောက် ၎င်းတို့ ကြော်ငြာထားသည့် ပိုင်ဆိုင်ခွင့်များ အားလုံးကို စာချုပ်ချုပ်ဆိုရာတွင် အမှန်တကယ်ပါဝင် ချုပ်ဆိုပေးခြင်းရှိ မရှိကိုလည်း ဝယ်ယူသူတို့ အနေဖြင့် စဉ်းစားရမည် ဖြစ်သည်။ “ဒီလောက် ဈေးကြီးကြီးနဲ့ ဝယ်ထားပြီး ဝယ်သူတွေကို ညာမယ်ဆိုရင်တော့ ဘယ်လိုမှ ဒီကွန်ဒိုက ယုံကြည် စိတ်ချမှုရှိစေမှာ မဟုတ်ပါဘူး” ဟု ဦးကိုကိုလေးက ဆိုသည်။ လတ်တလော ဆောက်လုပ်လျက်ရှိသည့် အဆင့်မြင့် ကွန်ဒိုများတွင် Infinity Luxury Condominium သည် အထပ်ပေါင်း ၂၈ ထပ် ပါဝင်ပြီး ဈေးနှုန်းသည် တစ်စတုရန်းပေလျှင် ကျပ် ၃၆၀,၀၀၀ မှ ၄၄၀,၀၀၀ ကျော်၊ ကမ္ဘာအေးဘုရား လမ်းမှ 68 Residence ကွန်ဒိုက တစ်စတုရန်းပေလျှင် ကျပ် ၃၉၀,၀၀၀ မှ ကျပ် ၄၅၀,၀၀၀၊ အင်းစိန် လမ်းမပေါ်ရှိ GEMS ကွန်ဒိုက တစ်စတုရန်းပေလျှင် ကျပ် ၁၉၀,၀၀၀ မှ ကျပ် ၂၉၀,၀၀၀ထိ၊ Star City မှ တစ်စတုရန်းပေလျှင် ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ ထိ၊ ဦးထောင်ဘို အဝိုင်းအနီးရှိ Dragon City က တစ်စတုရန်းပေလျှင် ကျပ် ၃၅၀,၀၀၀ မှ ကျပ် ၃၉၅,၀၀၀ ထိဖြစ်သည်။

ကွန်ဒို ပိုင်ဆိုင်ခွင့် ဆိုသည်မှာ ကွန်ဒိုဝယ်ယူမည် ဆိုပါက ဂရုစိုက်သင့်သည့် အချက်တစ်ခု ဖြစ်သည်ဟု ကျွမ်းကျင်သူတို့က မှတ်ချက် ပြုထားသည့်အချက် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသော စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ သို့မဟုတ် ကွန်ဒိုမီနီယံလောတွင် ကွန်ဒိုဆောက်လုပ်မည် ဆိုပါက အနည်းဆုံး မြေတစ်ဧက ကျယ်ဝန်းရမည်။နိုင်ငံခြားသားကို ၄၀ ရာခိုင်နှုန်းထိ ရောင်းချပိုင်ခွင့်ရှိမည်။ ကွန်ဒို ဝယ်ယူသူတိုင်း အခန်းအကျယ်နှင့် ညီမျှသည့် မြေပိုင်ဆိုင်ခွင့် ရရှိရမည်ဟုဆိုသည့် အဓိက အချက်သုံးချက်ပင် ဖြစ်သည်။ လတ်တလော အဆင့်မြင့် ကွန်ဒိုအများစုက ကွန်ဒိုအခန်းဝယ်လျှင် အဓိကအချက် တစ်ခုဖြစ်သည့် မြေပိုင်ဆိုင်ခွင့်ကို လိုချင်ကြသည်။ အဘယ်ကြောင့် ဆိုသော် ယင်းမှသာ ဘဏ်တွင် ပေါင်နှံနိုင်မည် ဖြစ်ပြီး ဘဏ်ချေးငွေလည်း ရရှိနိုင်မည် ဖြစ်သည်။ လက်ရှိ ဆောက်လုပ်သူများက “ကွန်ဒိုဥပဒေအရ အခန်းအကျယ်နှင့် ညီမျှသည့် မြေပိုင်ဆိုင်ခွင့် ရရှိပါမယ်” ဟု အပြိုင်အာမခံ ပြောကြားကြသည်။ ယင်းကြောင့် ကွန်ဒိုဟုဆိုလျှင် မည်သည့် မြေပေါ်တွင် ဆောက်လုပ်ထားသလဲ ဆိုသောအချက်ကို အထူးဂရုပြုရမည် ဖြစ်သည်။

မိမိဝယ်ယူမည့် ကွန်ဒိုသည် မည်သည့် မြေပေါ်တွင် ဆောက်လုပ်ထားသလဲ ဆိုသည့်အချက်မှာလည်း ကွန်ဒို ဝယ်မည့်သူများ သတိထားသင့်သည့် အချက် ဖြစ်သည်။ “ကိုယ်ဝယ်ယူမယ့် ကွန်ဒိုက ဘယ်မြေပေါ်မှာ ဆောက်ထားတာလဲဆိုတာ ဝယ်သူတွေအနေနဲ့ သိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောက်ထားတဲ့ မြေက ဘိုးဘွားပိုင်လား၊ အစိုးရဆီက BOT စနစ်နဲ့ ငှားထားတဲ့မြေလား ဂရန်မြေလား ဆိုတာပါပဲ” ဟု ဦးသန်းဦးက သတိပေးသည်။

ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေဆိုက ပြဿနာ မရှိနိုင်သော်လည်း BOT စနစ်ဖြင့် ဆောက်လုပ်ထားခြင်း ဆိုပါက ပြဿနာ ရှိနိုင်ပေသည်။ BOT စနစ်၏ သက်တမ်းသည် နှစ် ၇၀ ပင် ဖြစ်သည်။ ယင်းထက် ကျော်လွန်မည်ဆိုက ဆက်လက် ပိုင်ဆိုင်ခွင့် ရရှိမည်လား ဆိုသည်မှာ မည်သူမျှ သိရှိထားခြင်း မရှိပေ။

ကွန်ဒိုဝယ်များနှင့် ပတ်သက်၍ ဦးကိုကိုလေးကမူ “ဆောက်လုပ်သူတွေအနေနဲ့ ဖွံ့ဖြိုးစ ဈေးကွက် တစ်ခုကို ဖျက်ဆီးသလို မဖြစ်ဖို့ ပေးထားတဲ့ ကတိတွေအတိုင်း ဝယ်ယူသူကို ပေးဖို့လိုတယ်” ဆိုသည်။

Credit : winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service