ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက မြေ ကွက်ခုနစ်ကွက် တင်ဒါခေါ်ယူ ထားရာ လာရောက်လျှောက် ထားသူများတွင် ဧရာဟင်္သာ၊ ဖော်ကျွန်းနှင့် အေဝမ်း စသော ထိပ်သီးကုမ္ပဏီကြီးများ ပါဝင် ကြောင်း သတင်းရရှိသည်။
အဆိုပါမြေခုနစ်နေရာမှာ အနည်းဆုံးမြေတစ်ဧကမှ ဧက ၄၀ ကျော်အကျယ်အဝန်းအထိ ပါဝင်ပြီး မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်၊ကြည့်မြင်တိုင်၊ဗိုလ်တထောင်၊ကမာရွတ်မြို့နယ်တို့တွင် အကောင်အထည်ဖော်ရန် ဖေဖော်ဝါရီ ၁၈ ရက်ထုတ် သတင်းစာများ၌ တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။
အဆိုပါတင်ဒါကိုစုစုပေါင်းကုမ္ပဏီ၅၇ခုကလာရောက်တင်ပြထားပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းကို စတင်နေပြီဖြစ်ပြီး မကြာမီရက်အတွင်း တင်ဒါအောင်မြင်သူကို ကြေညာသွားမည်ဖြစ်သည်။
အဆိုပါမြေကွက်တင်ဒါ အောင်မြင်သူသည်ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီနှင့် အကျိုးတူ ပူးပေါင်းပြီး အိမ်ရာစီမံကိန်းများ၊ စီးပွားရေး အဆောက်အအုံများ၊ အထပ်မြင့် ကားပါကင်များ တည်ဆောက်ရန် ရည်ရွယ်၍ စည်ပင်က တင်ဒါခေါ်ယူခြင်းဖြစ်သည်။
ယခုတင်ဒါကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီကလုပ်ငန်းရှင်များတင်ပြရာတွင်ပိုမိုအချိန်ရစေရန် နိုင်ငံပိုင် သတင်းစာ၌ ကြေညာအပြီး ကိုးလ အကြာမှသာ တင်ဒါရရှိသူကို ဖွင့်ဖောက် ကြေညာပေးမည် ဖြစ် ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၈ ရက် က မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းရောင်လမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထောင့်ရှိ မြေရှစ်ဧက ကျော်ကိုစီးပွားရေးအဆောက်အအုံများတည်ဆောက်ရန် တင် ဒါခေါ်ယူခဲ့ရာ ဂမုန်းပွင့်ကုမ္ပဏီ အား တိုင်းဒေသကြီး အစိုးရအဖွဲ့ က ရွေးချယ်ခဲ့သည်။
ထို့အပြင် ဒုတိယစီးပွားရေး အချက်အချာ နယ်မြေအဖြစ် အကောင်အထည်ဖော်မည့် မရမ်း ကုန်းမြို့နယ်ရှိ မြေဧက ၃၀ ကျော်တွင်စီးပွားရေးအဆောက်အအုံများတည်ဆောက်လုပ်ကိုင်ခွင့်ကို The First Myanmar ဆောက် လုပ်ရေးကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
အထက်ပါ တင်ဒါနှစ်ခုစလုံးတွင်အခြားတင်ဒါတင်သွင်းသည့် ကုမ္ပဏီအချို့က တင်ဒါရွေးချယ် မှုမမျှတဟု တိုင်းဒေသကြီး အစိုး ရအဖွဲ့ကို ကန့်ကွက်မှုများ ပေါ် ပေါက်ခဲ့ဖူးသည်။
Credit : 7Day Daily