အရေးမပါသလိုရှိနေသည့် အိမ်၊ခြံ၊မြေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု

အရေးမပါသလိုရှိနေသည့် အိမ်၊ခြံ၊မြေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု - Property Knowledge in Myanmar from iMyanmarHouse.com
17 Nov 2014 12:11 pm တွင် တင်ခဲ့သည်
1648 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အိမ်၊ခြံ၊မြေနှင့်ပတ်သက်၍ ရောင်း၊ ၀ယ်၊ ငှား ပြုလုပ် ကြရာတွင် သတိပြုသင့်သော အချက်တစ်ခုကို မိမိကိုယ်တိုင်ပင် တစ်ခါတစ်ရံ မေ့လျော့နေတတ်သည်။ ဤသည် မှာ အိမ်၊ခြံ၊မြေနှင့်ပတ်သက်သော “သန့်ရှင်းမှု” ဆိုသည့်အချက်ပင်ဖြစ်သည်။ ယခင်လွန်ခဲ့သည့်နှစ်များကဆိုလျှင် ဆင်ခြေဖုံးရပ်ကွက်များ၌ဆိုလျှင် အမှိုက်များကို ကြုံလျှင်ကြုံသလို အလွယ်တကူ စွန့်ပစ်ကြရာမှာ ယခု ၂၀၁၀ နောက်ပိုင်းများတွင် မြို့နယ်၊ ရပ်ကွက် အသီးသီးတို့၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ် ပေးထားသော အမှိုက်ပစ်ကန်များအတွင်းသို့ စည်းစနစ်ကျစွာ အမှိုက်များစွန့်ပစ်လာကြသည်ကို တွေ့ရှိရသည်။ အထပ်မြင့်အဆောက်အဦးများအပေါ်၌ နေထိုင်သူများကလည်း အပတ်စဉ် အလှည့်ကျလာရောက်သိမ်းဆည်း သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အမှိုက်သိမ်းခေါင်းလောင်းထိုးသံကြားလျှင်ပင် မိမိနေအိမ် မှအမှိုက်များကို အမှိုက်ပစ်လှည်းများအတွင်းသို့ သွားရောက်စွန့်ပစ်ကြသည့်အတွက် မြို့နေလူမှုအဆင့်အတန်း မြင့်တက်လာသည်ဟု ဆိုနိုင်ပါသည်။ စင်္ကာပူနိုင်ငံများ၌ဆိုလျှင် Condo တိုက်ခန်းများ၌ နေထိုင်သူများသည် မီးဖို ချောင်စွန့်ပစ် အမှိုက်များကို မိမိအိမ်၌ရှိသော အမှိုက်စွန့်ခေါင်းပြွန်ထဲသို့ အလွယ်တကူစွန့်ပစ်လိုက်နိုင်သဖြင့် လူနေမှုအဆင့်အတန်းကို များစွာအထောက်အကူပြုသည်ကိုတွေ့ရှိရသလို မလေးရှားနိုင်ငံများတွင်လည်း လုံးချင်း အိမ်ရာများတွင် နေထိုင်သူဖြစ်ပါက မိမိတို့ မီးဖိုချောင်၏ စွန့်ပစ်အမှိုက်များကို ခြံဝရှေ့တွင်ရှိသော အမှိုက်စွန့်အိမ် ကလေးထဲသို့ ထည့်ထားလိုက်ပါက အမှိုက်သိမ်းဆည်းရေးမှ အပတ်စဉ်အလှည့်ကျ လာရောက်သိမ်းဆည်းခြင်း ကြောင့် အိမ်နှင့်ပတ်ဝန်းကျင် လူနေထိုင်မှု အဆင့်အတန်းများကို ဖော်ပြသလိုဖြစ်သည်ကို တွေ့ရှိရသည်။
ထို့ကြောင့် လုံးချင်းအိမ်ရာများ၌ နေထိုင်သည်ဖြစ်စေ၊ အထပ်မြင့်အဆောက်အဦးများပေါ်၌ နေထိုင်သည် ဖြစ်စေ အမှိုက်သိမ်းဆည်းရေးကိစ္စကိုပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါသည်။ အမှိုက်သိမ်းဆည်းရေးကိစ္စသည် အိမ်၊ခြံ၊မြေ တစ်ခု၏ သန့်ရှင်းမှုနှင့်သာမက လူကြိုက်များ မများ နှင့် ဈေးနှုန်းတို့ကိုပါ သွယ်ဝိုက်သောနည်းအားဖြင့် ပတ်သက်နေသည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ ထို့ကြောင့် အမှိုက်သိမ်းဆည်းခြင်းညံ့ဖျင်းပါက သန့်ရှင်းလှပသော မြို့တော်ကြီးကို ရုပ်ဆိုးစေသည့်အပြင် လူ ကြိုက်နှစ်သက်မှု နည်းပါးလာပါက ဈေးကွက်ကိုပါ ထိခိုက်လာနိုင်သဖြင့် မိမိတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာပါမက နေထိုင်မှု အဆင့်အတန်းကိုပါ မြင့်မားပျိုးထောင်ပြီး မိမိပတ်ဝန်းကျင်နှင့် လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးကြ ပါဟု တိုက်တွန်းနှိုးဆော်ချင်ပါသည်။

Credit: Myanmar Property News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service