ဈေးနှုန်းအဆမတန်မြင့်မားနေသော ရန်ကုန်အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်နိုင်ရန်အတွက် ၂၀၁၃-ခုနှစ်အောက် တိုဘာလ(၁)ရက်နေ့တွင် စည်းကြပ်အခွန်နှုန်းထားအသစ်ကိုကြေညာခဲ့ပြီး ယခုဒုတိယအကြိမ်အဖြစ်စည်းကြပ်ခွန်နှုန်းထား ကိုပြန်လည်ပြင်ဆင်ထုတ်ပြန်ခြင်းဖြစ်ကြောင်း တိုက်ခန်းများအပေါ်စည်းကြပ်ခွန်နှုန်းပြောင်းလဲမှုအပေါ်စည်းကြပ်ခွန်နှုန်း ပြောင်းလဲမှုမရှိခဲ့သော်လည်း မြေယာပေါ်၌ ပြောင်းလဲမှု
များရှိခဲ့ကြောင်းသိရသည်။ ” အခုပြင်ဆင်လိုက်တဲ့နှုန်းက ပြီးခဲ့တဲ့ နှစ်ထက်နှိုင်းယှဉ်လိုက်ရင်တော့ ငါးပုံတစ်ပုံလောက်မြင့်သွားတယ်။ အခွန်နှုန်းထားသစ်ကြောင့် ဈေးကွက်ပြောင်းလဲမှုတွေ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ” ဟု အိမ်ခြံမြေအကျိုးဆောင် ဦးသန်းဦး(မဏ္ဍိုင်)ကပြောသည်။
အိမ်ခြံမြေအခွန်နှုန်းထားသစ်များကို ပွင့်လင်းမြင်သာမှုရှိစွာပြုပြင်ပြောင်းလဲခဲ့ပြီးနောက်ပိုင်း အခွန်ထမ်းဦးရေတိုး တက်မှုရှိလာကြောင်း၊ ကာလတန်ဖိုးစီစစ်ရေးအဖွဲ့အနေဖြင့် အသစ်ထပ်မံပြောင်းလဲလိုက်သည့် နှုန်းထားများအရ အင်း ယားမြိုင်လမ်း ရွှေတောင်ကြားလမ်း၊ သံလွင်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းများတွင် စတုရန်း(၁)ပေလျှင်(၃)သိန်း (၃)သောင်းကျပ်နှုန်းရှိကြောင်း၊ အမှန်တကယ်အရောင်းအ၀ယ်ဖြစ်နေသောဈေးနှုန်းသည် ၄င်းနှုန်းထားထက်ပိုမိုကြောင်း၊ ပြည်တွင်းခွန်များဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ကပြောသည်။
Credit: Shwesathtan