တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ - Property News in Myanmar from iMyanmarHouse.com
15 Jul 2025 11:05 am တွင် တင်ခဲ့သည်
1579 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၊ စီချွမ်ပြည်နယ်တွင်နေထိုင်သော မင်ဟန်းထိုင် အမည်ရှိ အသက် ၃၅ နှစ်အရွယ် အငှားယာဉ်မောင်းအမျိုးသားသည် လစဉ်ဝင်ငွေ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသော အလုပ်နှင့် မြို့ပြလူနေမှုဘဝကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျောခိုင်းခဲ့သည်။

မင်ဟန်းထိုင်ဟူသော သူ၏အမည်မှာ ဥစ္စာဓန ပေါကြွယ်ဝသူဟု အဓိပ္ပာယ်ရှိသည်။

မင် လက်ရှိနေထိုင်နေသည်မှာ သူ၏ဇာတိမြို့မှ လှိုဏ်ဂူတစ်ခုတွင် ဖြစ်သည်။

ယခုအခါ မင်က စာဖတ်ခြင်း၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ အရေးမပါသည့် ကိစ္စများဖြင့် အချိန်ကုန်နေသော လူ့ဘဝအပေါ် လေးလေးနက်နက် ဆင်ခြင်သုံးသပ်ခြင်းတို့ဖြင့် တစ်နေ့တာကို ဖြတ်သန်းနေသည်။

(▲ မင်သည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်လလျှင် ဒေါ်လာ ၁၄၀၀ ခန့်ရနေသော အငှားယာဉ်မောင်း အလုပ်ကို ကျောခိုင်းကာ ဇာတိမြေသို့ ပြန်ခဲ့ပြီး လူသူဝေးရာ ဘဝတွင် နေထိုင်ဖြတ်သန်းနေသည်။ ဓာတ်ပုံ-QQ.com)

အလုပ်များ လုပ်နေရသည်မှာ အဓိပ္ပာယ်ကင်းမဲ့လှသည်ကို တွေ့ရှိခဲ့ပြီးနောက် စွဲလမ်းမှုတဏှာကို ပယ်သတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

မင်သည် ဆွေမျိုးများထံ တင်ရှိနေသော ကြွေးမြီများ ပေးဆပ်ရန်အတွက် ယခင်က တစ်ရက်လျှင် ၁၀ နာရီခန့် အလုပ်လုပ်ခဲ့သည်။

ယနေ့တိုင် ဘဏ်နှင့် ငွေချေးကုမ္ပဏီများတွင် ယွမ် ၃၀၀,၀၀၀ (ဒေါ်လာ ၄၂,၀၀၀) အကြွေးတင်နေဆဲ ဖြစ်ကြောင်း မင်က ပြောသည်။

အဆိုပါ အကြွေးများ ပြန်ဆပ်ရန် မျှော်လင့်ချက်ကို မင်က လက်လျှော့လိုက်ပြီဖြစ်သည်။

မိမိ၏ ဆွေမျိုးများက မိမိ၏ ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ကြကြောင်း၊ ရရှိငွေများဖြင့် ကြွေးကျန်များကို ပေးဆပ်နိုင်မည်ဖြစ်ကြောင်း မင်က ပြောသည်။

မင်က ရွာရှိ သူ၏မြေကွက်ကို အခြားရွာသားတစ်ဦး၏ မြေနေရာနှင့် လဲလှယ်လိုက်သည်။

ထိုသူ၏ မြေကွက်မှာ မင်၏ မြေကွက်အောက် ၄ ပုံ ၁ ပုံသာ ကျယ်ဝန်းသည်။ သို့သော် မင်နေထိုင်သည့် လှိုဏ်ဂူဘေးတွင် တည်ရှိသောကြောင့် မင်က ထိုမြေကွက်တွင် စားပင်သောက်ပင်များ စိုက်ပျိုးနိုင်မည် ဖြစ်သည်။

(▲ မင်က စာဖတ်ခြင်း၊ လှိုဏ်ဂူအနီး လမ်းလျှောက်ခြင်းတို့ဖြင့် တနေ့တာကို ကုန်လွန်ဖြတ်သန်းသည်။ ဓာတ်ပုံ-QQ.com)

မင်သည် စတုရန်းမီတာ ၅၀ ကျယ်ဝန်းသော လှိုဏ်ဂူထဲတွင် လူနေထိုင်၍ ရစေရန် ယွမ် ၄၀,၀၀၀ (ဒေါ်လာ ၆,၀၀၀) ခန့် သုံးစွဲကာ မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

နေ့စဉ် မနက် ၈ နာရီတွင် အိပ်ရာထသည်။

ယင်းနောက် စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ စိုက်ခင်းတွင် ရေလောင်းပေါင်းသင်ခြင်းများ ပြုလုပ်သည်။

ည ၁၀ နာရီတွင် အိပ်ရာဝင်သည်။ မင်က ၎င်းစိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်တို့ကိုသာ အဓိကစားသုံးသည်။

ယခုကဲ့သို့ နေထိုင်ဖြတ်သန်းနေသည့်ဘဝမှာ မြို့တွင် အလုပ်လုပ်နေစဉ်က အမြဲစိတ်ကူးအိပ်မက်ခဲ့သည့် ဘဝဖြစ်ကြောင်း မင်က ပြောသည်။

သူ၏ နေထိုင်ဖြတ်သန်းမှုနှင့် ပတ်သက်၍ မင်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြလေ့ရှိသည်။

မင်သည် လူမှုကွန်ရက်တွင် follower ၄၀,၀၀၀ ခန့်ရှိရာ live-streaming မှလည်း ဝင်ငွေရသည်။

မင်က သူ၏လှိုဏ်ဂူကို တွင်းနက်ကြီးဟု အမည်ပေးထားပြီး မိမိ၏လှိုဏ်ဂူမှာ မိမိ၏ စကြာဝဠာဖြစ်သည်ဟု ဆိုသည်။

လူ့ဘဝ၏ အရေးမပါသော ကိစ္စများကို မိမိကိုယ်မိမိ သတိပေးလိုခြင်းဖြစ်ကြောင်း မင်က ပြောသည်။

အိမ်ထောင်မပြုသည့်အကြောင်းမှာ အိမ်ထောင်ပြုခြင်းသည် အချိန်နှင့် ငွေဖြုန်းတီးခြင်းဖြစ်သည်ဟု ယူဆသောကြောင့်ဖြစ်ကြောင်း မင်က Sichuan Television သို့ ပြောသည်။

“အချစ်စစ်ကို တွေ့ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ဒါကြောင့် ရှားပါးခက်ခဲတဲ့ကိစ္စအတွက် ကျွန်တော်က ဘာကြောင့် ပင်ပင်ပန်းပန်း အလုပ်တွေလုပ်နေရမှာလဲ” ဟု မင်က ပြောသည်။

(▲ မင်က ၎င်းစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်ခင်းများကို ရေလောင်းပေါင်းသင်ခြင်းများ ပြုလုပ်သည်။ ထိုစိုက်ခင်းထွက် ဟင်းသီးဟင်းရွက်တို့ကိုသာ အဓိက စားသုံးသည်။ ဓာတ်ပုံ-QQ.com)

မင်၏ လုပ်ဆောင်မှုအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့ကြား အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပေးလျက်ရှိကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man Quits RM5.9K Job To Live In A Cave Because Work & Marriage Are Meaningless

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service