စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား - Property News in Myanmar from iMyanmarHouse.com
7 Jul 2025 11:28 am တွင် တင်ခဲ့သည်
574 ကြိမ် ကြည့်ရှု့ပြီး

နာမည်ကြီးဆော်ဒီ သိပ္ပံပညာရှင်တစ်ဦးက ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုမှာ ဖြစ်တောင့်ဖြစ်ခဲ တွေ့ရှိမှုတစ်ခုဖြစ်ကြောင်း၊ ၎င်း၏ ကိုယ်ကာယကြံ့ခိုင်ပုံ ပြိုင်ဘက်ကင်းအနေအထားကို သိပ္ပံနည်းကျ လေ့လာရန် စီစဉ်ထားကြောင်း ပြောသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ Taibah တက္ကသိုလ်မှ လေ့ကျင့်ခန်းဆိုင်ရာ ဇီဝကမ္မဗေဒပါမောက္ခ ဒေါက်တာ မိုဟာမက် အလီ အယ်လ် အာမာဒီက ပြောသည်မှာ စီရော်နယ်ဒိုသည် ခေတ်သစ်အားကစားသိပ္ပံအတွက် ပြိုင်ဘက်ကင်းနမူနာတစ်ခုဖြစ်ကြောင်း၊ အားကစားသမား အများစု အသက် ၃၀ ကျော်တွင် အနားယူရလေ့ရှိသည့် အားကစားနယ်ပယ်တွင် သူ၏ စည်းကမ်းရှိမှု၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးကောင်းမွန်မှုတို့ကြောင့်ဖြစ်ကြောင်း ပြောသည်။

“ခရစ္စတီယာနို ရော်နယ်ဒိုဟာ အားကစားသမားတစ်ဦးသက်သက်မျှ မဟုတ်ပါဘူး။ သူဟာ စံပြုလေ့လာရမယ့်သူ ဖြစ်ပါတယ်” ဟု အယ်လ် အာမာဒီက ဆော်ဒီအာရေးဗီးယား၏ နိုင်ငံပိုင် ရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။

“သူဟာ လူ့ဘဝသက်တမ်း အသက် ၄၀ ကျော်ပြီဖြစ်ပေမယ့် သူ့ရဲ့ ဇီဝကမ္မအသက်ဟာ ၂၀ ကျော်ပဲ ရှိပါသေးတယ်။ အရွယ်ရလာပေမယ့် ဇီဝဗေဒအရ သူဟာ နုပျိုနေပါတယ်” စီရော်နယ်ဒို၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အပိုအလိုမရှိသလောက်နီးပါးဖြစ်ကြောင်း၊ ကိုယ်တွင်းအဆီဓာတ် ၇ ရာခိုင်နှုန်းသာရှိကြောင်း အယ်လ် အာမာဒီက ပြောသည်။

“သူ့ဘဝမှာ ဖြစ်သလို နေထိုင်ခဲ့မှု လုံးဝမရှိခဲ့ဘူး။ အစာအာဟာရကနေ လေ့ကျင့်ရေး၊ အိပ်စက်မှုတွေအထိ သိပ္ပံနည်းအတိုင်း အတိအကျ စီစဉ်လုပ်ဆောင်တာပါ”

မိမိကျွမ်းကျင်ထားသည့် ပညာများဖြင့် နိုင်ငံတကာ နည်းပညာသုံးကာ စီရော်နယ်ဒို၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ဇီဝကမ္မအသက်ကို အသေးစိတ် လေ့လာရန် ဆန္ဒရှိကြောင်းလည်း ဒေါက်တာ အယ်လ် အာမာဒီက ပြောသည်။

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးသည်ဟုဆိုခြင်းမှာ ဒေါက်တာ အယ်လ် အာမာဒီက ကျွမ်းကျင်ပညာရှင်တစ်ဦး၏ ထင်မြင်သုံးသပ်ချက်အနေဖြင့် ပြောကြားခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ၎င်းက အခြေအမြစ်မရှိ ပြောကြားခြင်းမဟုတ်ဘဲ စီရော်နယ်ဒို၏ လူသိများသော နေထိုင်စားသောက်မှုပုံစံ၊ လူတိုင်းသိနိုင်သော သူ၏ ခန္ဓာကိုယ်အလုံးအထည်၊ အဆီပမာဏ အစရှိသည့်အချက်တို့ကို အခြေပြုကာ သုံးသပ်ခြင်းဖြစ်သည်။

ထိုသို့ သုံးသပ်ပြီးနောက် သိပ္ပံနည်းကျ လေ့လာလိုကြောင်းလည်း ကမ်းလှမ်းထားခြင်း ဖြစ်သည်။

ပါမောက္ခ ဒေါက်တာ အယ်လ် အာမာဒီ၏ ရည်ရွယ်ချက်မှာ စီရော်နယ်ဒိုကို လေ့လာကာ တွေ့ရှိချက်များကို ကမ္ဘာ့ဆေးပညာဂျာနယ်များတွင် ချပြသွားရန်ဖြစ်ပြီး ဆော်ဒီအာရေးဗီးယားတွင် စီရော်နယ်ဒို ရှိနေချိန်တွင် သိပ္ပံပညာအတွက် အကျိုးရှိစေရန် ကြိုးစားခြင်းလည်း ဖြစ်သည်။

“စီရော်နယ်ဒို ဆော်ဒီအာရေးဗီးယားမှာ ရှိနေတာဟာ လက်မလွှတ်သင့်တဲ့ အခွင့်အလမ်းတစ်ခုပါ။ ကျွန်တော်တို့အနေနဲ့ သူ့ကို သိပ္ပံနည်းကျလေ့လာပြီး ကမ္ဘာကို ချပြရမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဒီလိုအချက်အလက်တွေ လိုအပ်နေပါတယ်။ ဒါကို ဆော်ဒီအာရေးဗီးယားက ထောက်ပံ့ပေးလို့ ရပါတယ်” ဟု ပါမောက္ခက ပြောသည်။

စီရော်နယ်ဒို ရှိနေခြင်းမှာ သိသာမြင်သာသည့် အကျိုးကျေးဇူးများလည်း ရှိကြောင်း၊ Riyadh တွင် Al Nassr ၏ ပွဲများမှာ ပရိသတ် ၂၀ ရာခိုင်နှုန်း မြင့်တက်လာသည်မှာ ထင်ရှားသည့် သာဓကဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဘောလုံးသမားအများစုဟာ ၃၀ ကျော်ဆိုရင် နားသွားကြပါပြီ။ စီရော်နယ်ဒိုကတော့ စည်းစနစ်နဲ့ နေထိုင်စားသောက်လေ့ကျင့်မှုတွေကြောင့် သူ့ရဲ့ ကစားသမားဘဝကို ဆယ်စုနှစ် တစ်ခုလောက် ထပ်တိုးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာသူဟာ သူ့အသက်ရဲ့ ထက်ဝက်လောက်ပဲရှိတဲ့သူတွေနဲ့ အပြိုင်ကြဲနေပြီး အသက်ငယ်သူတွေထက်တောင် ခြေစွမ်းပြနိုင်နေတယ်”

ပါမောက္ခ အယ်လ် အာမာဒီက စီရော်နယ်ဒို ပြောခဲ့ဖူးသော စကားကို ပြန်ပြောပြသည်။

“တခါတုန်းက သူပြောဖူးတာရှိတယ်။ ……ကျွန်တော်လည်း ခင်ဗျားလိုပါပဲ….ကာယလေ့ကျင့်ခန်းတွေ နေ့တိုင်း လုပ်နေရတာ သဘောကျနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ ဒါပေမယ့် ဒါကိုလုပ်ရမယ်လို့ ကျွန်တော်သိထားတယ်။ ကာယလေ့ကျင့်ခန်းလုပ်ရတာကို သဘောကျဖို့ မလိုပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကိုတော့ အလေးထားရမှာ ဖြစ်ပါတယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ronaldo’s biological age is in his 20s, says Saudi academic calling for scientific study

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service