အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ - Property News in Myanmar from iMyanmarHouse.com
3 Jul 2025 11:45 am တွင် တင်ခဲ့သည်
456 ကြိမ် ကြည့်ရှု့ပြီး

မက်စ်ဝဲလ် ဝုဖ် (Maxwell Wolfe) သည် အမေရိကန်ပြင်ပသို့ တစ်ခါဖူးမျှ မသွားလာဖူးချေ။

၂၀၁၉ ခုနှစ်တွင်မူ ထိုင်းသို့ ရွှေ့ပြောင်းလာခဲ့ပြီး ကော့စမွေကျွန်းတွင် မွေထိုင်းလက်ဝှေ့ကျော်တစ်ဦးဖြစ်လာရန် ကြိုးစားလျက်ရှိသည်။

မက်စ်ဝဲလ်သည် မွေထိုင်းလက်ဝှေ့ကြိုးဝိုင်းသို့ ပထမဆုံးဝင်ခဲ့သည့်ပွဲမှာ ၂ မိနစ်သာကြာခဲ့ပြီး သူ၏ ညာဘက်လုံးအထက်တွင် တံတောင်ရိုက်ချက်မိကာ မျက်ခုံးကွဲသွားပြီး အမာရွတ်ကြီး ကျန်ခဲ့သည်။

ထိုသို့ ပွဲဦးထွက် ရှုံးပွဲရင်ဆိုင်ရသော်လည်း မက်စ်ဝဲလ် တပ်ခေါက်ကာ နောက်မဆုတ်ခဲ့။ မက်စ်ဝဲလ်သည် အမေရိကန်ပြည်၊ ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်းတွင် ကြီးပြင်းခဲ့သူဖြစ်ပြီး အသက် ၂၀ ကျော် ကာလများကတည်းက ကိုယ်ခံပညာများ စတင်လိုက်စားခဲ့သည်။

အာရုံစူးစိုက်နိုင်စွမ်း အားနည်းသည့်ရောဂါ (ADHD) ရှိသူဖြစ်ရာ လူ့အဖွဲ့အစည်း၏ သမားရိုးကျ စံနှုန်းများကို ကိုက်ညီအောင် ကြိုးစားရန် အခက်ကြုံခဲ့သည်။

“ကျွန်တော်က ပုံစံခွက်ထဲမှာ ဘယ်တော့မှ အံမဝင်ခဲ့ဘူး။ ကျွန်တော့်ဘဝမှာ ဂီတနဲ့ အနုပညာအပြင် တခြားစိတ်ဝင်စားတာဆိုလို့ ကိုယ်ခံပညာပဲ ရှိပါတယ်” ဟု ယခုအခါ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သူ မက်စ်ဝဲလ်က Business Insider သို့ ပြောသည်။

(▲ မွေထိုင်းလေ့ကျင့်ခြင်းမှာ မက်စ်ဝဲလ်အတွက် ရည်ရွယ်ချက်များ ရှိလာစေသည်။ ဓာတ်ပုံ- Phetchbuncha Samui Stadium)

ကော့စမွေကျွန်းမှ ရှုံးပွဲနောက်ပိုင်း ကိုဗစ်ကပ်ဘေးကာလကြီးနှင့် ရင်ဆိုင်ရရာ မက်စ်ဝဲလ်မှာ အမေရိကန်သို့ ပြန်ကာ လေ့ကျင့်ရေးများ ပြုလုပ်ခဲ့ရသည်။

အမေရိကတွင် နေထိုင်ရမှုဘဝမှာ မလွယ်ကူ။ ကြီးမြင့်လှသော လူနေမှုစရိတ်များ ရရှိရန်အတွက် ညကလပ်များတွင် အလုပ်လုပ်ခြင်း၊ Uber Eats တွင် delivery လုပ်ခြင်းတို့ဖြင့် ရှာဖွေခဲ့ရသည်။

၂၀၂၃ နှစ်ကုန်ပိုင်းတွင် အလုပ်လက်မဲ့ဖြစ်သွားသောကြောင့် ကော့စမွေကျွန်းသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။

((ကော့စမွေသို့ တကျော့ပြန်ခရီး))

ကော့စမွေကျွန်းသို့ ရောက်ချိန်တွင် မက်စ်ဝဲလ်က Lamai Muay Thai ကလပ်သို့ ဝင်ခဲ့သည်။

သို့သော် နိုင်ငံခြားသားဖြစ်သောကြောင့် ထိုင်းတွင် နေထိုင်ရမည့်ကာလမှာ အကန့်အသတ်ရှိသည်။

“တစ်ရက်မှာတော့ ကျွန်တော် Ralph ဆီကို သွားခဲ့ပြီး ဒီမှာ ဆက်လက်နေထိုင်ရပ်တည်နိုင်အောင် ဘယ်လို လုပ်ရမလဲ…လို့ မေးခဲ့ပါတယ်” ဟု မက်စ်ဝဲလ်က ပြောသည်။

Ralph ဆိုသည်မှာ Lamai Muay Thai ကလပ်ပိုင်ရှင် Ralph Beale ကို ရည်ညွှန်းခြင်း ဖြစ်သည်။

Ralph က မက်စ်ဝဲလ်ကို Destination Thailand Visa (သို့မဟုတ်) DTV အကြောင်း ပြောပြခဲ့သည်။

အဆိုပါဗီဇာမှာ ပြီးခဲ့သောနှစ်က စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး digital nomad များ၊ အိမ်မှ အလုပ်လုပ်သူများနှင့် မွေထိုင်းအပါအဝင် ထိုင်းယဉ်ကျေးမှုနှင့် အားကစားကို စိတ်ဝင်စားသူများ လျှောက်ထားနိုင်သည့် ဗီဇာ ဖြစ်သည်။

(▲ Lamai Muay Thai ကလပ်တွင် လေ့ကျင့်ရေးဆင်းနေသော ထိုင်းလူမျိုးများနှင့် နိုင်ငံခြားသားများ။ ဓာတ်ပုံ-Amanda Goh for Business Insider)

Ralph က BI သို့ ပြောပြသည်မှာ ၎င်းတို့၏ ကလပ်က နိုင်ငံခြားသား အားလုံးကို ကြိုဆိုကြောင်း၊ လက်ရှိအားဖြင့် DTV ဗီဇာဖြင့် ကလပ်တွင် လေ့ကျင့်နေသည့် နိုင်ငံခြား ဖိုက်တာ ၁၂ ဦးခန့်ရှိကြောင်း ပြောသည်။

မက်စ်ဝဲလ်၏ မူလအစီအစဉ်မှာ ထိုင်းတွင် တစ်နှစ်ခန့်သာ နေထိုင်ရန်ဖြစ်သည်။

သို့သော် ဗီဇာမှာ ၅ နှစ်သက်တမ်းခွင့်ပြုထားရာ မွေထိုင်းဖြင့် မိမိဘဝကို ပြန်လည်ပုံဖော်ရန် မက်စ်ဝဲလ်က ဆုံးဖြတ်ခဲ့သည်။

မက်စ်ဝဲလ်သည် ထိုင်းပြည်တွင်း မွေထိုင်းပွဲများတွင် Lamai Muay Thai ကလပ်ကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ထိုင်းသို့ လာရောက်ကြသော နိုင်ငံခြား ဖိုက်တာအများစုမှာ ငွေအတွက် လာကြခြင်း မဟုတ်ဘဲ မွေထိုင်း လက်ဝှေ့ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရေးအတွက်သာ လာကြခြင်း ဖြစ်သည်။

ပွဲသေးများတွင် အစွမ်းပြနိုင်ပါက ဘန်ကောက်လိုနေရာမျိုးတွင် ပွဲကြီးယှဉ်ပြိုင်နိုင်မည့် အခွင့်အလမ်းရှိကြောင်း မက်စ်ဝဲလ်က ပြောသည်။

ကော့စမွေတွင် မက်စ်ဝဲလ်ဖြတ်သန်းရသည့်ဘဝမှာ သက်သောင့်သက်သာဖြင့် ဇိမ်ကျသည့် ဘဝမျိုး မဟုတ်။

နေ့စဉ် မနက် ၅ နာရီ အိပ်ရာထကာ တစ်ရက်လျှင် ၂ ကြိမ်၊ တစ်ပတ်လျှင် ၆ ရက် လေ့ကျင့်ရေး ဆင်းရသည်။

မနက် ၅ နာရီ အိပ်ရာထကာ မျက်နှာသစ်ပြီးလျှင် ငှက်ပျောသီးကဲ့သို့ သစ်သီးတစ်မျိုးမျိုး စားပြီးလျှင် လေ့ကျင့်ရေးဆင်းရသည်။

မက်စ်ဝဲလ်နေထိုင်ရသောနေရာမှာ ကလပ်မှ ၅ မိနစ်ခရီးသာ ဝေးကွာသောနေရာရှိ အိမ်တစ်လုံးတွင် အခြား ဖိုက်တာများနှင့် စုပေါင်းနေထိုင်ရခြင်း ဖြစ်သည်။

(▲ အပြင်းအထန် လေ့ကျင့်ရကာ အစားအသောက်မှာလည်း စည်းမျဉ်းတင်းကျပ်စွာ လိုက်နာရသည်။ ဓာတ်ပုံ-Maxwell Wolfe)

(▲ မက်စ်ဝဲလ်သည် အားလပ်ချိန်များတွင် Cybersecurity နှင့် IT အတိုင်ပင်ခံ အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေပြီး ကိုယ်ခံပညာ အားကစားသမားများအတွက် AI app တစ်ခု ထုတ်လုပ်ရန် ကြိုးစားနေသည်။ ဓာတ်ပုံ-Phetchbuncha Samui Stadium)

ကော့စမွေကျွန်းတွင် လူနေမှုစရိတ် သက်သာသဖြင့် မက်စ်ဝဲလ်အတွက် ငွေကြေးအတွက် ဖိအားများစွာမရှိဘဲ ဘဝရည်မှန်းချက်များကို အာရုံစိုက်နိုင်နေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: He worked multiple jobs just to pay rent in the US — so he packed up and moved to Thailand to chase a new life as a fighter Photo Credit- Phetchbuncha Samui Stadium, Maxwell Wolfe, Amanda Goh for Business Insider (AOL) 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service