[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
10 Jun 2025 11:59 am တွင် တင်ခဲ့သည်
626 ကြိမ် ကြည့်ရှု့ပြီး

မည်သည့်အရာမှ မလုပ်ဆောင်ဘဲ ငြိမ်သက်စွာ ထိုင်နေရခြင်းမှာ သာမန်ကြည့်လျှင် ငှက်ပျောသီးကို အခွံနွှာစားရသည့်သဖွယ် လွယ်ကူသည်ဟု မှတ်ထင်စရာရှိသည်။

သို့သော် ထိုမျှလွယ်နိုင်ပါမည်လား။

ငြိမ်ငြိမ်လေးထိုင်နေရုံဖြင့် ဆုရမည်ဆိုလျှင် မည်သို့သဘောရပါသနည်း။

တောင်ကိုရီးယားတွင် “ဘာမှမလုပ်တဲ့ ပြိုင်ပွဲ” (Space-Out Competition) အမည်ရှိ ထူးဆန်းသော ပြိုင်ပွဲတစ်ခု ရှိသည်။

ထိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများမှာ မည်သည့်အရာမှ လုပ်ပြစရာ မလိုချေ။

ပြီးခဲ့သော မေလအတွင်း ကျင်းပခဲ့သော ဧကဒသမမြောက် ဘာမှမလုပ်တဲ့ပြိုင်ပွဲကြိးကို ဆိုးလ်မြို့တော်၊ Jamsu Bridge Banpo Hangang ပန်းခြံအတွင်း ကျင်းပခဲ့ပြီး လာရောက်ကြည့်ရှုသူ ပရိသတ် များပြားခဲ့သည်။

မည်သည့်အရာမှ မလုပ်ဘဲ မလှုပ်မရှား အချိန်ကြာကြာ နေနိုင်မည်ဟု ထင်ပါသလား။

(ဆက်စပ်သတင်း)

မိုက္ကရိုဆော့ဖ်က ဆောက်လုပ်လိုက်သော အသံမဲ့အခန်း ဂင်းနက်စ် စံချိန်တင်၊ မည်သူမှ တစ်နာရီထက် ပိုမနေနိုင်ဟုဆို

https://www.iMyanmarHouse.com/news/read/1054036

(▲ ပြိုင်ပွဲစည်းမျဉ်းမှာ ရိုးစင်းလွယ်ကူသည်။ မည်သည့်အရာမှ မလုပ်ဘဲ၊ မလှုပ်ရှားဘဲ မိနစ် ၉၀ ထိုင်နေရန်သာ ဖြစ်သည်။ ဓာတ်ပုံ-Unsplash/Representative Image)

ယခုနှစ်ပြိုင်ပွဲတွင် အဖွဲ့ပေါင်း ၄၅၄၇ ဖွဲ့အထိ စာရင်းပေးခဲ့သော်လည်း အဖွဲ့ ၈၀ မှ လူပေါင်း ၁၂၆ ဦးသာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း The Korea Times သတင်းဌာနက ဖော်ပြသည်။

ပါဝင်ယှဉ်ပြိုင်သူများတွင် စစ်သည်များ၊ ရေကူးသမားများလည်း ပါဝင်ပြီး Korea Times သတင်းဌာနမှ သတင်းထောက်တစ်ဦးပင် ပါဝင်သည်။

ပြိုင်ပွဲစည်းမျဉ်းမှာ ရိုးစင်းသည် မလှုပ်မရှား၊ မည်သည့်အရာမှ မလုပ်ဘဲ မိနစ် ၉၀ ထိုင်နေရခြင်း ဖြစ်သည်။

ဖုန်းသုံးခြင်း၊ စကားပြောခြင်း၊ အိပ်ပျော်သွားခြင်းများ ခွင့်မပြုချေ။

နှလုံးခုန်နှုန်း တည်ငြိမ်မှု၊ ပွဲလာပရိသတ်တို့၏ မဲပေးမှုတို့ကို အခြေခံကာ အနိုင်ရသူကို ရွေးချယ်သည်။

ပြိုင်ပွဲသို့ ပထမဆုံးရောက်လာသူများတွင် ဥပဒေကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၆၂ နှစ်အရွယ်ရှိ ချွဲအိရို (Choi I-ro) အမည်ရှိ အမျိုးသားကြီးလည်း ပါဝင်သည်။

“ကျွန်တော်ဒီကို လာတဲ့အကြောင်းရင်းက ခေတ္တရပ်နားမှုရဲ့ အရေးကြီးပုံကို ခံစားကြည့်ချင်တာကြောင့် ဖြစ်ပါတယ်” ဟု ချွဲအိရိုက The Korea Times သတင်းဌာနမှ သတင်းထောက်ကို ပြောသည်။

ပြိုင်ပွဲဝင်များထဲတွင် ဂင်ချူးဟာ (Kim Ju-ha) အမည်ရှိ ၈ နှစ်သမီးလေးတစ်ဦးလည်း ပါသည်။

“ငြိမ်ငြိမ်လေးနေရတာမျိုးမှာ သမီးက တော်တော်လုပ်နိုင်တာကို သိလို့ ဒီပြိုင်ပွဲကို ဝင်ခဲ့တာပါ” ဟု ဂင်ချူးဟာက ပြောသည်။

ညနေ ၄ နာရီတွင် ပြိုင်ပွဲစသည်။

၁၅ မိနစ်ခန့် မိတ်ဆက်ခြင်းနှင့် ခေတ္တအကြောလျှော့ခြင်းများ ပြုလုပ်ကြသည်။

ထို့နောက် မိနစ် ၉၀ မလှုပ်မယှက် ငြိမ်ငြိမ်နေရသည့် ပြိုင်ပွဲကြီး စတင်သည်။

The Korean Times သတင်းဌာန၏ ဖော်ပြချက်အရ ပြိုင်ပွဲစီစဉ်ကြီးကြပ်သူတို့သည် ဆရာဝန်များသဖွယ် ဝတ်ဆင်ထားပြီး ပြိုင်ပွဲဝင်နေသူတို့၏ နှလုံးခုန်နှုန်းကို လိုက်လံစစ်ဆေးကြသည်ဟု ဆိုသည်။

ထို့အပြင် ခေတ်ဟောင်းတရားသူကြီးအသွင် ဝတ်ဆင်ထားသူတို့က ပြိုင်ပွဲဝင်များအကြား လှည့်ပတ်သွားလာကာ ငြိမ်ငြိမ်သက်သက် နေထိုင်ခြင်း၊ အိပ်ငိုက်ခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေးကြသည်။

ဂဏာမငြိမ် လှုပ်လှုပ်ရှားရှားလုပ်ခြင်း၊ ကိုယ်အနေအထား ခဏခဏပြောင်းခြင်း၊ စကားပြောခြင်း၊ ရယ်မောခြင်း၊ အိ ပ်ငိုက်ခြင်း၊ နာရီကြည့်နေခြင်း၊ ပြိုင်ပွဲခင်းအတွင်း လိုက်လံကြည့်ရှုနေခြင်း အစရှိသည်တို့ ပြုလုပ်နေသူများ ကို ပထမအကြိမ် သတိပေးသည်။

ဒုတိယအကြိမ် ထပ်မံချိုးဖောက်လျှင် ပြိုင်ပွဲမှ ထွက်ရမည် ဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲတွင် သတိပေးခံရသူ တစ်ဦးသာရှိသည်ဟု ဆိုသည်။

အဆိုပါပြိုင်ပွဲကို ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်မှာ အင်စတာဂရမ်တွင် ဂယက်ရိုက်ပျံ့နှံ့နေသည်။

ပါဝင်ယှဉ်ပြိုင်သူများမှာ လူရွှင်တော်၊ နင်ဂျာ၊ ရဲအရာရှိ အစရှိသည့် ထူးခြားသည့် ဝတ်စားပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်ကို တွေ့ရသည်။

အင်စတာဂရမ်မှ ဗွီဒီယိုဖိုင်မှာ ကြည့်ရှုမှုအကြိမ်ရေ ၄ သန်းကျော် ရှိနေပြီ ဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲတွင် အနိုင်ရသွားသူမှာ ဆိုးလ်မြို့တော်အခြေစိုက် Pogo Attack အမည်ရှိ ပန့်ခ်ဂီတဝိုင်းတစ်ခုမှ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Just Sitting And Doing Nothing? There’s A Competition For That In South Korea

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service