ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ

ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
11 May 2025 11:56 am တွင် တင်ခဲ့သည်
570 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

တရားဝင်သားသမီးရှိလျှင် တရားမ၀င်သော သားသမီးသည် အမွေ ဆက်ခံခွင့် ရှိ/မရှိ သိလိုပါတယ် မေးခွန်းအပါအဝင် အမေးအဖြေများကို ဒီတစ်ပတ်ဥပဒေရေးရာ ကဏ္ဍမှာဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

⚖️ မေးခွန်း (၁) - တရားဝင်သားသမီးရှိလျှင် တရားမ၀င်သော သားသမီးသည် အမွေ ဆက်ခံခွင့် ရှိ/ မရှိ သိလိုပါတယ်။

အမွေနှင့်သက်ဆိုင်ပါက ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓဘာသာဝင်ဥပဒေ၊ မဟာမေဒင်ဖြစ်လျှင် မဟာမေဒင်ဥပဒေ၊ ဟိန္ဒူဘာသာဝင်ဖြစ်လျှင် ဟိန္ဒူဘာသာဝင်ဥပဒေတို့ဖြင့် လိုက်နာကျင့်သုံးရမည်ဖြစ်ပါသည်။ တရားမဝင်မွေးဖွားလာရသော သားသမီးကို ကိဠိတသားသမီးဟု မြန်မာဓလေ့ထုံးတမ်းဥပဒေပုဒ်မ - ၁၅၁ တွင် ဖော်ပြထားပြီး အထင်အရှားမရှိသော သားသမီးကို ဆိုလိုပါသည်။

မိဘအမွေအား မဆက်ခံထိုက်သော သားသမီး(၆)မျိုးမှာလဲ သွာနုတ္တ - မိဘစကားကို နားမထောင်သော ခွေးနှင့် တူသောသားသမီး၊ ဒိန္နက- သူတစ်ပါးကပေး၍ ရသောသား၊ သဟေတ - ဝယ်၍ရသောသား၊ ပုနာနဗ္ဗဝ - မိမိမယားသူ တစ်ပါးနှင့်ရ၍ မွေးဖွားသောသား၊ ကိဠိတ - ကစားမြူးတူးရာရသောသား၊ ဆာတသတ္တ - ထမင်းငတ်မွတ်သည့်အခါ မှီခို လာသောသားဟူ၍ တွေ့ရှိနိုင်ပါသည်။

ကိဠိမသားသမီးမွေးဖွားသည့် မိခင်ဖြစ်သူမှာလဲ ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုနိုင်သလို သက်သေအခိုင်အမာ ပြသ၍ သားသမီးအတွက် ကလေးစရိတ်လဲ တောင်းယူနိုင်ပါသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ - ၄၈၈ တွင်လဲ ကလေးစရိတ်နှင့် စပ်လျဉ်းတွင် ဖော်ပြထားပါသည်။ (ဒေါ်ဟောက်ခန့်ကြောင်နှင့် ဦးနိန်ခိုဝှန်၊ ၁၉၈၀ မတစ ပြစ်မှု ၅၃)။ ကိဠိတသားသမီးသည် မိမိဖခင်၌ တရားဝင်သားသမီး မရှိသည့်အခါမှ အမွေဆက်ခံနိုင်သည့် အခွင့်အရေးရရှိသည်။ ကိဠိတသားသမီးသည် ဖခင်၏ လင်ပါမယားပါ သားသမီးများအား အမွေမှ ဖယ်ရှားခြင်း မပြုနိုင်သော်လည်း ဆွေမျိုးများအား အမွေမှ ပယ်ထုတ်ကာ ၎င်းမှ အမွေဆက်ခံနိုင်သည်။

သားနှင့်သမီး ရပိုင်ခွင့် ခွဲခြားထားခြင်းမရှိသလို ကိုယ်အဂချို့တဲ့နေလျှင်လဲ သားရင်းသမီးရင်းမရှိလျှင် ကိဠိမ သားသမီးသည့် အမွေဆက်ခံနိုင်ပါသည်။

သို့သော်ဖခင်၏ ဇနီးမုဆိုးမထံမှ အမွေပစ္စည်းအား ယှဉ်ပြိုင်၍ တောင်းခံ ခွင့်မရှိဘဲ ဇနီးမုဆိုးမ မရှိတဲ့အခါမှ အမွေဆက်ခံနိုင်မည်ဖြစ်ပါသည်။ လင်မယားနှစ်ဦး အထင်အရှားမွေးဖွားသော သားသမီး နှင့် ကိဠိတသားသမီး အခွင့်အရေးမှာ ကွာခြားမှုရှိပါသည်။ ကိဠိမသားသမီးသည် အပတိဌ သားသမီးများနှင့် မတူပါ။

၎င်းမှာ သားရင်းသမီးရင်း မရှိသည့်အခါ အမွေဆက်ခံရေး၌ ဆွေမျိုးများထက်ဦးစွာ အ‌မွေဆက်ခံခွင့်ရှိကာ ဆွေမျိုးများ အား အမွေမှထုတ်ပယ်ခွင့်ရှိခြင်းပင် ဖြစ်ပါသည်။ ကိဠိမသားသမီးမှာ ဖခင်အား ပြုစုစောင့်ရှောက်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ၎င်းအမွေဆက်ခံခွင့် အခွင့်အရေးမှာ မဆုံးရှုံးပါ။

ထို့ပြင် မအေးမေနှင့် မရွှေသွေးစီရင်ထုံးတွင် ဖခင်ဖြစ်သူမှ မယား ( ၃ ) ယောက်ရှိပြီး ပထမ မယားနှင့် ကွာရှင်းချိန်တွင် ပစ္စည်းခွဲဝေမှုပြုခဲ့ပါသည်။ ပထမ မယားတွင် သမီးတစ်ဦး၊ ဒုတိယမယားမှာ မွေးစားသမီးတစ်ဦးရှိပြီး တတိယ မယားနှင့် အမွေခွဲဝေသောအခါ သမီးနှစ်ယောက်မှာ ဖခင်အား ပြုစုစောင့်ရှောက်သောကြောင့် ဖခင်၏ အမွေပစ္စည်းအား လေးပုံသုံးပုံစီ ရထိုက်ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။

 

⚖️မေးခွန်း (၂) - အမွေဆိုင်(အိမ်၊ခြံ၊) ရောင်းချခြင်း၊ငှါးရမ်းခြင်း ပြုလုပ်လိုပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းပြပါ။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ဓမ္မသတ်ကျမ်းများနှင့် ဓလေ့ထုံးတမ်းဥပဒေများအား အခြေခံ၍ ပြဌာန်းထားခြင်း ဖြစ်ပါသည်။ အမွေဆက်ခံခွင့်အား အဆုံးအဖြတ်ပြုရာတွင်လဲ ဓလေ့ထုံးတမ်းများနှင့် စီရင်ထုံးများအား လေ့လာသုံးသပ်နိုင် ပါသည်။ ဗုဒ္ဓဘာသာကိုးကွယ်ဇနီးမောင်နှံနှစ်ဦးသည် ပစ္စည်းခန်းအား အတူတူပိုင်ဆိုင်သူများအဖြစ် ရှိနေကာ လင်မယား နှစ်ဦးအနက် တစ်ဦးသေဆုံးလျှင် ကျန်တစ်ဦးကသာ ပစ္စည်းအားလုံးအား အမွေဆက်ခံခွင့်ရရှိပါသည်။

မြန်မာဗုဒ္ဓဘာသာဝင်များမှာ သေတမ်းစာရေးခွင့်မရှိပါ။ လင်မယားနှစ်ဦးစလုံး ကွန်လွန်ပြီးနောက်ပိုင်းတွင်တော့ ၎င်းတို့အမည်ပေါက် အိမ်ခြံမြေမှာ သားသမီးတို့၏အမွေပုံပစ္စည်းဖြစ်ပါသည်။ မိသားစုအားလုံး သဘောတူညီမှုဖြင့် မိဘများရှိနေစဉ် မိသားစုစီမံမှု မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ သဘောတူညီမှု ကြိုတင်ပြုထားနိုင်ပြီး မိသားစု စုံလင်စွာ ပါဝင်ခြင်း၊ မိသားစုမှလွှဲ၍ အခြားသူများ မပါဝင်ဘဲ စာချုပ်ချုပ်ဆိုမှသာ ထိုစာချုပ်မှာ အမွေဆက်ခံရေးအတွက် အတည် ဖြစ်မည်ဖြစ်ပါသည်။

မိသားစုစီမံမှုစာချုပ် သဘောတူချုပ်ဆိုပြီးပါက အဆိုပါစာချုပ်အား လက်မှတ်ရေးထိုး ချုပ်ဆိုသူများအားလုံးမှာ ငြင်းဆိုခွင့်၊ ပယ်ဖျက်ခွင့်မရှိပါ။ အဆိုပါစာချုပ်မှာ မိဘနှစ်ဦး ကွန်လွန်ပြီးနောက်ပိုင်းမှာ အတည်ဖြစ်ကာ စာချုပ်ပါ အချက် အလက်အတိုင်း အမွေရရှိမည် ဖြစ်ပါသည်။ (မသစ်နှင့် မောင်တိုးအောင်) စီရင်ထုံးတွင်လဲ အမွေရှင်ဖြစ်သူ မိဘမသေ ဆုံးခင် အမွေပစ္စည်းအပေါ်တွင် တရားစွဲဆို တောင်းခံပိုင်ခွင့်မရှိကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။

မိသားစုစီမံမှုကို နှုတ်ဖြင့် ပြုလုပ်နိုင်သော်လည်း တန်ဖိုးငွေတစ်ရာထက်ပိုသော မရွှေ့ပြောင်းနိုင်သောပစ္စည်းပါလျှင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှ တရားဝင် သဘောတူညီချက်ဖြစ်မည်ဖြစ်ပါသည်။ အမွေ၏သဘောမှာ အောက်သို့ စုန်ခြင်းဖြစ်ပြီး အထက်သို့မဆန်နိုင်သည်ကိုလဲ သိရှိထားရပါမည်။ သွေးနီးသူများမှ သွေးဝေးသူများကို အမွေမှ ပယ်နိုင်ပါသည်။

မိသားစုစီမံမှု ကြိုတင်မပြုလုပ်ထားလျှင်လဲ မိသားစုအားလုံးသဘောတူညီမှုဖြင့် ကွယ်လွန်သူ၏ အိမ်ခြံမြေအား ရောင်း/ငှားခြင်း ပြုလုပ်ထားနိုင်ပါသည်။ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်အတွက် ဦးစွာ မိသားစုစုံလင်စွာ မြေပုံ/မြေရာဇဝင်ကူးယူရပါမည်။ အရောင်းအဝယ် တပါတည်းပြုလုပ်လိုပါက အရောင်းမြေပုံပါ ပူးတွဲ ထုတ်ယူရပါမည်။ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း၊ မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ ဂရန်မူရင်း ၊ မှတ်ပုံတင် စာချုပ်များ၊ သေစာရင်း၊ ကျမ်းကျိန်လွှာ၊ ဘေးပတ်ဝန်းကျင်၏ ထောက်ခံချက် ၊ တရားရုံး အမိန့်ရှိလျှင် အမိန့် ဒီဂရီတို့ဖြင့် တင်ပြလျှောက်ထားရပါမည်။

စည်ပင်သာယာရေး ကော်မတီ၊ မြေယာစီမံခန့်ခွဲမှုအဖွဲ့မှ ကန့်ကွက်ရှိမရှိ သတင်းစာကြေညာခြင်း၊ ရပ်ကွက်ရုံး၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကြေညာစာကပ်စေခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပါသည်။ ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းအား ကန့်သတ်သည့်ဥပဒေနှင့် ညှိစွန်းမှုမရှိရန်လဲ လိုပါသည်။ မြေပုံထုတ်ယူနိုင်လျှင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း မြွတ်ဟမှတ်ပုံတင်စာချုပ်အား မှတ်ပုံတင်ရုံးတွင် ဆက်လက် ချုပ်ဆို၍ တရားဝင်အရောင်းအဝယ်ပြုနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

⚖️မေးခွန်း (၃) - လယ်ယာမြေကို အရပ်စာချုပ်နဲ့ အရောင်းအဝယ် လုပ်နေတာ တရားဝင်ပါသလား၊ ပုံစံ (၇) ရှိရှိ မရှိရှိ လယ်ယာမြေကို အရောင်းအဝယ် လုပ်လို့ ရပါသလား။

လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးမြေ၊ မြေနုကျွန်းမြေကို ဆိုလိုပြီး လယ်မြေဆိုသည်မှာ စပါးသီးနှံ အဓိက စိုက်ပျိုးသောမြေကို ဆိုလိုပါသည်။

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ - ၆ အရ လယ်ယာမြေအား အမှန်တကယ် အသက်မွေးကျောင်း အဖြစ် လက်ရှိလုပ်ကိုင်သူ (သို့) အိမ်ထောင်စုတွင် ပါဝင်သူသော အုပ်ထိန်းသူမှ နိုင်ငံသားဖြစ်ပြီး အသက် - (၁၈နှစ်)ပြည့်သူ ဖြစ်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ - ၇ အား လျှောက်ထားခြင်း ပြုနိုင်ပါသည်။ လယ်ယာမြေလုပ် ပိုင်ခွင့်လက်မှတ် ရရှိသူမှသာ ပုဒ်မ - ၉ (ခ) အရ လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေး ထမ်းဆောင်၍ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်ရှိပြီး မှတ်ပုံတင်စာချုပ်ဖြင့် အရောင်းအဝယ်ပြုမှသာ ဝယ်ယူသူအမည်ပြောင်း ပုံစံ - ၇ လျှောက်ထားရယူနိုင် ပါသည်။

လယ်ယာမြေကို လက်ရှိအသုံးပြုနေသူသာ လယ်ယာမြေနည်းဥပဒေပုဒ်မ - ၃ အရ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာပုံစံ-၁ ဖြင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှတဆင့် စိုက်ပျိုးဧက ကိန်းဂဏာန်း မှန်ကန်စွာ ပုံစံ-၇ လျှောက်ထားရယူနိုင်ပြီး ပုံစံ-၇ ရရှိထားသော လယ်ယာမြေသာ တရားဝင်လွှဲပြောင်း ရောင်းချခွင့်ရှိပါသည်။ နည်းဥပဒေပုဒ်မ - ၁၁၄ တွင်လဲ လယ်ယာမြေလုပ်ခွင့်ပြုလက်မှတ် လျှောက်ထားခြင်းမရှိပါက လယ်ယာမြေအား လုပ်ပိုင်ခွင့်ရှိသူအဖြစ် သတ်မှတ်ခြင်းမခံရသလို၊ လယ်ယာမြေအတွက် အခွင့်အရေးတစ်စုံတစ်ရာလဲ ရပိုင်ခွင့်မရှိကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် လယ်ယာမြေနှင့်စပ်လျဉ်း၍ အငြင်းပွှားမှုများ ပေါ်ပေါက်သည့်အခါ နှင့် တရားစွဲဆိုမှုအား ဖြေရှင်းဆောင် ရွက်ရသည့်အခါများတွင်လဲ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် တရားရုံးအဆင့်ဆင့်မှ ပုံစံ-၇ ထွက်ရှိထားခြင်းရှိမရှိ စီစစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service