ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်နှင့် ရုပ်ရှင်မင်းသမီး ဂွင်းနက် ပက်ထရိုးတို့စံအိမ်များအနီး ဒိတ်ဒိတ်ကြဲ အိမ်နီးချင်းသစ်တစ်ဦးတိုးလာ - Property News in Myanmar from iMyanmarHouse.com
3 Apr 2025 11:13 am တွင် တင်ခဲ့သည်
392 ကြိမ် ကြည့်ရှု့ပြီး

ဒိတ်ဒိတ်ကြဲကြယ်ပွင့်များ အခြေချနေထိုင်သော ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တီစီတိုမြို့သို့ အခြားထိပ်သီးကြယ်ပွင့်တစ်ဦး ထပ်မံရောက်ရှိလာသည်။ ထိုသူကား ဂျနီဖာ အန်နစ္စတန် ဖြစ်သည်။

အသက် ၅၆ နှစ်ရှိပြီဖြစ်သော ဂျနီဖာ အန်နစ္စတန်သည် မွန်တီစီတိုတွင် အော်ပရာဝင်းဖရေး၏ နေအိမ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ကန်ဒေါ်လာ ၁၄ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဂျနီဖာ အန်နစ္စတန်သည် အဆိုပါ စံအိမ်ကို ဝယ်ယူပြီးနောက်ပိုင်း ပြန်လည်ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်နေခဲ့သည်။

စံအိမ်တွင် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်းအပြင် ရေကူးကန်တစ်ခုလည်း ပါဝင်သည်။

မကြာသေးမိက ထွက်ပေါ်လာခဲ့သော ကောင်းကင်ဓာတ်ပုံများအရ အဆိုပါစံအိမ်တွင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသည်မှာ လက်စသတ်တော့မည်ဖြစ်ကြောင်း တွေ့ရသည်။

ဂျနီဖာ အန်နစ္စတန်က ယခုအိမ်ကို သူ၏ ပင်မနေအိမ်အဖြစ် အသုံးပြုသွားဖွယ်ရာ ရှိသည်ဟူသော ခန့်မှန်းချက်များလည်း ထွက်ပေါ်နေသည်။

(ပုံတွင်တွေ့ရသည်မှာ ဂျနီဖာအန်နစ္စတန် မဝယ်သေးမီက ရိုက်ကူးထားသော မြင်ကွင်းဖြစ်ပြီး ယခင်က အော်ပရာဝင်းဖရေး ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်သည်။ ဓာတ်ပုံ-BACKGRID)

(▲ ကောင်းကင်ဓာတ်ပုံများအရ ဂျနီဖာအန်နစ္စတန်သည် စံအိမ်ဝန်းအတွင်း ရေကူးကန်တစ်ခု ဖြည့်သွင်း ဆောက်လုပ်ခဲ့ပုံကို တွေ့ရသည်။ ဓာတ်ပုံ-BACKGRID)

(▲ ဂျနီဖာ အန်နစ္စတန်သည် နေအိမ်ကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေမှုမှာ အပြီးသတ်လုရှိသည်ကို တွေ့ရပြီး အဆိုပါစံအိမ်တွင် အမြဲအခြေချနေထိုင်ဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်နေ သည်။ ဓာတ်ပုံ-BACKGRID)

(▲ ဂျနီဖာ အန်နစ္စတန်သည် လက်ရှိအားဖြင့် လော့စ်အိန်ဂျလိမြို့တွင် နေထိုင်နေသည်။ အန်နစ္စတန် သည် လော့စ်အိန်ဂျလိမြို့၊ Bel Air အရပ်ရှိ စံအိမ်တွင် ၂၀၁၂ ခုနှစ်ကတည်းက နေထိုင်နေခြင်း ဖြစ်သည်။ ဓာတ်ပုံ-AFP Via Getty Images)

ဂျနီဖာ အန်နစ္စတန်၏ လော့စ်အိန်ဂျလိစံအိမ်မှာ ကန်ဒေါ်လာ ၂၁ သန်းခန့် တန်ကြေးရှိသည်။

မကြာသေးမီ ကာလများအတွင်း လော့စ်အိန်ဂျလိကို ကျောခိုင်းသည့် ထိပ်သီးကြယ်ပွင့်များ အများအပြား ရှိခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း ဂွင်းနက်ပက်ထရိုးက Tinseltown ရှိ သူ၏နေအိမ်ကို အရောင်းဈေးကွက်တင်ခဲ့ပြီး မွန်တီစီတိုသို့ ပြောင်းရွှေ့ခဲ့သည်။

လော့စ်အိန်ဂျလိကို ကျောခိုင်းသွားသူများတွင် Cameron Diez နှင့် Adam Levine တို့လည်း အပါအဝင် ဖြစ်သည်။

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့သည် မွန်တီစီတိုတွင် ၂၀၂၀ ပြည့်နှစ်ကတည်းက အခြေချနေထိုင်နေခြင်း ဖြစ်သည်။

ဂျနီဖာ အန်နစ္စတန်နှင့် ဂွင်းနက်ပက်ထရိုးတို့သည် နီးကပ်သော ဆက်ဆံရေးရှိကြသည်ဟု လူသိများသည်။

ယခုအခါ ၎င်းတို့မှာ မီဂန်မာကယ်နှင့်လည်း အိမ်နီးချင်းများ ဖြစ်လာကြသည်။

(▲ ဂျနီဖာ အန်နစ္စတန်၏ မွန်တီစီတို စံအိမ်မှာ မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အကျယ်အဝန်း စတုရန်းပေ ၄၃၂၀ ရှိကာ ပင်လယ်ပြင်၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ- BACKGRID)

(▲ အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါသော စံအိမ်ဖြစ်ပြီး ယခင်က အော်ပရာ ဝင်းဖရေး ပိုင်ဆိုင်ခဲ့ သည်။ အော်ပရာ ဝင်းဖရေးမှာ ယခုအခါ အနီးရှိ ပိုမိုကြီးမားသော စံအိမ်တစ်လုံးတွင် နေထိုင်လျက် ရှိသည်။ ဓာတ်ပုံ-BACKGRID)

(▲ ဂွင်းနက်ပက်ထရိုးက Tinseltown ရှိ စံအိမ်ကို ရောင်းချပြီး မွန်တီစီတိုသို့ ပြီးခဲ့သောနှစ်အတွင်း ပြောင်းရွှေ့ခဲ့သည်။)

(▲ ဂွင်းနက်ပက်ထရိုးနှင့် ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်တို့မှာ မွန်တီစီတိုတွင် မိတ်ဆွေသူငယ်ချင်းများ ဖြစ်နေကြသည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meghan Markle and Gwyneth Paltrow are getting a new neighbor: Jennifer Aniston puts finishing touches on $15M Montecito mansion Photo Credit-BACKGRID, AFP Via Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service