တရုတ်ပြည်တွင် စားသောက်ဆိုင်တစ်ခုက ကြက်ကင်တစ်ခြမ်းကို ယွမ် ၄၈၀ (ကန်ဒေါ်လာ ၆၆) အထိ ကြောက်ခမန်းလိလိဈေးဖြင့် ရောင်းချ၊ ကြက်များကို တေးဂီတ၊ နွားနို့တို့ဖြင့် ကြီးပြင်းစေသောကြောင့် ဈေးကြီးခြင်းဖြစ်သည်ဟုဆို

တရုတ်ပြည်တွင် စားသောက်ဆိုင်တစ်ခုက ကြက်ကင်တစ်ခြမ်းကို ယွမ် ၄၈၀ (ကန်ဒေါ်လာ ၆၆) အထိ ကြောက်ခမန်းလိလိဈေးဖြင့် ရောင်းချ၊ ကြက်များကို တေးဂီတ၊ နွားနို့တို့ဖြင့် ကြီးပြင်းစေသောကြောင့် ဈေးကြီးခြင်းဖြစ်သည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Mar 2025 11:12 am တွင် တင်ခဲ့သည်
356 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် စားသောက်ဆိုင်တစ်ခုသည် ကြက်တစ်ခြမ်းကို ယွမ် ၄၈၀ (၆၆ ဒေါ်လာ) အထိ ကြောက်ခမန်းလိလိ မြင့်မားသောဈေးဖြင့် ရောင်းချလျက်ရှိသည်။

ထိုသို့ ဈေးကြီးရခြင်းမှာ ကြက်များကို တေးဂီတ၊ နွားနို့တို့ဖြင့် မွေးမြူကြီးပြင်းစေသောကြောင့်ဖြစ်သည်ဆို ပြောဆိုမှုအပေါ် တရုတ်ပြည်တွင်း လူမှုကွန်ရက်သုံးစွဲသူတို့က ဝေဖန်လျက်ရှိကြသည်။

Shanghai Club ဟု အမည်ရသော အဆိုပါစားသောက်ဆိုင်၏ customer တစ်ဦးက မတ်လ ၁၄ ရက်တွင် လူမှုကွန်ရက်၌ ဗွီဒီယိုဖိုင်တစ်ခုတင်ခဲ့ရာ ကြည့်ရှုသူ ၄ သန်းကျော် ရှိခဲ့သည်။

ဗွီဒီယိုဖိုင်ရိုက်ကူးသည့် အမျိုးသားက ပြောသည်မှာ ပန်းကန်တစ်ချပ်ပေါ်တင်ထားသည့် ကြက်သားဟင်းလျာ ပွဲငယ်တစ်ခုမှာ ယွမ် ၄၈၀ (၆၆ ဒေါ်လာ) အထိ ပေးရသည်ဟု ဆိုသည်။

အဆိုပါ customer အမျိုးသားမှာ စီးပွားရေးလုပ်ငန်းရှင်၊ influencer တစ်ဦးဖြစ်ပြီး လူမှုကွန်ရက်တွင် follower ၂၇၀၀၀၀ ကျော် ရှိသူဖြစ်သည်။

Shanghai Club မှ ကြက်တစ်ခြမ်း၏ ဈေးနှုန်းကို ထိုအမျိုးသားမှာ တုန်လှုပ်အံ့အားသင့်သွားခဲ့ပြီး စားသောက်ဆိုင် ဝန်ထမ်းကို ခေါ်ယူကာ အဆိုပါကြက်မှာ အမှန်တကယ် ဂီတနားထောင်၊ နွားနို့တိုက်ကာ မွေးမြူထားခြင်း ဟုတ်၊ မဟုတ် မေးမြန်းခဲ့သည်။

(Shanghai Club မှ ကြက်များမှာ နေကြာခင်းများ၏ အလယ်ရှိ မွေးမြူရေးခြံတစ်ခုတွင် မွေးမြူထားခြင်း ဖြစ်သည်။ ဓာတ်ပုံ-ctdsb.net)

ဆိုင်ဝန်ထမ်းက ပြောသည်မှာ ကြက်များကို ထိုအတိုင်းမွေးမြူထားသည်မှာ မှန်ကန်ကြောင်း၊ နေကြာပန်းကြက်ဟု ခေါ်သည့် ရှားပါးမျိုးစိတ်ဖြစ်ကာ တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်ရှိ မွေးမြူရေးခြံတွင် မွေးမြူခြင်းဖြစ်သည်ဟုဆိုသည်။

ထိုကြက်ခြံက အွန်လိုင်းတွင် မိတ်ဆက်ရေးသားထားမှုအရ နေကြာပန်းကြက်ကို နေကြာပင်၏ ရိုးတံများမှ ထုတ်ယူထားသောအဆီနှင့် အပွင့်မအောင်သော နေကြာပန်းတို့ ကျွေးမွေးကာ မွေးမြူထားခြင်းဖြစ်ကြောင်း၊ နေကြာပန်းကိုလည်း စီးပွားဖြစ်ထုတ်လုပ်သည့်ခြံဖြစ်ကြောင်း ဖော်ပြသည်။

ဧကရာဇ်ကြက်ဟုလည်း လူသိများသော ၃ ချက်ဝါကြက်သည် Michelin-starred စားဖိုမှူးတို့ကြား အသုံးများသည်။

နှုတ်သီး၊ အရေပြားနှင့် ခြေထောက် အစရှိသည့် ၃ နေရာ အဝါရောင်ဖြစ်သောကြောင့် ထိုသို့အမည်တွင်ခြင်း ဖြစ်သည်။

၃ ချက်ဝါကြက်ကို ကြက်ကောင်လုံးကင် (သို့မဟုတ်) ကြက်ပေါင်းပြုလုပ်ပါက လျှာရင်းမြက်အောင် အရသာထူးကဲကာ နူးညံ့လှသည်ဟု ဆိုသည်။

(ကြက်ကောင်လုံးဆိုလျှင် တစ်ပွဲလျှင် ဒေါ်လာ ၁၄၀ ခန့်အထိ ပေးရနိုင်သည်။ ဓာတ်ပုံ-ctdsb.net)

နေကြာပန်းကြက်မှာ ဈေးပိုကြီးသည်။

၁ ကီလိုလျှင် ယွမ် ၂၀၀ ကျော် (၂၈ ဒေါ်လာ) အထိ ပေးရသည်ဟု ဆိုသည်။

နေကြာပန်းကြက် ကောင်လုံးပေါင်း (သို့မဟုတ်) ကောင်လုံးကင်ဆိုလျှင် ယွမ် ၁၀၀၀ ကျော် (ဒေါ်လာ ၁၄၀) ခန့်အထိ ပေးရနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China restaurant sells half chicken ‘raised on music, milk’ for US$66, triggers online taunts Photo Credit-ctdsb.net

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...

[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ

American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...

ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service