ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (Kurt Cobain ၏ ဇနီး) လည်း ပါဝင်လာ၊ Courtney Love က လော့စ်အိန်ဂျလိမှနေအိမ်ကို ရောင်းချကာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူရန်စီစဉ်

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (Kurt Cobain ၏ ဇနီး) လည်း ပါဝင်လာ၊ Courtney Love က လော့စ်အိန်ဂျလိမှနေအိမ်ကို ရောင်းချကာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
20 Mar 2025 11:15 am တွင် တင်ခဲ့သည်
1435 ကြိမ် ကြည့်ရှု့ပြီး

အော်တာနေးတစ်ဂီတ၏ ဖခင်ကြီးဖြစ်သော Nirvana မှ Kurt Cobain (၁၉၉၄ ခုနှစ်တွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ကာ အဆုံးစီရင်သွား) ၏ ကျန်ရစ်သူဇနီး Courtney Love သည် အမေရိကကို ကျောခိုင်းရန် စီစဉ်နေသည်။

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအနိုင်ရကာ အိမ်ဖြူတော်သို့ ပြန်ရောက်လာသောကြောင့် အမေရိကန်ပြည်ကို ကျောခိုင်းထွက်ခွာသွားကြသော အကျော်အမော်ကြယ်ပွင့်များတွင် Courtney Love လည်း ပါဝင်လာခြင်း ဖြစ်သည်။

Courtney Love က ဇာတိနိုင်ငံကို အပြီးအပိုင်ကျောခိုင်းကာ ဗြိတိန်သို့ ပြောင်းရွှေ့ အခြေချရန် စီစဉ်နေကြောင်း ဗြိတိန်သို့ ရောက်ရှိနေချိန်အတွင်း တော်ဝင် ဘူမိဗေဒအသင်းတွင် ပြောခဲ့ခြင်း ဖြစ်သည်။

Courtney Love မှာ အမေရိကန်ပြည်၊ ဆန်ဖရန်စစ္စကိုမြို့တွင် မွေးဖွားသူ ဖြစ်သည်။ အမေရိကတွင် ဒေါ်နယ်ထရမ့်လုပ်ဆောင်နေသည့် ခြေလှမ်းများမှာ ကြောက်ရွံ့တုန်လှုပ်ဖွယ်ကောင်းကြောင်း Courtney Love က ပြောသည်။

“ဒီမှာနေရတာ အရမ်းကောင်းပါတယ်။ ကျွန်မ ၆ လအတွင်းမှာ ဗြိတိန်နိုင်ငံသားအဖြစ်ကို ရရှိမှာ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ပြီးရင် ကျွန်မကို ကုတ်နဲ့ကော်ထုတ်လို့တောင် ဒီကနေ မထွက်တော့ပါဘူး”

အမေရိကကို ကျောခိုင်းရခြင်းမှာ ထရမ့်အစိုးရအဖွဲ့ကြောင့်ဖြစ်ကြောင်းလည်း Courtney Love က ပြောသည်။

“ထရမ့်လက်ထက်….အထူးသဖြင့် အခုအစိုးရအဖွဲ့ဟာ သက်ဦးဆံပိုင် ဧကရာဇ်တွေလိုပါပဲ။ သူတို့ဟာ ဒေါ်လာ သန်းချီတန် လက်ပတ်နာရီတွေ ဝတ်ကြတယ်။ မာရာလာဂို (ထရမ့်၏ မန်ဘာသီးသန့်ကလပ်နှင့် စံအိမ်) မှာ သက်ဦးဆံပိုင် ဧကရာဇ် ယဉ်ကျေးမှုကြီး ဆက်ပြီး ထွန်းကားနေပါတယ်။ ဒါက တုန်လှုပ်ဖို့ကောင်းပါတယ်။ လူတွေအတွက် အန္တရာယ်ကြီးတဲ့ ဆိုင်ယာနိုက် အဆိပ်လိုမျိုးပါပဲ”

 

 

(▲ မကြာမီတွင် ဗြိတိန်နိုင်ငံသားအဖြစ် ရရှိတော့မည်ဖြစ်ကြောင်း Kurt Cobain ၏ ကျန်ရစ်သူဇနီးဖြစ်သည့် Courtney Love က ပြောသည်။ ဓာတ်ပုံ-Vinnie Zuffante/ Getty Images)

 

 

(▲ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခြင်းကြောင့် အမေရိကန်ကို ကျောခိုင်းထွက်ခွာခြင်း ဖြစ်ကြောင်း Courtney Love က ပြောသည်။ ဓာတ်ပုံ-Nicholas Hunt/ Getty Images)

 

Courtney Love သည် ဒေါ်နယ်ထရမ့်ကို အပြင်းအထန်ဝေဖန်သူအဖြစ် ကျော်ကြားနေသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်သည်။

Courtney Love သည် ၂၀၁၉ ခုနှစ်အတွင်းကလည်း ဗြိတိန်တွင် ရွှေ့ပြောင်းနေထိုင်ခဲ့ဖူးသည်။

ယခုအခါတွင်မူ ဗြိတိန်မှာ မိမိ၏ အမြဲအခြေချနေထိုင်မည့်နေရာဖြစ်လာတော့မည်ဖြစ်ကြောင်း Courtney Love က ပြောသည်။

လန်ဒန်ကို ချစ်ကြောင်း Courtney Love က ယခင်ကလည်း ပြောခဲ့ဖူးသည်။

၂၀၁၇ ခုနှစ်အတွင်း Evening Standard သတင်းဌာနသို့ “အဲဒီမှာ အခြေကျလိမ့်မယ်ဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မ အခြေချမယ့်နေရာကိုလည်း သိတယ်။ သိမ်းမြစ်ကမ်းဘေးမှာ နေချင်တယ်ဆိုတာ ကျွန်မ သိပါတယ်” ဟု ပြောခဲ့ဖူးသည်။

Courtney Love သည် Hole အမည်ရှိ တေးဂီတအဖွဲ့ကို ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရှေ့ထွက် အဆိုတော်၊ ဂစ်တာသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ရာမှ စတင်နာမည်ကြီးခဲ့သည်။

Courtney Love သည် အဆိုပါအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။ Hole မှာ ၂၀၀၂ ခုနှစ်တွင် ပြိုကွဲသွား သည်။ သို့သော် ၂၀၁၀ တွင် ပြန်လည်ပေါင်းစည်းခဲ့ကြပြီး ၂၀၁၃ အထိ ပြန်လည်လက်တွဲခဲ့ကြသေးသည်။

၁၉၉၂ ခုနှစ်တွင် အော်တာနေးတစ်ဂီတဖြင့် ကမ္ဘာကို ကိုင်လှုပ်ခဲ့သော Nirvana အဖွဲ့ကြီးမှ အဆိုတော် Kurt Cobain နှင့် Courtney Love တို့ လက်ထပ်သည့်သတင်းမှာ ထိုစဉ်က ကမ္ဘာ့ထိပ်တန်းသတင်းထူးကြီးတစ်ခု ဖြစ်ခဲ့ဖူးသည်။

Cobain နှင့် Courtney Love တို့စုံတွဲမှ Frances Bean Cobain အမည်ရှိ သမီးတစ်ဦး ထွန်းကားသည်။

 

 

(▲ Cobain နှင့် Courtney Love တို့သည် ၁၉၉၄ ခုနှစ်တွင် ဆီယက်တဲမြို့မှ နေအိမ်တစ်လုံးကို ဒေါ်လာ ၁ ဒသမ ၄၈ သန်းဖြင့် ဝယ်ယူကာ အခြေချနေထိုင်ခဲ့ကြသည်။ အဆိုပါနေအိမ်ဝယ်ယူပြီး ၃ လအကြာတွင် Cobain က နေအိမ်အတွင်း မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်သွားခဲ့သည်။ ဓာတ်ပုံ-Michael THURSTON/ AFP via Getty Images)

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Courtney Love Becomes Latest Celebrity To Quit U.S. in the Wake of Donald Trump’s White House Return Photo Credit- Michael THURSTON/ AFP via Getty Images, Nicholas Hunt/ Getty Images, Vinnie Zuffante/ Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service